Main menu

HighLight News

Powered by Drupal

မြေပြင်တွင် စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ၂၅-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)နာရီအချိန်တွင် မြို့နယ်အသီးသီးရှိ မြေပြင်တွင် စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်များရှိ မြို့မဈေးများမှ ကုန်စုံဆိုင်များဖြစ်သော ဒေါ်ဝင်းဝင်းငယ်၊ ဒေါ်အေးအေးနွယ်၊ ဦးအောင်သန်း၊ ဦးစတီး၊ ဦးနေအောင်၊ ဒေါ်ညို၊ ဦးသိန်းသန်းစိုးနှင့် ဒေါ်ခင်မြင့်ကြည်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအပေါ်  (၂%)အမြတ်၊ သယ်ယူစရိတ်+ လုပ်သားခတွက်ချက်၍ ရောင်းချပါကြောင်း၊ ယခုအခါ ဆီအဝယ်များသောကြောင့် စားသုံးသူပြည်သူများအားလုံးရရှိစေရန် ကတ်စနစ်များဖြင့် ရောင်းချနေကြောင်း၊ နံနက်စောစောပိုင်းတွင် ကတ်ဝေပေးပြီး နေ့လယ်ပိုင်းရောက်ချိန်တွင် စနစ်တကျရောင်းချပေးကြောင်း၊ အလေးချိန်ပြည့်ဝစွာရောင်းပေးပြီး လက်ကျန်မထားဘဲ တစ်နေ့စာ တစ်နေ့ ကုန်အောင်ရောင်းချလျက်ရှိပကြောင်း ကွင်းဆင်းစစ်ဆေးသိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦးသည် ၂၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးသို့ စားအုန်းဆီခွဲတမ်းရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် မေဇင်ကုမ္ပဏီတာဝန်ရှိသူ ဦးသက်ထွန်းပါ (၃)ဦး၊ စည်ပင်သာယာမှ တာဝန်ရှိသူ(၁)ဦးပူးပေါင်းအဖွဲ့ဖြင့် ကုန်စုံဆိုင်များဖြစ်သော ဦးအောင်ကျော်ထူး ဆိုင်အမှတ်(B2,7မှ 8)၊ ဒေါ်နွယ်နွယ်အောင် ဆိုင်အမှတ်(B2, 26 မှ 28)၊ ဦးခင်ဝင်း ဆိုင်အမှတ် (B1, 35 မှ 36)များကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီများကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေး (၂%)အမြတ်၊ သယ်ယူစရိတ်+လုပ်သားခတွက်ချက်၍ရောင်းချရန် ညွှန်ကြားခဲ့ပြီး စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

   ရန်ကုန်တို်ငးဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်မှ မင်းပိုင်ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင်းအရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်ဝယ်ယူ စေနိုင်မှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတိုင်ကြားနိုင်စေမှုစသည့် စားသုံးသူကာကွယ်ရေးအချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှု များမရှိစေရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲသင့်ကြောင်း စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ စသည်တို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Olive Pharmacecrtical Co., ltd အား ပူးပေါင်းအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးဝင်းထွန်း၊ ဆေးအသင်းမှဒေါက်တာဝင်းမာပြည့် စသည့်ဌာနများ ပူးပေါင်း ၍ ၂၁.၆.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ်(၈၅၀) ဘုရင့်နောင် လမ်းနှင့်နီလာလမ်းထောင့် (၃၆) ရက်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ  Olive Pharmacecrtical  Co., ltd  မှ ‌ဒေါ်ထက်ထက်အောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ဆေးကုမ္ပဏီအတွင်းရှိ ဆေးများစစ်ဆေးရာတွင် ဆေး(၅၀)မျိုးရှိပြီး အဆိုပါဆေးများ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့် ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

ဘီးလင်းမြို့နယ်ရှိ ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်း

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၁-၆-၂၀၂၄ ရက်နေ့တွင် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဘီးလင်းမြို့နယ်ရှိ ဆန်ဆိုင်ကြီးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂၄-၆-၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ နီလာဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာရောင်းချနေကြောင်း တွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၁-၆-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ မောင်ငံရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်၊ ဈေးကြိုရပ်ကွက်တို့ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဆန်များဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့၌ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၂၄-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုး၌ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

       ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဆီများမှာ ပုဇွန်နှစ်ကောင် စားဆီများကိုသာရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီများကိုလည်း အနည်းငယ်ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး ဆီဘူးများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများဖော်ပြလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)

အောင်မင်္ဂလာဈေးနှင့်ရေဥက္ကံဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၄)ဦးသည် ၂၁-၆-၂၀၂၄ ရက်နေ့တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အောင်မင်္ဂလာဈေးနှင့် ရေဥက္ကံဈေးသို့သွားရောက်၍ စားအုန်းဆီများကို အကန့်အသတ်ဖြင့်ရောင်းချနေပြီး လိုသလောက် ဝယ်မရသတင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် အောင်မင်္ဂလာဈေးမှ ဈေးတာဝန်ခံ ဦးထွန်းထွန်းအေးပါ (၃)ဦးတို့ပူးပေါင်းပါဝင်လျက် ဈေးတွင်းရရှိသောစားအုန်းဆီများကို ဈေးအတွင်းကုန်မျိုးစုံဆိုင်(၉)ဆိုင်အား ခွဲဝေပေးခဲ့ပြီး ဈေးတွင်းရရှိသော ကုန်စုံဆိုင်များရှိ ဆိုင်တိုင်း၌ Venyl များလည်းချိတ်ဆွဲထားပြီး ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချပေးပြီး ကပ်များဖြန့်ဝေပေးခြင်းဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းရောင်းချပေးလျက်ရှိကြောင်း၊ အလေးချိန်ကိုလည်း ပြည့်ဝစွာချင်တွယ်ပေးကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

လွိုင်လင်မြို့တွင် စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြောပွဲကျင်းပပြုလုပ်

       ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ၂၀၂၄ခုနှစ် ၊ဇွန် လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့၊ ပန်ဝိုးကျေးရွာ၊ ဟွေဟောင်းအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၇၀) ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ  ဦးသန်းတိုး (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

 

Pages

Subscribe to RSS - HighLight News