Main menu

HighLight News

Powered by Drupal

ဆန်ဆိုင်နှင့် ပွဲရုံဂိုဒေါင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် ခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ (၉-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆန်လက်လီ/ လက်ကားအရောင်းဆိုင်များ၊ ဆန်ပွဲရုံ၊ ဂိုဒေါင်များသို့သွားရောက်၍ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့်ရောင်းချမှုရှိ/ မရှိ၊ ဆန်လက်ကျန်ကျန်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်၏ စားသုံးဆီရောင်းချနေမှုများအား ကွင်းဆင်းဆောင်ရွက်ခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

       ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၈-၈-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လက်ပံတန်းမြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချနေသောဆီဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိ၊ ရောနှောဆီများကို ရောင်းချခြင်းမပြုကြရန်မှာကြားခဲ့ပါသည်။ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ၈-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသောကုန်စည်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကြက်သွန်ခင်း(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

       ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများ၊ အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟော​ပြောခဲ့ပြီး ဟောပြောပွဲသို့ ပဲခူးလမ်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ  ၆၄ဦး၊ ကြက်သွန်ခင်း(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၏ကျောင်းသူ ၄၅ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းဝန်ဆောင်မှုကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှတ်ပုံတင်လျှောက်ထားစေပြီး အွန်လိုင်းလိမ်လည်မှုမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားသည့်အခြေအနေများ၊ အွန်လိုင်းဝန်ဆောင်မှုအပါအဝင် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားဆောင်ရွက်နိုင်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးသည့်အခြေနေများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ခရိုင်ဦးစီးမှူးသည် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၂၄၆ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ပြည့်ဖြိုးကျော် ပေါင်မုန့်ကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်ရှိ ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုအခြေအနေမျာကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာ ပြည့်ဖြိုးကြော် ပေါင်မုန့်ကြော်လုပ်ငန်းသည် အလုပ်သမား(၅)ဦးဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်နေ့လျှင် ကုန်ကြမ်းအဖြစ် ကြက်ဥ(၁၂၀)လုံး၊ ဂျုံ ၁၀ကီလိုဂရမ်၊ သကြား ၂၅ကီလိုဂရမ်၊ ပွဆေးတစ်ထုပ်ခွဲ၊ မုန့်နုဆေး (Super-do) အိတ်တစ်ဝက်နှင့် ဆီ (၂၀)ပိဿာအသုံးပြုရကြောင်းသိရပါသည်။

       ပုံမှန်အားဖြင့် တစ်ရက်လျှင် ပေါင်မုန့်ကြော် (၂၀၀၀)ခုထုတ်လုပ်ပြီး အော်ဒါအမှာရှိသည့်အခါမျိုးတွင် တစ်ရက်လျှင် (၂၅၀၀)ခုအထိထုတ်လုပ်ကြောင်း၊ ထုတ်လုပ်သည့် ပေါင်မုန့်ကြော်များအား ရပ်ကွက်တွင်းရှိ အိမ်ဆိုင်များနှင့် ဆိုင်ကယ်ဖြင့် ကျေးရွာများသို့ လှည့်လည်ရောင်းသူများအား ရောင်းချပေးကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ခုလျှင် ၂၄၅ကျပ်ဖြင့်ရောင်းချပြီး တစ်ဆင့်ပြန်လည်ရောင်းသူများမှာ ၃၀၀ကျပ်ဖြင့်ရောင်းချကြကြောင်း လုပ်ငန်းရှင် ဒေါ်ဇင်မာမြင့်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ စားသုံးဆီပွဲရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ဩဂုတ်လ ၉ရက်နေ့၊ ညနေပိုင်းတွင် တောင်ငူမြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာစောင့်ကြည့်ခဲ့ပါသည်။

       မြို့နယ်တာဝန်ခံသည် အမှတ်တံဆိပ်ပါ စားသုံးဆီများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ ခွက်မှောက်ခွက်လန်ရောင်းချသောဆီများ၌ အလေးချိန်၊ ဈေးနှုန်းနှင့် အရည်အသွေးမှန်ကန်ခြင်းရှိ/မရှိကိုလည်းကောင်း၊ တရားမဝင်တင်သွင်းသော စားသုံးဆီများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပါသည်။

      ထို့နောက် အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးဖြင့်ရရှိသောစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချရခြင်းဖြစ်သဖြင့် ၎င်းကို အခွင့်ရေးတစ်ရပ်အနေဖြင့် အခြား ကုန်ပစ္စည်းတစ်ခုခု တွဲဖက်ဝယ်ယူမှသာ ရောင်းချခြင်းမျိုးကိုမပြုလုပ်မိစေရန် သတိထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်တစ်ခုဝယ်ယူရာ၌ ခိုင်လုံသောအကြောင်းပြချက်တစ်စုံတရာမရှိဘဲ အခြားကုန်စည်တစ်ခုနှင့်တွဲဖက်ရောင်းချရေးမပြုရန် တားမြစ်ထားကြောင်းကို ဆိုင်ပိုင်ရှင်များနှင့်ကိုယ်စားလှယ်များအား အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးသည် စားသုံးဆီ လက်လီ/လက်ကားရောင်းဝယ်သူများနှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၆ရက်၊ နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်မှ စားသုံးဆီ လက်လီ/လက်ကားရောင်းချသူများနှင့်တွေ့ဆုံပြီး ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကိုဆွေးနွေးပါသည်။

     ခရိုင်ဦးစီးမှူးက စားသုံးဆီအပါအဝင် ကုန်စည်များကို‌ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သတိပြုစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ကုန်စည်တစ်ခုဝယ်ယူရာ၌ ခိုင်လုံသောအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အခြားကုန်စည်တစ်ခုနှင့် တွဲဖက်ရောင်းချရေးမပြုရန် တားမြစ်ထားကြောင်း၊ သို့ဖြစ်ရာ အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးဖြင့်ရရှိသောစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချရခြင်းဖြစ်သဖြင့် ၎င်းကို အခွင့်အရေးတစ်ရပ်အနေဖြင့် အခြားကုန်ပစ္စည်းတစ်ခုခု တွဲဖက်ဝယ်ယူမှသာ ရောင်းချခြင်းမျိုးမပြုလုပ်မိစေရန် သတိထားရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ရေတာရှည်မြို့နယ်အတွင်း စားသုံးဆီဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ၏ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်မှ စားသုံးဆီအရောင်းကိုယ်စားလှယ် (၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ ၅ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ နတ်စင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကွမ်းသီးခြံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန် အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

       ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟော​ပြောခဲ့ပြီး ဟောပြောပွဲသို့ နတ်စင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ  ၁၁၄ဦး၊ ကွမ်းသီးခြံ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၁၆ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၊ မူလွန်တောင်ကွေ့ဈေးကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဩဂုတ်လ ၅ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ တောင်ကွေ့ဈေးအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နီလာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် ဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၃ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News