စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးရုံး၌ စိုက်ပျိုးရာသီစိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးအတွက် မျိုးစေ့၊ သွင်းအားစုများပေးအပ်ပွဲနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းကျင်းပ
(၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးရုံးအနေဖြင့် စိုက်ပျိုးရာသီစိုက်ဧကပြည့်မီစွာစိုက်ပျိုးရေးအတွက် မျိုးစေ့၊ သွင်းအားစုများပေးအပ်ပွဲနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းကို ပူးပေါင်းပါဝင်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ တိုင်းအဆင့် ဌာနဆိုင်ရာများဖြစ်ကြသော စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဦးစီးဌာန၊ ငါးမွေးမူရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ပြည်သူအကျိုးပြုစိုက်ပျိုးသည်မှ စားသုံးသည်ထိ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ လယ်ယာထွက်ကုန်စိုက်ပျိုးသီးနှံများ ထုတ်လုပ်တင်ပို့ရောင်းချရာတွင် စီးပွာရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် စည်းကမ်း၊ ယနေ့ခေတ် အွန်လိုင်းစနစ်ဖြင့် ကြော်ငြာရောင်းချသူများမှတ်ပုံတင်ခြင်း၊ လိပ်စာ ဖုန်းပြည့်စုံစွာဖော်ပြပါရှိရန်၊ ဝယ်ယူသူများသိသင့်သည့်အချက်အလက်များ၊ အားကာတွန်းသရုပ်ဖော်ပြသခြင်း၊ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာဖော်ပြရန်နှင့် အီလက်ထရောနစ်အငွေ့ရှူစက်နှင့်ပတ်သက်၍ အသိပညာပေးကာတွန်းဆောင်ပုဒ်များပြသခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)