Main menu

HighLight News

Powered by Drupal

မြိတ်မြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္ဏည်းအမျိုးမျိုးအ‌ရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး အ‌ရောင်းဆိုင်များသို့သွားရောက်၍  အန္တရာယ်ဖြစ်စေနိုင်သော ကလေးအသုံးအဆောင်ပစ္စည်းများ စျေးကွက်တွင်ရောင်းချနေခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစစ်နှင့်တူသော ကလေးကစားစရာသေနတ်အမျိုးမျိုးနှင့် ဆိုးဆေးပါဝင်သောကစားစရာများအားရောင်းချမှုမရှိစေရေးအဓိကထားစစ်ဆေးခဲ့ပြီး ပျက် စီးလွယ်ထိခိုက်လွယ်သော ကလေးအသုံးအဆောင်ပစ္စည်းများမရောင်းချစေရန်၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်စည် များရောင်းချရန်မှာကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သထုံမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

      မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁-၆-၂၀၂၄ ရက်နေ့တွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူများသည် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

     အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

     ၂၁-၆-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက "Talk Show" ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံကလည်း ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ တိုင်းကြားမှုအပေါ်  စိစစ်ဆောင်ရွက်ချက်များ၊ နစ်နာဆုံးရှုံးသည့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများ၊ အရေးယူမှုအခြေအနေ၊ ဥပဒေအရ ချမှတ်သည့် အမိန့်တစ်ရပ်ရပ်အား ကျေနပ်မှုမရှိပါက အယူခံဝင်နိုင်သည့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊ ဇွန်လ  ၂၂ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ လာရောက်ဝယ်ယူကြသည့်ဝန်ထမ်းများ အလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ တစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သားလျှင် ၃၀၅၀ကျပ်နှုန်းဖြင့် ၃၅၂ပိဿာကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာအသိပညာပေး Talk Show ဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၂၁-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

         အသိပညာပေးဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက ယခုအသိပညာပေးရခြင်းသည် စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို ကျေကျေညှပ်ညှပ်သိရှိနားလည်းနိုင်ရန် Online မှတစ်ဆင့် ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ စားသုံးရေးရာဦးစီးဌာန၏ လုပ်ဆောင်နေသောလုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန် အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်၊ သတင်းအချက်အလက်မှန်ကန်စေရန်၊ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာစိတ်ကျေနပ်မှုရှိစေရန်၊ လုပ်ငန်းရှင်များဥပဒေနှင့်အညီဆောင်ရွက်ရန်၊  စားသုံးသူအခွင့်အရေးနစ်နာမှုများကိုကာကွယ်ရန်၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့ပေါ်ပေါက်စေရေး ကူညီဆောင်ရွက်ရန်၊  စားသုံးသူတို့ ဘေးအန္တရာယ်ဖြစ်စေသောကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်းကိုပြောကြားဆွေးနွေးခဲ့ပါသည်။

        နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသောကုန်စည်ကို အသုံးပြုနိုင်ရန်အတွက် ဥပဒေဖြင့် ကာကွယ်ထားသည့်အကြောင်းအရင်းကို ရှင်းလင်းဖြေကြားရာ ဘေးအန္တရာယ်ကင်းသော ကုန်စည်ကိုအသုံးပြုလိုပါက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါဝင်သော ကုန်စည်မျိုးကိုသာ ရွေးချယ်အသုံးပြုကြရန်၊ ကုန်အညွှန်းအပြည့်အစုံပါဝင်သော ကုန်စည်တစ်ခုကိုကြည့်၍ ကုန်စည်တွင်ဖော်ပြပါဝင်သော ကုန်အညွှန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲပါက စားသုံးသူထိခိုက်နစ်နာမှုကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ အကယ်၍ စားသုံးသူများအနေဖြင့် မိမိတို့ရရှိထားသည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိလာပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း၊ ဌာန၏ Website ဖြစ်သော doca.gov.mm   မှလည်းကောင်း၊ Call Center ဖုန်းနံပါတ်ဖြစ်သော ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်၍ တိုင်းကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှု များနှင့်ပတ်သက်၍ တိုင်ကြားမှုများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်းကို စားသုံးသူပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်(၁၆) ဆိုင်အား  (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

     ထိုသို့စစ်ဆေးရာတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးဆီကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက မအူပင်မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား  ဆီသိုလှောင်ထားခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆီရောင်းချသူဆိုင်ရှင်များကို စားသုံးဆီများ သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်ပြည့်ဝစွာမှန်ကန်စွာရောင်းချရေး၊ စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊   ဈေးနှုန်းတည်ငြိမ်စွာ ပြည်သူများဝယ်ယူစားသုံးနိုင်ရေးတိုအတွက်  စစ်ဆေးရေးအဖွဲ့က အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး စားသုံးဆီရောင်းချသည့်  ဆိုင်များအား သတ်မှတ်ဈေးထက်  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့်   ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့်  အရေးယူဆောင်ရွက်သွားမည့်အရာများကို  ဆိုင်ရှင်များအားရှင်းလင်းပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)                     

