Main menu

HighLight News

Powered by Drupal

ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၃)ဦးတို့သည် ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၄၀) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၄၀)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးကိုယ်စား ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ဦးဆောင်၍ ပြည်နယ်ရုံးမှဝန်ထမ်းများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     အခမ်းအနားတွင် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထုဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ရှေးဦးစွာ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်စီမံချက်များရေးဆွဲရန်၊ ရုံးအဝင်/အထွက်မှတ်တမ်းစာအုပ်ထားရှိရန်နှင့် ဌာနခွဲအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်နှင့် အမှန်ဆောင်ရွက်နိုင်မှုအပေါ် အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တင်ပြရန်ပြောကြားခဲ့သည်။ အစီအစဉ်အရ ပြည်နယ်ရုံးမှ ဌာနခွဲတာဝန်ခံများက မိမိတို့၏လုပ်ငန်းဆောင်ရွက်နိုင်  မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဆော်ထုတ်ပွဲအခမ်းအနားတွင် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ်  ပြည်နယ်ဦးစီးမှူးကိုယ်စား ဦးစီးအရာရှိ  ဦးမျိုးဝင်းနိုင်က  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

     အစည်းအဝေးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် (၁၂)ချက်နှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ချက် (၃)ချက်ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်နယ်ရုံးမှ ဝန်ထမ်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)

                                               

ဆင်ပေါင်ဝဲမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း "ပုဇွန်"အမှတ်တံဆိပ်စားသုံးဆီများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒု-ကြီးကြပ်ရေးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၁-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များ၌ တရားမဝင်တင်းသွင်းလာသည့် "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချနေမှုရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း တရားမဝင်တင်သွင်းလာသည့် "ပုဇွန်"အမှတ်တံဆိပ် စားသုံးဆီများကို ရောင်းချမှုးမရှိကြောင်းတွေ့ရှိခဲ့ရပြီး မြို့နယ်ရဲတပ်ဖွဲ့က တရားမဝင်ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုစေရန်နှင့် တရားမဝင်ကုန်ပစ္စည်းများရောင်းချခြင်းကိုတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဦးက ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

         

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday Talk ကျင်းပပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောပွဲဆွေးနွေးခြင်း (၁၁/ ၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။

    Thursday Talk ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ဒေါ်နှင်းယုမွန်  (အငယ်တန်းစာရေး) သည် ဌာနခွဲ၏ နေ့စဉ်၊ လစဉ်ဆောင်ရွက်ချက်မျာ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၃) ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော စည်တော်၊ ပစ်တိုင်းထောင်၊ ပြည့်ရာဇာ၊ လရောင်စစ် စသည့်စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ချင်တွယ်မှုမှန်ကန်စေရေး၊ ဆိုင်းဘုတ်များတင်ပြ၍ ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လတ်မှုရှိ/ မရှိကိုစစ်ဆေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိဌာနများကလည်း စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် တရားဝင်ခွင့်ပြုလိုင်စင်များ၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန် ဆွေးနွေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဈေးနှုန်းများကို နေ့စဉ် ဆိုင်းဘုတ်များဖော်ပြထားရှိစေပြီး ပြည်သူများသိသာမြင်သာနိုင်သောနေရာတွင် ထားရှိရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိကြောင်းနှင့် စက်သုံးဆီဖြန်ဖြူးရောင်းချမှု၊ ရပ်နားနေမှုများမရှိပါကြောင်း အရောင်းဆိုင်မန်နေဂျာများ၏ ပြောပြချက်အရသိရှိရပါသည်။    

DOCA(မကွေး)

         

“ကော့မှူးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မိုးစပါးစံပြကွက်ရိတ်သိမ်းမှုအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ (၂၀၂၂-၂၀၂၃)ခုနှစ်၊ မိုးစပါးရာသီ စပါးစံပြကွက်ရိတ်သိမ်းနိုင်ရေးကို ကော့မှူးမြို့နယ်၊ ဌာနဆိုင်ရာများဖြင့်  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်အားပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်သူ/ သားများ၊ ပြည်သူများအား အချိန်မီအသိပေးဟောပြောစည်းရုံးထားကြရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်မံအုပ်ချုပ်ရေးအဖွဲ့၊ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ မြို့နယ်ဦးစီးမှူးများတက်ရောက်ခဲ့ကြပြီး (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးစပါးကို ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးဝဲ/ ယာရှိ ကျေးရွာများတွင် ရိတ်သိမ်းမည်ဖြစ်သည့်အတွက် လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်တို့ကို ညှိနှိုင်းစည်းဝေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ ကော့မှူးမြို့နယ်တာဝန်ခံက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကော့မှူးမြို့နယ်၊  ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာ၌ စက်သုံးဆီရောင်းချပေးလျက်ရှိသော ရတနာဆီဆိုင်၊  ဗိုလ်ချုပ်လမ်း၊ ဇလုပ်ကြီးကျေးရွာမှ  Max ဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ အဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်တို့သို့သွားရောက်၍ စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/ မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှုရှိ/ မရှိ၊ လုပ်ငန်းရှင်များနှင့်လယ်သမားများ လာရောက်ဝယ်ယူရာတွင် အပြည့်အဝရောင်းချဖြန့်ဖြူးပေးနိုင်မှုရှိ/ မရှိတို့ကိုမေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူသည် ဆီဆိုင်တွင်သတ်မှတ်ထားသည့် ဆီခွဲတမ်းများကိုလည်း အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၊ လယ်သမားများအား လိုသလောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီများရှိပါလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များအား စိစစ်ဆောင်ရွက်လျက်ရှိနေသည့်အတွက် သုံးစွဲသူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်  ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန်များမှ  စက်သုံးဆီများကို လုံလောက်စွာဖြည့်တင်းဆောင်ရွက်‌ပေးလျက်ရှိနေသည့်အတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ စက်သုံးဆီများ ပုံမှန်ရောင်းချပေးနိုင်ရေးတို့ကို အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                            

