
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကို အခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ဝ”တစ်လုံး ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
