Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၃၅၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၂၃၀၀ဖြင့်ရောင်းချကြောင်း ဇွန်လ စတုတ္ထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အရောင်းအဝယ်အေး၍ ဈေးနှုန်းများတည်ငြိမ်နေကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူးသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ထားဝယ်မြို့၊ စလွန်းကျေးရွာမှ "ကျော်ကျော်" အသင့်စားမုန့်အမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၏ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်   (၂၁-၆-၂၀၂၄)ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင်၊ (၃)မိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနန၏ ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် အခန်း(၁၃)ပါ ဝန်ဆောင်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအချက်(၅)ချက်၊ အခန်း(၁၄) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး(၂)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက် (၄)ချက်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာသစ် အ-ထ-က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ရွာသစ် အ-ထ-က ကျောင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓာတုဆိုးဆေးများလွန်ကဲစွာပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ ထို့နောက်ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များအား သွားရောက်စစ်ဆေးခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦး၊ ဌာနဆိုင်ရာ(၃)ဦးဦ၊ စုစုပေါင်း(၁၅၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်

     ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်ရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်  မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းမှ တရားဝင်ထုတ်လုပ်ထားသော ပုံးဆီများအားရောင်းမည်ဆိုပါက မည်သည့်ဆီအမျိုးအစားရောင်းချမည်ဖြစ်သည်ကို စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းတင်ပြထားရန်လိုအပ်ကြောင်း၊ (ဥပမာ - ငါးနှစ်ကောင်နှင့်ယုဇနဆီ) စားသုံးသူပြည်သူများလက်ဝယ်ရရှိစေရေးအတွက် ရပ်ကွက် /   ကျေးရွာ၊ ဌာနဆိုင်ရာများကိုလည်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးရန်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း( ၁၈ )၊ ပုဒ်မ( ၄၂ )ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်စပ်လျဉ်သည့် အမျိုးအစား၊ အမျိုးအမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက်၊   ထုတ်လုပ်သည့်ရက်စွဲနှင့် FDA ထောက်ခံချက်များပါဝင်သည့် ဆီများကိုသာရောင်းချရန်၊ ပုဒ်မ( ၄၃ )အရ  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၊ တညင်ကုန်းကျေးရွာရှိ နုရတနာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင်   ဒေးဒရဲမြို့၊ တညင်ကုန်းကျေးရွာရှိ နုရတနာဆန်စက်သို့သွားရောက်ကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် နုရတနာဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်သောဆန်များ အရည်အသွေးပြည့်မီစေရေး၊ အချင်အတွယ်များမှန်ကန်ရေး၊ ဆန်စပါးဈေးကွက်ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုပ်ပိုးမှုစနစ်များလုံခြုံမှုရှိ/မရှိစိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်ပြီး မှီခိုအားထားနေရသော  အလုပ်သမားမိသားစုများအတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်       ဒေးဒရဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူ( ၁၀ )ဦးတို့အား     စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် သိကောင်းစရာများကိုပြောကြားခဲ့ပြီးနောက် စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ကုန်ပစ္စည်းတွင် ဖော်ပြပါရှိသည့်ပါဝင်ပစ္စည်း၊  အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ သုံးစွဲပုံနည်းလမ်း စသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များကို ဝယ်ယူခြင်းမပြုရန်၊  စားသုံးသူနစ်နာဆုံးရုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက  လူကိုယ်တိုင်လည်းကောင်း၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင်ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့ ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း‌ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျွန်းလှမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ကုန်အညွန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအား လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာ အသေး စိတ်စိစစ်ချက်များအတိုင်း ပြည့်စုံသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိ‌သောကုန်ပစ္စည်းမျာကို တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁၉)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ဒေါ်ဝိုင်းတင်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ာယာရေးအဖွဲ့ နှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၌ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ လစဉ် လျာထားချက်များသတ်မှတ်ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ပြီး ဌာန၏ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News