Main menu

HighLight News

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

       တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ရေသန့်ထုတ်လုပ်သော ရေသန့်စက်ရုံများသို့ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ရေသန့်စက်ရုံပေါင်း (၁၁)ရုံအားစစ်ဆေးခဲ့ရာ ရေသန့်စက်ရုံများ၌ လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်းအပေါ် အလေးထား၍ ကုန်ဆုံးရက်မတိုင်မီ သက်တမ်းတိုးဆောင်ရွက်သွားရေး၊ ရေသန့်စက်ရုံအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ စက်ရုံအတွင်း ရေသန့်ခန်းဝင်ဝတ်စုံ၊ ဖိနပ်၊ လက်အိတ်၊ ခေါင်းစွပ်ဝတ်ဆင်ရေး၊ ရေသန့်ဘူးခွံနှင့်အဖုံးများ စနစ်တကျထားရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီဆောင်ရွက်စေရေး၊ မိုးရာသီအချိန်ကာလတွင် စားသုံးသူပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါကင်းဝေးစေရေးနှင့် ကျန်းမာစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် ၂၂-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိစစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ် ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၆-၇-၂၀၂၄ ရက်နေ့မှ ၂၂-၇-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Good Brothers’ Chemical Co.,Ltd ၏ “ဓာတ်မြေဩဇာအသိပညာပေးဟောပြောပွဲနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပွဲ”ကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတက်ရောက်

      Good Brothers’ Chemical Co.,Ltd ၏ “ဓာတ်မြေဩဇာအသိပညာပေးဟောပြောပွဲနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပွဲ” ကို အမှတ်(၁၀၂၆)၊ ရဲမွန်ကျေးရွာ၊ လှည်းကူး မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ၃၀ဦး၊ တောင်သူ ၂၂၀ဦး၊ စုစုပေါင်းအင်အား ၂၅၀ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ပြည်ပပို့ကုန်တို့မြှင့်တင်ပို့နိုင်ရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်တည်ငြိမ်မှုရရှိရေးနှင့် စားသုံးသူရေးရာအသိပညာပေးကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတို့က အသိပညာမျှဝေဟောပြောခဲ့ကြပါသည်။ ထို့နောက် Good Brothers’ Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပွဲကျင်းပရသည့်ရည်ရွယ်ချက်အားတင်ပြခဲ့ပြီး တောင်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဧည့်သည်တော်များနှင့်ဆွေးနွေးခြင်း၊ ရောင်းချခြင်းအစီအစဉ်တို့ပြုလုပ်ခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

ကြို့ပင်ကောက်မြို့ရှိ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအား ကြည့်ရှုစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ သဲတန်းလမ်းရှိ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအား (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့ကြည့်ရှုစစ်ဆေးခဲ့ရာ MSMEs လုပ်ငန်းတစ်ခုဖြစ်သော ငွေကြယ်မုန့်လုပ်ငန်းအနေဖြင့် စားသောက်ကုန်ဖြစ်သည့်အတွက် စားသုံးသူများဘေးကင်းလုံခြုံရေးအား အထူးအလေးထားရန်၊ ထုပ်ပိုးမှုစနစ်များ ပြုပြင်ဆောင်ရွက်သွားရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ထောက်ခံချက်ရရှိရေး ဆောင်ရွက်နိုင်ရန်တို့ပြောကြားခဲ့ပြီး MSMEs လုပ်ငန်းအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးယူရရှိထားမှု၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းတွင်လိုအပ်သည့် အဆင့်မြင့် စက်ပစ္စည်းများကိုဝယ်ယူထားနိုင်ကြောင်း၊  ထုတ်ကုန်များကိုတိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်နှင့်အညီ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဆောင်ရွက်ထားပြီးဖြစ်ကြောင်း စစ်ဆေးမှုများအရသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၇-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းနှင့် စာအုပ်စာပေလေ့လာခြင်းတို့ဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)၊ ပုဒ်မ (၁၉)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကိုတိုင်ကြားလိုပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၅)ဦးတက်ရောက်ကာ ဟောပြောပွဲအား နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီဝယ်ယူရောင်းချခွင့်ရသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ‌ ရောင်းချရေးကိုဆွေးနွေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရည်ညွှန်းဈေးဖြင့် စားသုံးဆီရောင်းချခွင့်ရရှိသည့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ ရောက်ရှိအောင်ရောင်းချပေးရန်၊ အချင်အတွယ်ပြည့်၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ ဈေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ်ကပ်၍ အများမြင်သာအောင်ရောင်းချရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

        စားသုံးသူပြည်သူများ စားသုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချသည့်အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သကဲ့သို့ စားသုံးဆီများကို အခြားကုန်စည်တစ်မျိုးမျိုးနှင့် မဝယ်မနေရတွဲဖက်ရောင်းချခြင်း၊ အရည်အသွေးနိမ့်ဆီများဖြင့် ရေနှောရောင်းချခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ မူလွန်တံတားဦးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးတို့သည့် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ တံတားဦး အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောခဲ့ပါသည်။

         ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ စားသုံးသူပြည်သူများကိုယ်တိုင် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြား၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၆၃ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် အင်ဒိုင်းမူ/ လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများရရှိစေရေး အသိပညာပေးဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန် အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ၎င်းဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၈ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်ပိုစတာများပြသခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင်  တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန် ပြဋ္ဌာန်းချက်ကို စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ စားသုံးသူပြည်သူများက ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှု၍ ဖော်ပြချက်နှင့်အညီ သုံးစွဲရန်လိုအပ်ပုံများ၊ စစ်ဆေးရေးအရာရှိများက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သက်မွေးပညာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့သွားရောက်ကွင်းဆင်း၍ ဟောပြောပွဲများကျင်းပသည့်အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News