Main menu

HighLight News

Powered by Drupal

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် ၁၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၁၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Cook နေကြာဆီ၊ Goody အဆင့်မြင့် စားအုန်းဆီ၊ Meizan နေကြာဆီ၊ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Good Choice (အဆင့်မြင့် စားအုန်းဆီ)နှင့် အမေထွား(မြေပဲဆီ)တို့အားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦးတို့သည် ဆက်စပ်ဌာနများနှင့်ပူးတွဲကွင်းဆင်းခြင်းကို ၁၅-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ မြို့မဈေးအတွင်းရှိ ဆန်ရောင်းချသူဆိုင်ရှင်များကို ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ မှော်ဘီဒေသထွက် ဆင်းသုခဆန်အုပ်စုနှင့် ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချသော ဧရာ၀တီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး စားသုံးသူပြည်သူများအပေါ် အမြတ်ထုတ်ရောင်းချခြင်းမရှိစေရန်အတွက် အချိန်နှင့်တပြေးညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေလွှဲ မြေဧက(၂၀)ဧက၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးပါ ဝန်ထမ်း(၅)ဦးတို့သည် ၁၃-၇-၂၀၂၄ ရက်နေ့၊ နံနက်(၀၇:၀၅)နာရီအချိန်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။

       အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးထွန်းထွန်းဦး၊ မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝင်းဗိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်မှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ စုစုပေါင်း(၁၅၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပျိုးပင်များပေးအပ်ကာ သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသည့်အပင်မျိုးမှာ ကျွန်းပင်(၅၀၀၀)ပင်၊ ပျဉ်းကတိုးပင်(၃၀၀၀)ပင်၊ ဆီသပြေပင်(၂၀၀၀)ပင်၊ စိန်ပန်းပင်(၄၀၀)ပင်၊ ငုဝါပင်(၄၀၀)ပင်၊ စုစုပေါင်း (၁၀၈၀၀)ပင်စိုက်ပျိုး၍ အခမ်းအနားမှာ နံနက်(၀၈:၄၅)နာရီအချိန်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

        အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရာ (၁၇-၇-၂၀၂၄) ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဘိုလိန်းအောင်မင်္ဂလါရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်အမှတ်-C/001၊ ရွှေမြေသီးဆန်ဆိုင်နှင့် စံပယ်လမ်း၊ တိုက်အမှတ်-၁/၁၄၀(B)၊ ပန်းတိုင်သစ်ဆန်ဆိုင်(၂)ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုနှင့်ပတ်သက်သော အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များ၌  ရက် (၉၀)၊ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်းများရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးနှင့်မှော်ဘီမြို့နယ်များရှိ ဆေးဝါးဈေးနှုန်းစာရင်းများအား ကွင်းဆင်းစစ်ဆေးခြင်း

       ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၂-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဉီးဘိုကြည်ဆေးဆိုင်နှင့် (၂၃-၇-၂၀၂၄)ရက်နေ့တွင် တိုက်ကြီးမြို့နယ်ရှိ စစ်သူကြီးဆေးဆိုင်သို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးပစ္စည်းနှင့်ပတ်သက်၍ ဆေးဝါးများကိုကြည့်ရှုစစ်ဆေးခြင်း၊ ဆေးဝါးဈေးနှုန်းများကိုမေးမြန်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်းဈေးနှုန်း ဖြစ်ပေါ် မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးဈေးနှုန်းစာရင်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၁၉-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဦးအောင်တင်စိုး၊ ခရိုင်ဉီးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၈၂)၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝရှိ ရွှေအိုးဆေးဆိုင်၊ အမှတ်(၁၆၂)၊ ထောင်ဗူးဝမှတ်တိုင်၊ လှိုင်မြစ်လမ်းရှိ ကိုထွန်း(၃)ဆေးဆိုင်၊ အမှတ်(၂၀-က)၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်ပန်းခြံအနီးရှိ တော်ဝင်ဆေးဆိုင်နှင့် အမှတ်(၂၀၄)၊ မာလာနွယ်(၁)လမ်းရှိ မိုးသောက်ပန်းဆေးဆိုင်တို့အား ဆေးပစ္စည်းနှင့်ပတ်သက်၍ ဆေးဝါးများကိုကြည့်ရှုစစ်ဆေးခြင်း၊ ဆေးဝါးဈေးနှုန်းများကိုမေးမြန်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ဈေးနှုန်းဖြစ်ပေါ်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်စည်များ မဝင်ရောက်စေရေး စစ်ဆေးဆောင်ရွက်

       ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်၌ (၂၂-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်စည်များတင်ဆောင်လာခြင်းရှိ/မရှိ မော်တော်ယာဉ် (၃၂)စီးအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီး ငွေတင်ဦးဆောင်၍ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ် ဗိုလ်မှူးဇော်ဇော်အောင်၊ အမှတ်(၆၄) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းအောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာ၌ တရားမဝင်ကုန်စည်များ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓာတ်မြေဩဇာအရောင်းဆိုင် (၇)ဆိုင်အား ဓာတ်မြေဩဇာများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် မိုးတွင်းကာလ စိုက်ပျိုးရာသီချိန်တွင် တောင်သူဦးကြီးများ ဓာတ်မြေဩဇာများကို ဈေးနှုန်းမှန်ကန်ဝယ်ယူသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

       တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ရေသန့်ထုတ်လုပ်သော ရေသန့်စက်ရုံများသို့ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ရေသန့်စက်ရုံပေါင်း (၁၁)ရုံအားစစ်ဆေးခဲ့ရာ ရေသန့်စက်ရုံများ၌ လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်းအပေါ် အလေးထား၍ ကုန်ဆုံးရက်မတိုင်မီ သက်တမ်းတိုးဆောင်ရွက်သွားရေး၊ ရေသန့်စက်ရုံအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ စက်ရုံအတွင်း ရေသန့်ခန်းဝင်ဝတ်စုံ၊ ဖိနပ်၊ လက်အိတ်၊ ခေါင်းစွပ်ဝတ်ဆင်ရေး၊ ရေသန့်ဘူးခွံနှင့်အဖုံးများ စနစ်တကျထားရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီဆောင်ရွက်စေရေး၊ မိုးရာသီအချိန်ကာလတွင် စားသုံးသူပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါကင်းဝေးစေရေးနှင့် ကျန်းမာစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် ၂၂-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News