Main menu

HighLight News

Powered by Drupal

လေးမျက်နှာမြို့နယ်၊ သီရိမင်္ဂလာဈေးအတွင်းရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကိုတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)

စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၈-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ ပေါက်တောကြီးကျေးရွာရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင် (၆)ဦး အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကိုတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်ကလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ဇောင်းတန်းကျေးရွာအုပ်စုရှိ  အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည့တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ကလေးကစားစရာပစ္စည်းအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ချောင်းဆုံမြို့နယ်၌ စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၁၇-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အမှတ်(၂) မြို့မဈေးတွင် ရောင်းချနေသောစားဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိ ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိမှုကိုတွေ့ရှိရသည်။ ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကိုသာရောင်းချနိုင်ရေး ပြောကြားခဲ့ပြီး စားဆီအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ  ၁၈-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနှုန်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ၁၇-၇-၂၀၂၄ ရက်နေ့တွင်  “SB” အမှတ်တံဆိပ် သဘာဝချည်သားကလေးအနှီးထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

   ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့်အပြင် ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာဖော်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)

မန္တလေးမြို့၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၃/၂၀၂၄) စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၇-၇-၂ဝ၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၉) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး၊ ဦးမြင့်ဇော်ဦးက (၂/၂၀၂၄) စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိသည့် အမှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မည့် စီမံချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးမြင့်ဇော်ဦး၏ ရှင်းလင်းတင်ပြဆွေးနွေးမှုများအပေါ် စားသုံးသူရေးရာကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးသိန်းဌေးက သိရှိလိုသည်များအား မေးမြန်းခြင်း၊ အဖွဲ့ဝင်များ၏တိုင်ကြားမှုများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး နံနက်(၁၀:၁၅) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)

“စျေးကွက်အတွင်း ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်‌ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိကွင်းဆင်း”

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစား‌‌သောက်ကုန်များ စျေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တချို့ဒေသများ၌ ပြင်းထန်သောဝမ်းရောဂါကူးစက်မှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့် ‌ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျောက်ဆည်မြို့နှင့် စဉ့်ကိုင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းများရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ဝမ်းရောဂါနှင့်ပတ်သက်ပြီး ဆေးပစ္စည်းအမျိုးအမည်၊ တင်သွင်းထုတ်လုပ်သည့်ကုမ္ပဏီအမည်၊ ဆေးဝါးလက်ကျန်အပေါ်မူတည်၍ ရောင်းချနိုင်သည့်ကာလနှင့် ထမ်မံမှာယူနိုင်မည့်အခြေအနေများကို အသေးစိတ်မေးမြန်းပြီး ဆေးဆိုင်ပေါင်း(၁၁)ဆိုင်အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာ၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်ဒေသဝင်ငွေတိုးရေးစီမံကိန်း “သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” သို့တက်ရောက်လာသော သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲအား (၁၇-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ နယ်၊ တောင်ဇင်ကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်များကိုလည်းကောင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များ၊ တားမြစ်ချက်များကိုလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီးနောက် သင်တန်းသူ/သင်တန်းသားများက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် သင်တန်းဆရာ/ဆရာမနှင့် သင်တန်းသူ/သင်တန်းသား(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - HighLight News