Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဆန်စပါးကုန်သည်အသင်းနှင့်တွေ့ဆုံ

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်ဆန်စပါးကုန်သည်အသင်း၏ ဒု-ဥက္ကဋ္ဌ ဦးသိန်းလှနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   မြို့နယ်ဆန်စပါးကုန်သည်အသင်း၏ ဒု-ဥက္ကဋ္ဌ ဦးသိန်းလှနှင့်တွေ့ဆုံဆွေးနွေးရာတွင် ယခုလက်ရှိဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊   အသင်း၏  လက်ရှိဆောင်ရွက်နိုင်မှု အခြေအနေများ၊    ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းရှင်များ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲစိန်ခေါ်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မြိတ်တွင် ပုံစံတူ Sprite အချိုရည်များကို စျေးကွက်စောင့်ကြည့်စစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ မြိတ်မြို့အတွင်း အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ထိုင်းဘာသာနှင့်ပုံစံတူ Spirit အချိုရည်များရောင်းချနေမှုအား ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     Sprite အချိုရည်ကို Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်မှစတင်၍ အချိုရည်များကို ပြည်တွင်း၌ တရားဝင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ယခုအခါ ဈေးကွက်အတွင်း ၎င်းကုမ္ပဏီကထုတ်လုပ်သည့် Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသော ထိုင်းဘာသာဖြင့်ဖော်ပြထားသည့် Sprite အချိုရည်များ စျေးကွက်တွင် ရောင်းချနေကြောင်းသိရှိရသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ရောင်းချနေသောကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့်ဖော်ပြထားသော Spirit အမှတ်တံဆိပ်နှင့် ပုံစံတူအချိုရည်များရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား‌ စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်အမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီ၏ ပြည်တွင်း၌   Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူသော/ FDA မှတ်ပုံတင်ထားခြင်းမရှိသော/ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော Sprite အချိုရည်အတုများ စျေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးကာ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားအပြည့်အစုံဖော်ပြထားရှိသော ကုန်ပစ္စည်းများရောင်းချနိုင်ရေး အသိပညာပေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ) 

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည့်အချက်များကို Online Sales Bussiness  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရှင်က စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

     ထို့သို့လာရောက်တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က Online Sales Bussiness  အမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ လုပ်ငန်းရှင်များက မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် (၂၁-၇-၂၀၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃) ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းရောင်းချခြင်းလုပ်ငန်းကိုမှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ချိန် ၆လရရှိပါကြောင်း၊ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုများကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့်ဝန်ဆောင်မှုပေး၍ ရောင်းချသောလုပ်ငန်းများအားလုံးအကျုံးဝင်ပါကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေးသောလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လတ်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ရှိမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပြင်ပတွင် သတင်းပျံ့နှံ့နေသောအွန်လိုင်းဝန်ဆောင်ခ ၁၂သိန်းကျပ်ဆိုသည်မှာ မဟုတ်ပါကြောင်း၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခတို့ကို ဦးစီးဌာနက တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က (၄-၇-၂၀၂၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ဖြင့်ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့်အမိန့်ထုတ်ပြန်ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အခွင့်အာဏာအပ်နှင်းခဲ့ပါသည်၊၊

DOCA(ကရင်)

 

                            

မင်းလှမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကကြီးကြပ်၍ မင်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ မင်းလှမြို့နယ်၊ ဇရစ်ချောင်းကျေးရွာအုပ်စု၊ ဆင်အိုင်ကျေးရွာ၊ အခြေခံမူလတန်းကျောင်းသို့ (၂၁-၇-၂၀၂၃) ရက်နေ့တွင်သွားရောက်ပြီး စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

    ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းလှမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးကာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများအား ယခုအရွယ်မှပင်စတင်၍ အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ကြည်ရှု့စစ်ဆေးဝယ်ယူနိုင်ရေး၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ (၄) ဦး၊ ကျောင်းသား/ကျောင်းသူ (၉၄) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည့်အချက်များကိုမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့၊ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၌ (၂၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီသည် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်ဦးဇော်မျိုးဝင်းနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသောကုန်စည်များကိုသာရောင်းချရန်၊ ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း (၁၁) ပါ  အန္တရာယ်ကင်းသောစားသောက်ကုန်ဖြစ်စေရေး အထူးအလေးပေးဆောင်ရွက်ရန်ကိစ္စရပ်များကိုဆွေးနွေးပြောကြားခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ၂၀၂၃ခုနှစ် ဇူလှိုင်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ ပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့၊ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဖြူးမြို့ နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့တွင် ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ဖြူးမြို့၊ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူ ၅၈ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၂၁ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ ညောင်ကားယား၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ ၁၄၆ဦးကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ပေးနေမှုများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားကိုဖတ်ရှုရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့်အညီ လိုက်နာဆောင်ရွက်ရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကိုဟောပြောဆွေးနွေးခဲ့ပါသည်။

              ထို့တူ ပူးပေါင်းအဖွဲ့ဝင်များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများကိုဟောပြောခဲ့ကြောင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့၊ အခြေခံညာအထက်တန်းကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကိုကျင်းပပေးလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသိပညာပေးဟောပြောပွဲများကိုကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို အကျယ်တဝင့်ဟောပြောခဲ့ပါသည်။

   ပူးပေါင်းပါဝင်သည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများကလည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည်များကို အသိပညာပေးဟောပြောခဲ့ကြောင်း၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၃၀၀ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၅၄၀ဦးတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးအောင်ဝင်း (အုတ်တွင်းမြို့နယ်တာဝန်) သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ အုတ်တွင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေးတာဝန်ခံ ဦးအောင်သူထွန်းတို့ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင်ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ပူးပေါင်းအဖွဲ့ဝင်များသည် ကျွဲပွဲဈေးနှင့် ကျွဲပွဲမြို့ရှိ ကုန်စုံဆိုင်ကြီးများတွင်ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ၌ ခွင့်မပြုဓာတုပစ္စည်းများပါဝင်မှုမရှိစေရေးနှင့် သက်တမ်းလွန်ကုန်စည်များမဖြစ်စေရေးကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချသော အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများမဖြစ်စေရေးနှင့် သက်တမ်းလွန်ဆေးဝါးများမဖြစ်စေရေးကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကုန်စည်နမူနာများကိုကောက်ယူခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်သူ ဌာနခွဲစာရေး ဦးအောင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကို ရောင်းချခြင်းမပြုကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News