Main menu

HighLight News

Powered by Drupal

ပန်းတနော်မြို့နယ်ရှိ ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၂၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ထူးထက်ကျော်ကုန်စုံဆိုင်၊ ဦးဇော်ဇော်ဦး ALPhine ရေသန့်အရောင်းဆိုင်၊ ရပ်ကွက်(၁၀)ရှိ ဒေါ်တင်မွှေး ကုန်စုံဆိုင်၊ စိန်နှင်းဆီကုန်စုံဆိုင်၊ UNT သောက်ရေသန့်အရောင်းဆိုင် (၅)ဆိုင်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

    ထိုသို့စစ်ဆေးရာတွင် ပန်းတနော်ဆီအရောင်းဆိုင်ရှင်များကို ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ်အတွင်း သောက်ရေသန့်ဘူးများ၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုများပါဝင်သော ကုန်စည်ကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) အရ ကုန်စည်အုပ်စု(၈)မျိုးတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်း၍ သိရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်များကို မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့၊ ဈေးကွက်အတွင်းရောင်းချနေသော ရေသန့်ဘူးများတွင် ကုန်အညွှန်အမှတ်အသားပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၈-၁၁-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိရပ်ကွက်များ၌ရောင်းချနေသော ရေသန့်အမျိုးးမျိုးအား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။  

   ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးတာဝန်ရှိသူက လုပ်ငန်းရှင်များအား ကုန်စည် ၃မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်စည်တစ်မျိုးစီအတွက် သတ်မှတ်ထားသည့်အချိန်ကာလအတွင်း  ကုန်အမှတ်တံဆိပ်စစ်ဆေးဆောင်ရွက်မှုအခြေအနေကို သက်ဆိုင်ရာသို့ အချိန်နှင့်တပြေညီတင်ပြခြင်း၊  အရေးယူဆောင်ရွက်ထားမှုအခြေအနေ၊ ဆောင်ရွက်မှုကြောင့်ရရှိလာသည့်အကျိုးရလဒ်၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အပတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) အရ ကုန်စည်အုပ်စု(၈)မျိုးတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီး သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်များကို မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့ပေါ်ရှိ သောက်ရေသန့်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လွင်သည် (၂၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ရေသန့်အရောင်းဆိုင်နှင့် ဈေးအမျိုးမျိုးတွင်ရောင်းချနေသော ရေသန့်ဘူး လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်‌စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အမှတ်တံဆိပ်(သောက်ရေသန့်အမှတ်တံဆိပ်)ပါ သောက်ရေသန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်  သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုများပါဝင်သော ကုန်စည်ကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

သံတွဲမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း     (ဒု-ဦးစီးမှူး) နှင့် ဦးခင်ထွန်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်  (၂:၀၀) နာရီအချိန်တွင် သံတွဲမြို့နယ်၊ အ-မ-က (ရွှေကျောင်းပြင်)ကျောင်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါ  ဟောပြောပွဲတွင် အ-မ-က (ရွှေကျောင်းပြင်) မှ ကျောင်းအုပ်ဆရာကြီး ဦးမြလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး) က စားသုံးသူ‌ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် (၂၀)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဦးခင်ထွန်း(ဒု-ကြီးကြပ်ရေးမှူး) က မုန့်ပဲသားရေစာများတွင်ပါဝင်သော ဆိုးဆေးအန္တရာယ်များအကြောင်းနှင့် ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ကလေးငယ်များသဘောပေါက်အောင် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် စားသုံးသူကာကွယ်ရေး အ‌သိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်း(၆၀)ဦးအား စားသုံးသူကာကွယ်ရေး အ‌သိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က စားသုံးသူများတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခြင်း၊​ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်မှုအခြေနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာသော ဝန်ထမ်းများက သိလိုသည်များကိုမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားပေးခြင်းနှင့် တက်ရောက်လာသူများကိုစားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးကုန်စည်များအနက် (၁) မျိုးဖြစ်သည့် သောက်ရေသန့်များအား ဈေးကွက်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် သောက်ရေသန့်ဘူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ဖော်ပြထားခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသည်ကိုတွေ့ရှိရပြီး ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် သောက်ရေသန့်ဘူးများကိုသာ ဈေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်အရ ကုန်စည်အုပ်စုအလိုက်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်ပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

(၁၁/၂၀၂၃)လ ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ် စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စုစုပေါင်း(၄)ကြိမ်ပြုလုပ်ခဲ့ကြောင်းနှင့် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

နိုဝင်ဘာလအတွင်း ကန့်ဘလူခရိုင်၏ အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၁၀-၁၁-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများ၊ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုသတင်းများကို နေ့စဉ်ဖြန့်ဝေလျက်ရှိသည့် ဌာန၏ Website၊ Facebook Page စသည်တို့တွင် ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း၊ Consumer Call Center No. (1535) ကိုခေါ်ဆို၍ စားသုံးသူဆိုင်ရာကိစ္စရပ်များကိုမေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ (၁၁/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၇-၁၁-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂၃-၁၁-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊    သစ်ရာမြိုင်ရပ်ကွက်ရှိ “ကုဋေစိုး” ဆီစက်လုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ မိမိတို့၏ထုတ်ကုန်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၂၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဝါဝင်း”စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေခြင်းကိုစစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News