Main menu

HighLight News

Powered by Drupal

သရက်မြို့ပေါ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဒုတိယခရိုင်ဦးစီးမှူးတာဝန်ထမ်းဆောင်နေသော ဦးအုန်းမြင့် (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၄-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းနှင့်အတူ သရက်မြို့ပေါ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဟောပြောဆောင်ရွက်ရာတွင် သရက်ခရိုင် FDAမှ ၎င်းတို့၏ ညွှန်ကြားချက်များ၊ အစားအသောက်များတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံ၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄)ချက်တို့အား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ ဥပဒေပါ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့်အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ(၈)ခုအနက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center CICC) မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနရှိ CICC သို့ လူကိုယ်တိုင်(သို့)စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီး ဌာန၏  Consumer Call Center No.1535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမ (၁၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးတို့အား ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)မကွေး

သရက်မြို့နယ်တွင် ကျောင်းကျန်းမာရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဒုတိယခရိုင်ဦးစီးမှူးတာဝန် ထမ်းဆောင်နေသော ဦးအုန်းမြင့်(ဦးစီးမှူး)သည် (၁၂.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် သရက်မြို့နယ်ရှိ ကျောင်းများသို့ တတိယအကြိမ်စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိရာ မီးသွေးဖုတ်ကျေးရွာ (အ.မ.က)ကျောင်း၊ ကံသာစုကျေးရွာ မြင်ဘာခြံ (အ.မ.က)ကျောင်း၊ သီရိမင်္ဂလာ (အ.မ.က)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)ကျောင်းများသို့ ကျောင်းကျန်းမာရေးဆိုင်ရာများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေးနှင့် သက်ဆိုင်သည့်အချက်(၈)ချက်အား စစ်ဆေးခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အဖွဲ့ဝင်များမှ အချက်(၈)ချက်တွင်ပါဝင်သော ကျောင်းအဆောက်အအုံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ထားခြင်း၊ စာသင်ခန်းအတွင်းရှိ ကျောင်းသုံးပရိဘောဂများ စနစ်တကျထားရှိခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလင်းရောင်နှင့် လေလုံလောက်စွာရရှိခြင်း၊ သန့်ရှင်းလုံလောက်သော သောက်သုံးရေရရှိအောင်စီစဉ်ထားခြင်း၊ ကျောင်းစားသောက်ဆိုင်တွင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များသာ ရောင်းချစေခြင်း၊ အမှိုက်သရိုက်များကိုစုစည်း၍ အဖုံးပါသောအမှိုက်ပုံးတွင်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်းများ၊ ခြုံ၊ ရေအိုင်၊ အမှိုက်၊ ပေါင်းမြက်များကင်းရှင်းစေခြင်း၊ ရေလောင်းအိမ်သာ(သို့မဟုတ်) ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာကိုသုံးစွဲခြင်း၊ ခြင်၊ယင်ပေါက်ဖွားနိုင်မှုမရှိစေရေးတို့ စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်းနှင့် ဦးစီးမှူး ဦးအုန်းမြင့်မှ ကျောင်းရှိမုန့်ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်မုန့်များနှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ပါဝင်သောမုန့်များကိုသာ ကြည့်ရှုဝယ်ယူရောင်းချစေရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရန်ပယ်စျေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ပယ်စျေးတာဝန်ခံ(စည်ပင်သာယာ‌ရေးအဖွဲ့)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့နှင့်ပူးပေါင်းပြီး ရန်ပယ်ဈေး၌ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းလာသောဆေးဝါးများ၊ သက်တမ်းလွန်နေသောဆေးဝါးများနှင့် ဆေးနှင့်ဆေးပစ္စည်းများအား အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အဖွဲ့စုံဖြင့် ရှောင်တင်ခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့တွင် အခြေခံစားကုန်နှင့် ဆေးဝါးများ ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့အတွင်း အခြေခံစားကုန်များနှင့် ဆေးဝါးများပြတ်လပ်မှုရှိ/ မရှိ မြိတ်မြို့ပေါ်ရှိဆေးဆိုင်များ၊ ဆန်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစုံစမ်းရာတွင် ဆန်၊ ဆီ၊ ဖယောင်းတိုင်၊ သွားတိုက်ဆေး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး နှင့်ပိုးသတ်ဆေး၊ ဖျားနာပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အစာအိမ်ဆေးနှင့် လိမ်ဆေးအမျိုးအမျိုး စသည်များပါဝင်ပြီး ဒေသတွင်းပစ္စည်းများပြတ်လတ်မှုရှိ/ မရှိမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာသင်တန်းဖွင့်လှစ်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ဘုတ်ချောင်းရပ်၊ ချမ်းအေးကျောင်းတိုက်၌ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရပ်မိရပ်ဖနှင့် သင်တန်းသူသင်တန်းသားများ(၄၀)ဦးခန့် တက်‌ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုကို ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၉ ) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိတ်လတ်မြို့နယ်မှ  MVမြမြမွန်ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ပြီး (၁၂.၇.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့သဖြင့် ၎င်းဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်  MV-ဓနရွှေလမင်း ရေယာဉ်ရှိ ဆန်တန်(၅၀၀၀)၊ အိတ်ရေ (၁၀၀၀၀) ပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ရှိ ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အခြေခံစားသောက်ကုန်များကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများလွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်စေရေးနှင့် ပစ္စည်းပြတ်လတ်မှုမရှိစေရေး အတွက် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်   မြိတ်ခရိုင်အတွင်းရှိဆန်စက် (၃)စက်သို့ ပုံံမှန်လည်ပတ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးချက်အရ  စစ်ဆေးခဲ့သောဆန်စက်များသည် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၆) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၂-၇-၂၀၂၄ ရက်နေ့၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၆)ကျောင်းရှိ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင်  FDA ဌာနာတာဝန်ခံ ဒေါ်မေသူနွယ်က ကျန်းမာရေးထိခိုက်စေနိုင်သော ခွင့်မပြုဓာတုကြာရှည်ခံဆေးများ အကြောင်းသိကောင်းစရာနှင့် အစားအသောက်တွင် သုံးခွင့်မပြုထားသောဆိုးဆေးများနှင့်ပတ်သက်၍ သိကောင်းစရာများကို ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က  အွန်လိုင်းဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၃၈) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၃၁)ဦး စုစုပေါင်း ဦးရေ(၆၉) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က.ခွဲ (၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၂-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အ.ထ.က.ခွဲ(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၄)ဆိုင်တွင် ရောင်းချနေသောစားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီကိုက်ညီမှုရှိ/ မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကိုမရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News