Main menu

HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စားရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧကစုစုပေါင်း တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၈၈၀၉၉)ဧကလျာထားပြီး ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ဧက(၃၀၀၀၀)ကျော်အား တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် ကားလမ်းမဘေးဝဲယာနှင့် ရေတော် မိုးတော်စိုက်ဧကရှိသော ရပ်ကွက်ကျေးရွာများသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)များအပြည့်အဝခွဲဝေးချထားပေးပြီးဖြစ်သဖြင့် တောင်သူများ အချိန်မီသိရှိစိုက်ပျိုးနိုင်ရန် အုပ်ချုပ်ရေးမှူးများအနေဖြင့် နှိုးဆော်တိုက်တွန်းသွားကြရန် (Seeder) ဖြင့် စိုက်ပျိုးပြီး ဧက၊ မြေပြုပြင်မှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေအား ဓာတ်ပုံမှတ်တမ်းဖြင့် စာရင်းပြုစုတင်ပြသွားရန်၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)များအသုံးပြစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအား တောင်သူများသိရှိနိုင်အောင် အသိပညာပေးခြင်း၊ ဓာတ်မြေဩဇာစနစ်တကျအသုံးပြခြင်းကြောင့် အသိပညာပေးဆိုင်းဘုတ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းအား ကျေးရွာများအရောက် သက်ဆိုင်ရာဌာနများနှင့် ရပ်ကျေးစိုက်ကြပ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လယ်ယာမြေအခြားနည်းအသုံးပြုမှုခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုနေခြင်းများကိုသိရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့တင်ပြကြရန် မိုးရာသီတွင် ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျော၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးတို့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့‌ကျေးရွာ/ ရပ်ကွက်ရှိ စာသင်ကျောင်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

       ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများက သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးမှူးများက မိုးစပါးစိုက်ပျိုးမှုနှင့်အခြားပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

         

ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိစစ်ဆေးခြင်း

      ရုံးချုပ်၏ ရောနှောဆီများအား ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် အထူးစစ်ဆေးရန် ညွှန်ကြားချက်အရ ၆-၇-၂၀၂၄ ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital အတွင်းရှိ ရောင်းချသည့် စားသုံးဆီအမျိုးမျိုးအား စစ်ဆေးဆောင်ရွက်ရန် ဆိုင်တာဝန်ခံနှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/မရှိစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း

       ရုံးချုပ်မှ ရောနှောဆီများအား ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် အထူးစစ်ဆေးရန် ညွှန်ကြားချက်အရ ၅-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်ပိုင်း၌ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ်(၁)ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများမှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း

      ရုံးချုပ်မှ ရောနှောဆီများအား ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် အထူးစစ်ဆေးရန် ညွှန်ကြားချက်အရ ၄-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကားရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများမှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ကြီးမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ တရားမဝင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊  ‌တောင်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး၊ စက်သုံးဆီအမျိုးအစားမှန်ကန်မှု၊ သတ်မှတ်စျေးနှုန်း၊ လီတာ (သို့) ဂါလံပြည့်ရောင်းချမှုရှိ/မရှိအခြေအနေများအား ၄-၇-၂၀၂၄ ရက်နေ့တွင်  ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်းအဖွဲ့တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင် (၁၄) ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ စက်သုံးဆီအရောင်းဆိုင်များအားစစ်ဆေးရာတွင် 92 (Octane)၊ 95 (Octane)၊ ဒီဇယ် Premiun၊ ဒီဇယ်(ရိုးရိုး)ရောင်းချသည့် ဆီပန့်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်းမှန်/မမှန်နှင့် ချင်တွယ်ရောင်းချသည့်လီတာ (သို့) ဂါလံပြည့်/မပြည့်၊ စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

