Main menu

မြန်အောင်မြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၃)ရပ် ကွက၊ ဘုရာလမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ဦးတင်မြင့် အလှကုန် လက်လီ/ လက္ကား အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းခဲ့ရာတွင် Online စနစ်ဖြင့်ရောင်းချနေသောအ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန် တစ်ကယ် တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ဦးတင်အောင်နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA  (ဧရာဝတီ)