Main menu

HighLight News

Powered by Drupal

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကလေးကစားစရာအရုပ်နှင့် စတိုးဆိုင်အားဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ဈေးကွက်ဖြန့်ဖြူးခြင်းမပြုမီ ပြုပြင်ထုတ်ပိုးကပ်ခြင်း (သို့မဟုတ်) ထုတ်ပိုးပစ္စည်းအသစ်အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ် မရမ်း (အ.မ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၂.၇.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ် မရမ်း (အ.မ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် အတူ ကျောင်းသား/သူ စုစုပေါင်း (၂၆၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများကို ဝယ်ယူစားသုံး/ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သေချာစွာဖတ်ရှုပြီးမှဝယ်ယူအသုံးပြုသင့်ကြောင်း နမူနာကုန်ပစ္စည်းများဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊  စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၁.၇.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် အတူ ကျောင်းသား/သူ စုစုပေါင်း (၃၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website ၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက် ရောင်းချခြင်းရှိ/မရှိကွင်းဆင်းခြင်း

    ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ်တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌အပတ်စဉ် တနင်္လာနေ့တိုင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများလက်ကျန် မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သိုလှောင်ရုံနှင့်ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ တာတန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့နယ်အတွင်းရှိ ဦးဇေယျာအောင်၏ ကြယ်စင်လင်းဆန်စက်နှင့် ဆန်ဆိုင်သို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်အနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထို့သို့ဆောင်ရွက်ရာတွင် ကုန်လှောင်ရုံများ မှတ်ပုံတင်ထားခြင်းရှိကြောင်း သိုလှောင်ရုံသည် စက်တွဲသိုရုံအမျိုးအစားဖြစ်ပြီး စပါးတင်း ၇၀၀၀ တင်းခန့်နှင့်ကြိတ်ခွဲပြီး ဆန်စက် (၂၅၀၀) အိတ် သိုလှောင်ထားကြောင်း တွေ့ရှိရပါသည်။ စက်ရုံပုံမှန်လည်ပတ်လျက်ရှိပြီး ဧည့်မထ ၁၅% ဆန်ကို အဓိကကြိတ်ခွဲပြီး သက်သာသောနှုန်းဖြင့် နေ့စဉ်လွတ်လပ်စွာ ရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့ ကျောက်ကြီးတန်းရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  သာယာဝတီမြို့၊ ကျောက်ကြီးတန်းရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့် ပြောကြားပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲတွင် ကျောက်ကြီးတန်းရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ(၄၅)ဦး တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအား နံနက်(၁၁:၄၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့ပေါ်ရှိ သစ်ဆန်းပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

    စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသောကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှု ရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ (၁၀.၇.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သုခစံသောက်ရေသန့်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ မေးမြန်းဆွေးနွေးခြင်းပြုလုပ်ကာ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ရာတွင် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ဖော်ပြထားသောအရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင် မင်းလှမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ရှိ ဝန်ထမ်းများသည် (၉.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းလှမြို့ ဇီးကုန်းလေးရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့် ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒေါ်ဇင်မာထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့်ပြောကြားပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲတွင် ဆရာ/ဆရာမများ(၁၉)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၃၀၉)ဦး  တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအားနံနက်(၁၁:၄၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများသိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲများကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အုတ်တွင်းမြို့ ကသစ်တန်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

    ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

     ဟောပြောပွဲများတွင် မဲကုန်းအ‌ခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၆၅ ဦးနှင့် ကသစ်တန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၅၄ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲများအပြီးတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်သည် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၁.၇.၂၀၂၄) ရက်နေ့နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News