Main menu

ဟင်္သာတခရိုင်နှင့်မြန်အောင်ခရိုင်အတွင်း မြို့နယ်များ၌ Online Sale လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဟင်္သာတမြို့နယ်၊ ဥယျာဉ်မြောက်ရပ်ကွက်ရှိ တိုးဟေမာန် ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်၊ ဘုရားကြီးရပ်ကွက်ရှိ မစန္ဒီ နိဗ္ဗာန်ကုန်ပစ္စည်းအရောင်းဆိုင်၊ ခြင်ဘို့ကျေးရွာအုပ်စုရှိ Technology For You ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း၊ ပျဉ်းမချောင်းရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်းနှင့်အထည်အလိပ်လုပ်ငန်းနှင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အိမွန်ကျော်လူသုံးကုန်နှင့် အလှကုန် ပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အွန်လိုင်းမှတ်ပုံတင် လျောက်ထားခြင်းနှင့်စပ်လျဉ်း၍ကိုက်ညီရမည့်အချက်များ၊ အထောက်အထားများ၊ မှတ်ပုံတင်လက် မှတ်ရရှိသူ၏တာဝန်နှင့် အခွင့်အ‌ရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်း ဆိုင်ရာအကြောင်းအရာများ၊ Online Sales မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍သိရှိရန်အချက်များ၊ အွန်လိုင်းလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)