Main menu

HighLight News

Powered by Drupal

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီးဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၈-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဝေါမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီးဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၂၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီးဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၅-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၈-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

      အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျား ပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၈-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်တာဝန်ခံက အမှတ်(၅)ရပ်ကွက် ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင် (၂)ဆိုင်တွင်ရောင်းချနေသော စားသုံးဆီများတွင် Lotus အမှတ်တံဆိပ်၊ ရန်ကုန်ပဲဆီသန့်ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့်  FDA  ၏ထောက်ခံချက်များပါ/မပါ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူပြည်သူများ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များအား အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများကိုလည်းလိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သိန်းတရာဆန်စက်ရုံးခန်းတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  သိန်းတရာဆန်စက်ရုံးခန်း၌ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် MRF ၏ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆန်များအားရောင်းချပေးကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သို့မဟုတ်ဘဲ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များအား အသိပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့၊ သမိန်ထောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့  ပူးပေါင်း၍  ၂၀၂၄ခုနှစ်၊  ဇူလိုင်လ(၁၆)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ သမိန်ထောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စာသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊တားမြစ်ရေးများကို အခါမလပ်ကြိုးစားအားထုတ်ကာ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း အသိပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီ(ဘူးဆီ)ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီ(ဘူးဆီ)ရောင်းချသည့်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က ဈေးကွက်အတွင်းရောင်းချနေသော (ဘူးဆီ) များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြထားခြင်းရှိ/မရှိ နှင့် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုအချိုးအစား စသည့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များပြည့်စုံမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ထွေ/အုပ်ရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News