မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၇-၆-၂၀၂၄ ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ Ocean Super Center၊ K-Mart Mini Market နှင့်ဝံဈေးများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ Ocean Super Center၊ K-Mart Mini Market နှင့် ဝံဈေးများတွင် ပြည်တွင်းစားဆန်များကို ပြည်သူများသက်သာလွယ်ကူစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်ကောင်တာများပုံမှန်ဖွင့်လှစ်ရောင်းချစေရေး၊ ကုန်စည်ပြတ်လပ်မှုမရှိအောင် ဝယ်ယူရောင်းချစေရေး၊ MRF ၏ သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတွင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါဈေးဝယ်စင်တာများတွင် ဆန်ကောင်တာများဖွင့်လှစ်ပြီး 2 Kg, 5 Kg, 10 Kg, 25 Kg, Consumer Pack များ MRF ၏သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)