စားသုံးသူများ အကျိုးစီးပွားကာကွယ်ရေး အိမ်တွင်းမှုသင်တန်းကျောင်းသို့ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများသည် (၅-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ သင်တန်းသူများအနေဖြင့် လူကောင်းများဖြစ်ရန် အသိပညာများလိုအပ်ပြီး၊ လူတော်များဖြစ်ရန်အတွက် မိမိတို့လုပ်ကိုင်နေသော အိမ်တွင်းလက်မှုပညာများကို သင်ကြားမှုတွင်သာမဟုတ်ဘဲ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ရန်အတွက် လေ့လာရသကဲ့သို့ နောင်တစ်ချိန်တွင် မိမိတို့ရည်မှန်းချက်များအရ စီးပွားရေးလုပ်ငန်းရှင်များ(ဒီဇိုင်နာများ)ဖြစ်နိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာနေထိုင်စေလိုကြောင်း၊ ကတိပြုထားသည့်အတိုင်း တာဝန်ယူမှု/ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်များဖြစ်လာစေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ နေထိုင်သွားမည်ဆိုပါက အကျိုးစီးပွားများပိုမိုဖြစ်ထွန်းလာနိုင်သောကြောင့် လိုက်နာစေလိုကြောင်း၊ Online Shopping သုံးစွဲခြင်းနှင့်ပတ်သက်၍ အကျိုးရှိပုံများဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍  ဒုတိယဦးစီးမှူး ဒေါ်တင်တင်မော်က ပြည်သူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ (သို့မဟုတ်) အထောက်အထားရယူထားရှိခြင်းမှာ အရေးကြီးကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များဖွင့်လှစ်ထားရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ၎င်းနောက်ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်က ကုန်စည်များကိုဝယ်ယူသုံးစွဲရာ၌ သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အားဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့အတွင်းရှိ ဆေးဝါးနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် (၅-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါမြို့တွင်းရှိဆေးဝါးနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊  ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြထားရှိခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၅-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရပါသည်။

      ထိုသို့ဟောပြောရာ၌ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့် အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်၊ ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ (သို့မဟုတ်) အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း၊ လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်(သို့မဟုတ်) အရောင်းမြှင့်တင်ခြင်းတို့တွင်ပါဝင်သော ဖော်ပြချက်တို့နှင့်ကိုက်ညီမှုရှိခြင်းတို့ပါဝင်စေရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့တိုင်ကြားနိုင်ကြောင်း အသိပညာပေး (TalkShowဖြင့် ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကံမမြို့နယ်တွင် ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဦးကျော်ရွှေ(ဒုတိယကြီးကြပ်ရေးမှူး)နှင့် ကံမမြို့နယ်တာဝန်ခံ ‌ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၈-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဌာန၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကံမမြို့ပေါ်ရှိ ဆန် လက်လီ/ လက်ကားရောင်းချနေသော အရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ၏ သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများအား ဝေငှပေးပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များအား MRF က သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆန် လက်လီ/ လက်ကားရောင်းချသည့် အရောင်းဆိုင်များအား ဆန်ဈေးနှုန်းများမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ၏ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက် မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သင့်တင့်မျှတသောစျေးနှုန်းဖြင့် ဆန်စျေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိစေရန်အတွက် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများထုတ်ပြန်ထားရှိပြီး မကွေးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကလည်း စျေးကွက်အတွင်းရှိ ဆန် လက်လီ/ လက်ကားအရောင်းဆိုင်များ၌ သင့်တင့်မျှတသော သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရပါသည်။

       မကွေးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းက စားသုံးသူပြည်သူများအား သက်သာ‌သောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ရောင်းချမှုအား (၂၁-၆-၂၀၂၄) ရက်နေ့တွင် ရန်ပယ်စျေးထိပ်၌ သီးထပ်ရင်ဆန် (၂၀)အိတ်၊ လူတစ်ဦးလျှင် (၁)ပြည်နှုန်းဖြင့် လူ (၄၈၀)ဦး၊ (၂၇-၆-၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်ထမ်းများ၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး‌ရေးဦးစီးဌာနမှ ဝန်ထမ်း(၄၈၀)ဦး၊ (၂၈-၆-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ ဆုံရပ်ညနေစျေး၌ မနောသုခဆန်အိတ်(၂၀) လူ(၄၈၀)ဦး၊ (၁-၇-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ မြို့မစျေးအနောက်ဘက်တွင် မနောသုခဆန်အိတ် (၂၀)၊ လူ(၄၈၀) ဦးအားလည်းကောင်း၊ (၄-၇-၂၀၂၄)ရက်နေ့တွင် မကွေးမြို့၊ စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား မနောသုခဆန်အိတ် (၁၃)အိတ်၊ လူဦးရေ (၃၁၂)ဦးတို့အားလည်းကောင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ဆက်လက်၍ ရပ်ကွက်အလိုက် သက်သာသောစျေးနှုန်းဖြင့် လှည့်လည်ရောင်းချမည်ဖြစ်ကြောင်းနှင့် မကွေးမြို့နယ်ရှိ ဆန် လက်လီ/ လက်ကားဆိုင်များ၌လည်း ဆန်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News