ညောင်တုန်းမြို့နယ်တွင် စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း  စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိကို ညောင်တုန်းမြို့ပေါ်ရှိဆီဆိုင်(၁၃)ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ ဆီအရောင်းဆိုင်(၁၃)ဆိုင်သို့သွားရောက်ကွင်းဆင်း၍  ဆီသိုလှောင်ထားခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆီရောင်းချသည့်ဆိုင်ရှင်များအား မြေပြင်အခြေအနေမှန်နှင့်ကိုက်ညီမှုရှိ/မရှိကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ ဆီရောင်းချသူလုပ်ငန်းရှင်များကလည်း ၎င်းတို့ရောင်းချသော အပတ်စဉ် ဆီခွဲတမ်းရရှိမှုအရေအတွက်၊ နေ့စဉ်ဆီရောင်းချနိုင်မှု ပိဿာချိန်၊ ဖြန့်ဖြူးရောင်းချသည့်နေရာ၊ နေရပ်လိပ်စာများကို စာရင်းပြုစု၍ စနစ်တကျရောင်းချထားခြင်းအခြေအနေများကိုတင်ပြကြသည်။  ဆက်လက်၍ စစ်ဆေးရေးအဖွဲ့က သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းရှင်များကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားဆီဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းရှင်များက အကျိုးအမြတ်ရရှိရေးကိုသာမကြည့်ဘဲ ပြည်သူများ၏လိုအပ်ချက်ကို မှန်ကန်စွာရရှိစေရေးကိုလုပ်ဆောင်ကြရန်၊ ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်၍ ညောင်တုန်းဈေးကွက်အတွင်း ရောင်းချသောဆီများမှာ သတ်မှတ်ရည်ညွှန်ဈေးဖြင့်သာရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊    အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့၊ ချောင်းဝရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက အိမ်မဲမြို့၊ ချောင်းဝရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များ၌ ရောင်းချနေသောစားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဌာနအနေဖြင့် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံးစာဖတ်ဝိုင်းရှိ လူငယ် (၁၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအသိပညာပေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြချက်များတွင် ရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန်နှင့် အီလက်ထရောနစ်အငွေ့ရှူစက်များနှင့်ပနါသက်၍ သိကောင်းစရာအကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် (မုံရွာမြို့) သူနာပြုနှင်းသားဖွားသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ ၊ပထမနှစ်၊ တတိယနှစ် ကျောင်းသား/သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

   အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီးဒေါ်ဆုဆုထိုက်က နှုတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး  တိုင်ဒေသကြီးဦစီးမှူးက ဝန်ကြီးဌာန၏သမိုင်းကြောင်းနှင့် ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊  လုပ်ငန်းတာဝန်များကိုနိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်နေရပါကြောင်း၊ အဓိကစားသုံးသူများနစ်နာ၍ တိုင်ကြားလာမှုများကို မှန်မှန်ကန်ကန်ရရှိဖြေရှင်းနိုင်ရေး ၊အထက်မှညွှန်ကြားချက် လမ်းညွှန်မှုများအား ထိထိရောက်‌ရောက်ဆောင်ရွက်နိုင်ရန် လျာထားချက်များနှင့်အညီဆောင်ရွက်ခြင်းများ ၊ကုန်အညွှန်အမှတ်အသားများအချက်အလက်ပြည့်စုံစေရန်များအကြောင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဟောပြောခြင်း၊ ဒု-တိုင်းဒေသကြီး ဒေါ်ရီလင်းထွဋ်က စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည်တာဝန်များအကြောင်း၊ မူပိုင်ခွင့်မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးသဖြင့်တိုင်ကြားမှုကို လက်ခံညှိ့နှိုင်းဖြေရှင်းဆောင်ရွက်မှုနှင့်ဖြေရှင်းပြီးစီးမှုအကြောင်းများကို Video ကလစ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူဌာနခွဲတာဝန်ခံဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ လိုက်နာရမည့်အ‌ချက်များအကြောင်းများဆွေးနွေးရာ တက်‌ရောက်လာသူများမှ သိလိုသောမေးမြန်းမှုများအား တိုင်းဒေသကြီးဦးစီးမှူးက ပြည့်စုံစွာရှင်းလင်း၍ ဌာန၏ပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News