Main menu

HighLight News

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရွှေကြာသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ တိုင်းဒေသကြီး ကိုယ်စားပြုအသင်း အဆင့်မီ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ''ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ''ကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသူများကိုစခန်းသွင်းလေ့ကျင့်ပေးပြီး  တိုင်းဒေသကြီးအတွက် ဂုဏ်ဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဒိုင်အဖွဲ့ကလည်း စနစ်တကျ ရွေးချယ်ရန်လိုပါကြောင်းနှင့် ပြိုင်ပွဲဝင်များကလည်း ကြိုးစားယှဉ်ပြိုင် သွားကြစေလိုကြောင်းအမှာစကားပြောကြားခဲ့ကြောင်း သိရှိသည်။

 

            ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ခရိုင် ကိုယ်စားပြု ခတ္တာစင်တော်၊   ရေကြည်မြို့နယ်ကိုယ်စားပြု အင်ကြင်းစင်တော်၊ မြန်အောင်ခရိုင် ကိုယ်စားပြု စံပယ်စင်တော်၊ မြောင်းမြခရိုင်ကိုယ်စားပြု ကံ့ကော်စင်တော်၊ ဟင်္သာတခရိုင် ကိုယ်စားပြု ဇလပ်စင်တော်၊ ဖျာပုံခရိုင်ကိုယ်စားပြု ပိတောက်စင်တော်၊ ကျုံပျော်ခရိုင် ကိုယ်စားပြု ဒေါနစင်တော်တို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

            ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသော အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည်  ရက်လုပ်ပြီးသော ရွှေကြာသင်္ကန်းများအား ဝိနည်းတော်နှင့်အညီ ချုပ်လုပ်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရွှေမင်းသားဆပ်ပြာလုပ်ငန်းစက်ရုံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၆.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၈၀)၊ ပန်းတဉ်း ဝန်ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေမင်းသားဆပ်ပြာလုပ်ငန်းစက်ရုံသို့ သွားရောက်၍ ဆပ်ပြာအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ် ရေးမှူးပါ(၂)ဦးနှင့် ဇုန်ကော်မတီရုံးမှ ဦးနေမျိုးဦးတို့မှပူးပေါင်းပါဝင်လျက် ဒေါ်နီလာဦးဦးစီးမှူးမှ ရွှေမင်းသားတံဆိပ်ဖြင့် ဆပ်ပြာလုပ်ငန်းတွင်ထုတ်လုပ်သော အဝတ်လျှော်ဆပ်ပြာတောင့်နှင့် ဆပ်ပြာရည်တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု/ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ရာ (၆)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၃:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မဝါအထည်ဆိုင်သို့ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၆.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် အမှတ်(၈၈၅)၊ ရွှေမော်တင်ဘုရားကြီးလမ်း၊ မှော်ဘီမြို့နယ်ရှိ မဝါအထည်ဆိုင်သို့ သွားရောက်၍ Online Slae မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရာတွင် အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အသိပညာပေးဟောပြောခြင်း

            ၁၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.လ.က(၄) အလယ်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ကျော်နှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန် ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

             ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ် အ.ထ.က(၂) အထက်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်မင်းနှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

            ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၂:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.မ.က(၁၇) မူလတန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းနှင့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၇၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံမွေးမြူရေးဇုန်နှင့် ကျေးရွာများ ဖွံ့ဖြိုးမှုလုပ်ငန်းများ ခရိုင်အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေး”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံ မွေးမြူရေးဇုန်နှင့် ကော့မှူးမြို့နယ်အနောက်ခြမ်းကျေးရွာများ၏ ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများအား ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်  စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ခရိုင်မြေစာရင်းဦးစီးဌာနမှူးတို့သည် ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု၊ ဆူးကလပ်ရာဘာခြံ မွေးမြူရေးဇုန်နှင့် ရှင်းလင်းဆောင်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ပန်းတိုင်အထွက်နှုန်းတိုးရေး၊ လယ်ယာမြေများကွင်းပြည့်စိုက်ပျိုးနိုင်ရေး၊ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ Seeder ဖြင့် စိုက်ပျိုးနိုင်အောင် စည်းရုံးဆောင်ရွက်ရေးတို့အား ဆွေးနွေးမှာကြားခဲ့ပြီး ဆက်လက်၍ ညောင်ကုန်းကျေးရွာအုပ်စုနှင့် မဆယ်ဆိပ်ကျေးရွာအုပ်စုရှိ ဝက်မွေးမြူရေးခြံနှင့် စက်ရုံတို့အား အခြားနည်းအသုံးပြုခွင့်ကျသည့် နေရာများအား ခွင့်ပြုသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းရှိ/ မရှိ၊ ကျိုက်ထော်(မ)ကျေးရွာ အတွင်းရှိ မြစ်ရေတင်လုပ်ငန်း၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် ကျိုက်ထော်-ကျုံလတာ- အောက်ကျောင်း-ဥတို-သမဲ့)လမ်းအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်ရှိဆေးဆိုင်များရှိဆေးဝါးများ၏ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဆေးဝါးအမျိုးမျိုးတို့အား ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ညွှန်ကြားချက်နှင့်အညီ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့သည် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့၏ဆေးဆိုင်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးအမျိုးမျိုးတို့အား စံချိန်စံညွှန်းနှင့်ကိုက်ညီသောဆေးဝါးများ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကို သာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သက်တမ်းလွန်ဆေးဝါးများ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများနှင့် စပ်ဆေးများအား ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချ ခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ဒလမြို့နယ်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား သတ်မှတ်ထားသောကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံ ဦးသန်းထွန်းတို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၊စည်ပင်သာယာမြို့မဈေးအတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၌ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် စည်ပင် သာယာမြို့မဈေးတာဝန်ခံ ကောင်းထက်ကိုကို တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းများ ရောင်းချလျက်ရှိသောဆိုင်များသို့ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်း အမျိုးမျိုး(၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မဖြစ်မနေဖော်ပြရမည့် အချက်(၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News