Main menu

HighLight News

Powered by Drupal

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး ၃/၂၀၂၄ ကို ၃၀-၇-၂၀၂၄ ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

     အစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား တာဝန်များနှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များ၊ အွန်လိုင်းတွင် ကုန်စည်ဝယ်ယူရာ၌ စားသုံးသူများနစ်နာမှုမရှိစေရန် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား နှစ်ဦးနှစ်ဖက်ရရှိနိုင်သော အကျိုးရလဒ်များကိုလည်းထည့်သွင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက ဖြည့်စွ်အကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

        အခမ်းအနားတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် (၇) ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၈) ဦး၊ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောဈေးအတွင်းရှိသော ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် ခဲ့သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်းသိရှိရပါသည်။ 

DOCA(မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Mero Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် Mero Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

မုံရွာမြို့၊ အလုံရပ်ကွက်၊ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေး အထက်တန်းကျောင်းရှိ မုန့်ဈေးတန်းမုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊  မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၄-၇-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အလုံရပ်ကွက်၊ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေးအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းမုန့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေးအထက်တန်းကျောင်း၊ မုန့်ဈေးတန်းမုန့်ဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် “ခရိုင်ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့်ရွှေမြဉ္စူဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လအတွက် ဆန်ရည်ညွှန်း ဈေးများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ရှိ ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့် ရွှေမြဉ္စူဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးမှုအများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များဖြစ်သည်ဟု စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက်(၂၄)ပြည်ပါ တစ်အိတ်ဈေးနှုန်းများမှာ ရွှေဂျိုးဖြူ၊ ထက်ဝေဟိန်း၊ မိဘမေတ္တာနှင့် ရွှေမြဉ္စူဆန်ဆိုင်များ၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်မှ (၁၃၀၀၀၀) ကျပ်နှင့် မနောသုခတစ်အိတ်လျှင် (၈၀၀၀၀) ကျပ်မှ (၉၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ကြောင်း၊ သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၅၀၀) ကျပ်မှ (၂၀၀၀)ကျပ်ရှိကြောင်း၊ ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေသည်ကိုစိစစ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်သို့ သွားရောက်ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည်  (၂၄-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စက်သို့သွားရောက်၍ ဆန်၊ စပါးသိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချသည့်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်များထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရန်နှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ /ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို Update ပြုလုပ်ကြရန်နှင့် သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

“ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်အောင်ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

     စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်အောင်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူစုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးစန်း‌အောင်က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်မှန်းချက်၊မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  နံနက်(၁၀:၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

                  

“ပျော်ဘွယ်မြို့နယ်၊ ကြက်တည်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း”

       ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့ ၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်၊ ကြက်တည်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း(၄၃)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးစန်း‌အောင်က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်မှန်းချက်၊မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာဆုံးရှုံး၍ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  နံနက်(၀၉:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

                  

                                                                                               

 

City Care ဆေးဆိုင်သို့သွားရောက်၍ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးဈေးနှုန်းစာရင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ City Care ဆေးဆိုင်သို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄၂/အေ)၊ (၂၅၀/၂၅၁)၊ အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)ရှိ City Care ဆေးဆိုင်တာဝန်ခံအား ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ သွားရောက်စစ်ဆေးခြင်းနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်း

       လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ  ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မြို့နယ်ကျန်းမာရေးခန်းမတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များတက်ရောက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာကြူကြူသင်းက ယခုကာလသည် မိုးတွင်းကာလဖြစ်သည့်အတွက် ယခုရက်ပိုင်းတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါများဖြစ်ပွားနေပါသည်။ ထိုသို့ ဝမ်းပျက်/ ဝမ်းလျောရောဂါဖြစ်ပွားရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသောရေနှင့် အစားအသောက်များအား စားသုံးမိခြင်းမှ ဖြစ်ပေါ်လာသောရောဂါဖြစ်ပြီး ၎င်းဖြစ်ပွားမှုကို မပြန့်ပွားအောင် တားဆီးကာကွယ်ရန် အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုမည့်သောက်သုံးရေတွင် ကလိုရင်း/ရေသန့်ဆေးပြားများထည့်သွင်း၍အသုံးပြုမှသာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရရှိမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News