ရန်ကုန်မြို့၌ ၂၀၂၃ခုနှစ်၊ စက်မှုထုတ်ကုန်ပစ္စည်းများ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ကုန်ထုတ်လုပ်မှုစက်ယန္တရားနည်းပညာပြပွဲကျင်းပ

    အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်သောငွေကြေးအရင်းအနှီး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး လိုအပ်သောအထောက်အပံ့များဆောင်ရွက်ပေးနိုင်ရန်၊ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များကို အားပေးမြှင့်တင်ရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်‌ရေးအတွက် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်   အထောက်အကူဖြစ်စေမည့် ကဏ္ဍတစ်ရပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြပွဲများကျင်းပပေးလျက်ရှိရာ “၂၀၂၃ခုနှစ်၊ စက်မှုထုတ်ကုန်ပစ္စည်းများ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ကုန်ထုတ်လုပ်မှုစက်ယန္တရားနည်းပညာပြပွဲ” ကို (၂၅-၁၁-၂၀၂၃)ရက်နေ့မှ (၂၇-၁၁-၂၀၂၃)ရက်နေ့အထိ ဒဂုံမြို့နယ်၊ ပြင်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စည်ကားသိုက်မြဲစွာကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအ‌ရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ရောင်းချသော ထုတ်ကုန် ပစ္စည်းအရောင်းပြခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၄၄၅ခန်းကျော်ပြသရောင်းချမည်ဖြစ်ကြောင်းနှင့် နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့်ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်းပစ်ဖောက်မည့်အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)                                 

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့်ဝယ်ယူနေရကြောင်း၊ အငှားယာဉ် TAXI များသည် အမှန်တကယ်အသုံးပြုရန်ထက်ပိုမို၍ တစ်ရက်လျှင် ဆီနှစ်ကြိမ်၊ သုံးကြိမ်ထည့်နေသည့်အတွက် အမှန်တကယ်သုံးစွဲရန်လိုအပ်သော ပြည်သူများနစ်နာမှုများမဖြစ်ပေါ်စေရေးတို့အတွက် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်၊ ဒုမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မြေပြင်အခြေအနေအား သိရှိနိုင်ရန်အတွက် ကွင်းဆင်း၍  သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်မှုမရှိကြောင်း၊ အကန့်အသတ်ဖြင့်လည်းရောင်းချခြင်းမရှိကြောင်း၊ ခွဲတမ်းရရှိမှုအပေါ် လိုသလောက်ရောင်းချပေးလျက်ရှိကြောင်းနှင့် အငှားယာဉ် TAXI များမှာလည်း အမှန်တကယ်အသုံးပြုရန်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သင်္ကန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၈-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့်ဝယ်ယူနေရကြောင်း၊ အငှားယာဉ် TAXI များသည် အမှန်တကယ်အသုံးပြုရန်ထက်ပိုမို၍ တစ်ရက်လျှင် ဆီနှစ်ကြိမ်၊ သုံးကြိမ်ထည့်နေသည့်အတွက် အမှန်တကယ်သုံးစွဲရန်လိုအပ်သော ပြည်သူများနစ်နာမှုများမဖြစ်ပေါ်စေရေးတို့အတွက် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မြေပြင်အခြေအနေအား သိရှိနိုင်ရန်အတွက် ကွင်းဆင်း၍  သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်ခြင်းမရှိကြောင်း၊ အကန့်အသတ်ဖြင့်လည်း ရောင်းချခြင်းမရှိကြောင်းနှင့် ခွဲတမ်းရရှိမှုအပေါ် လိုသလောက်ရောင်းချပေးလျက်ရှိကြောင်းနှင့် အငှားယာဉ် TAXI များမှာလည်း အမှန်တကယ်အသုံးပြုရန်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News