Main menu

HighLight News

Powered by Drupal

ကျိုင်းတုံမြို့ရှိ မြတ်ကြယ်စင်အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားပြီး ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းရှင်အား သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့်ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သား များ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် စက်ရုံသန့်ရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

မွန်ပြည်နယ်ဦးစီးမှူးသည် ဆီလုပ်ငန်းရှင်များနှင့်‌တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ( ၂-၁၂-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်အတွက်ခွဲဝေရရှိသည့် စားအုန်းဆီများကို မြို့နယ် (၁၀) မြို့နယ်သို့ လူဦးရေအချိုးအစားအလိုက် ဖြန့်ခွဲရောင်းချမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့‌ တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်(မူကြမ်း)နှင့် စပ်လျဉ်း၍လည်းကောင်း၊ မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်သို့ဖြန့်ခွဲရောင်းချရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်အလိုက် ဆိုင်တင်ရောင်းချမည့် ဆိုင်များစာရင်းတင်ပြရန်ကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်း/ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် (၁-၁၂-၂၀၂၃) ရက်နေ့တွင် လူမှုကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်စုစုပေါင်း (၂၄) ဦးတက်ရောက်ခဲ့သည်။

   အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ရန်ပုံငွေရရှိမှုနှင့် ကူညီထောက်ပံ့ပေးခဲ့မှုအား ပြောကြားခြင်း၊ မတည်ရန်ပုံငွေများထည့်ဝင်လှူဒါန်းခြင်း၊ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် (၇) ချက်ချတ်မှတ်ခဲ့သည်။ ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး အသင်းနှစ်ပတ်လည်အခမ်းအနားကိုလည်း နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးရှင်းလင်းခြင်းကို (၃၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ကဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)က  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်း၍ အဂတိလိုက်စားမှုပြဿနာပေါ်ပေါက်နိုင်သောအခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှုများဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင် ငွေကြေးပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးခြင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူခြင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုသိရှိနားလည်ပြီး အဂတိကင်းစင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/ လုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အဂတိတရားကင်းရှင်းစွာ အလေးထားဆောင်ရွက်နိုင်ရေး အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်နယ်မှ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

           

ချောင်းဆုံမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည်  (၃-၁၂-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်၊ ရွာလွတ်ကျေးရွာနှင့် မုဒွန်းကျေးရွာတို့၌ စားဆီများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများကို ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်၊ ရွာလွတ်ကျေးရွာနှင့် မုဒွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးတစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

စားသုံးဆီထုတ်လုပ်/ထုပ်ပိုးသော လုပ်ငန်းရှင်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးသင်တန်းပြုလုပ်

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခန်းမ၌ စားသုံးဆီထုတ်လုပ်/ထုပ်ပိုးသော လုပ်ငန်းရှင်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးသင်တန်းပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးက အရာထမ်း/အမှုထမ်း(၅)ဦး၊ ဆီစက်လုပ်ငန်းရှင်(၁၂)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၈)ဦးတို့တက်ရောက်ခဲ့ကြပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာပြည့်ဖြိုးက ကောင်းမွန်သန့်ရှင်းသောထုတ်လုပ်မှုကျင့်စဉ်နှင့် စားသုံးဆီထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းလဲ့ဖြူက အသင့်ထုပ်ပိုးထားသောအစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်အမှတ်(၈/၂၀၂၂)တွင်ပါဝင်သည့် မဖြစ်မနေဖော်ပြရမည့်အချက်များနှင့် FDA ‌ထောက်ခံချက်ရရှိရန် ဆောင်ရွက်ထားရှိရမည့် အချက်(၇၂)ချက်တို့ကိုရှင်းလင်းပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာဥက္ကာဖြိုးက အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား Online e-submission system ဖြင့် လျှောက်ထားနိုင်မှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံးမှုစစ်ဆေးခြင်း (Post Test) ပြုလုပ်၍ တက်ရောက်လာသော ဆီလုပ်ငန်းရှင်များအား သင်တန်းတက်ရောက်ကြောင်းလက်မှတ်များပေးအပ်ပြီး ညနေ (၁၆း၀၀)နာရီအချိန်တွင် သင်တန်းပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(နေပြည်တော်)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    တိုင်းဦးစီးမှူးမှ ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသောလုပ်ငန်းအခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲမှူးများကလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တက်ရောက်လာသောဦးစီးမှူးများနှင့် သက်ဆိုင်ရာခရိုင်မှူးများကလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများ၊ တင်ပြလာမှုအပေါ် တိုင်းဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံများက ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၅/၂၀၂၃)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်

  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နံနက်(၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (/၂၀၂၃)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက မကွေးတိုင်းဒေသကြီး (/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က အမှာစာ(၈)စောင်ကို ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များရယူခဲ့ပါသည်။

  အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

တောင်ငူမြို့၊ ကျောင်းကုန်းမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၏ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ဆောင်ရွက်ချက်များကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဆက်လက်၍ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားမှုများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာသုံးစွဲရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၈၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံသည် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

    စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူ ခိုင်နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News