Main menu

HighLight News

Powered by Drupal

မောင်တောမြို့ပေါ်ရှိကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက် နေ့ နံနက် (၁၀:၀၀)အချိန်တွင် မောင်တောမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျှက်ရှိသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ သက်ဆိုင်ရာဌာန၏ ခွင့်ပြုထောက်ခံချက်ပါဝင်မှုရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျှက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဌာနမှထုတ်ပြန်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများအကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဆိုင်ရှင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)                                                                                                                                        

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် (၂.၈.၂၀၂၃) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ကျောင်းသူ(၁၂၀)အား အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ကြပါသည်။

   အဆိုပါဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရီုင်ဦးစီးမှူးဦးဇော်မင်းက စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်၊ ယခင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၆)ခုနှစ်က စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအဖြစ် သီးခြားပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေကို (၂၀၁၉)ကို ပြင်ဆင်ရေးဆွဲ၍ ပြည်ထောင်စုလွတ်တော်ဥပဒေ (အမှတ်-၉) ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့က အတည်ပြုဌာန်းခဲ့ပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုသိရှိနားလည်ရန် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများမိမိတို့ဝယ်ယူသည့်ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်သောကုန်စည်များကို ရွေးချယ်ဝယ်ယူတက်စေရန် ရှင်းလင်းခဲ့ပြီး စားသုံးသူ၏အခွင့်အရေး(၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူသုံးစွဲရာတွင်   စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်သော နည်းလမ်းများ၊ Consumer Call Center 1535 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားမေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင့်နှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) နေ့တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ညောင်တုန်းဆီစက်လုပ်ငန်းရှင်အသင်း အဖွဲ့ဝင်(၁၂)ဦးနှင့်တွေ့ဆုံ၍ ဆီစက်ကုန်ကြမ်းရရှိမှု၊ ဆီစက်ကြိုတ်ခွဲမှု၊ ဆီဈေးကွက်အခြေအနေနှင့် ဆီလုပ်ငန်းရှင်များအသင်းအစည်းအဝေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးတွေ့ဆုံဆွေး နွေးခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများကိုဆွေးနွေးပြီး ပြည်တွင်းဒေသထွက် ဆီစက်များ မြေပဲ၊ နေကြာနှင့် ဆီထွက်သီးနှံများ ကြိတ်ခွဲမှုအခြေအနေမှာ ကုန်ကြမ်းရရှိမှုကာလအတွင်း ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ကုန်ကြမ်းပြတ်လပ်မှုအခြေအနေများနှင့် ဈေးကွက်တွင် စားသုံးဆီအသုံးပြုမှုအခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဆီစက်အသင်းရေရှည်တည်တံ ခိုင်မြဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အခြေအနေများ ဆီကြိတ်ခွဲရန် ကုန်ကြမ်းရရှိနိုင်မည့်နည်းလမ်းကောင်းများနှင့် တန်ဘိုးမြင့်ဆီထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်နည်းပညာအကူအညီများရရှိနိုင်မည့် အခွင့်အလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ ထုတ်လုပ်သောကုန်စည်များ အရည်အသွေမြင့်မားစေရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့်အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

 

ဓနုဖြူအုန်းချိုမွှေးလုပ်ငန်းရှင် အသိပညာပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့က ဓနုဖြူမြို့နယ်ရှိ အုန်းချိုမွေးလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။

     ယိုးဒယားအုန်းချိုမွေးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသို့သွားရောက်၍ အုန်းချိုမွေးခြံပိုင်ရှင်နှင့်တွေ့ဆုံ၍  ကွင်းအမှတ် (၁၃၃) သံလွင်ငူကွင်းအတွင်းရှိ ဧရိယာ (၁၈၀) ဧကတွင် စိုက်ပျိုးပြိးမှုအား သွားရောက်လေ့လာပြီး ဧကပေါင်း (၁၂၀) စိုက်ပျိုးခဲ့ကြောင်း လေ့လာသိရှိခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဟူသောဆောင်ပုဒ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဌာန၏ မျော်မှန်းချက်အနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ” ဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး လုပ်ငန်းရှင်များမှ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးမြင့်မားစေရေးနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်း၊ လုပ်ငန်းရှင်များသိရှိနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့်လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက်ထားရရှိရမည်ဖြစ်ပြီး အမိန်ကြေငြာစာထုတ်ပြန်ပြီး ခြောက်လ ပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုးတွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

           

 

 

ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၃.၈.၂၀၂၃) ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်နေသည့် ဆိုင်(၄)ဆိုင်မှ ဒိဌိအမှတ်တံဆိပ်ဆီချိုရောဂါသောက်ဆေး အမှတ်(၁၊)(၂) နှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများရောင်းချခြင်းရှိ/မရှိကို  ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၄)ဆိုင်မှ ရောင်းချနေသောဆေးဝါးများတွင် ဒိဌိ ဆီးချိုရောဂါသောက်ဆေးရောင်းချနေပါက တရားဝင်မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် ကိုစစ်ဆေးခဲ့ကြသည်။ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်ပြည်စုံစွာဖော်ပြပါရှိသော ဆေးဝါး များကိုသာရောင်းချရန်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှလည်း သတ်မှတ်ထုတ်ပြန်ချက်များမကိုက်ညီသည့်ဆေးဝါးများ မရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ကုန်စည်များကိုလည်းမရောင်းချရန်နှင့် သတ်မှတ်ချက် စည်းကမ်းများနှင့်မကိုက်ညီသောကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဌာနတို့၏ပြစ်မှု၊ပြစ်ဒဏ်ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာနတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသိကောင်းစရာများဟောပြောဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ရေသန့်၊ ရေခဲစက်နှင့်အအေးခန်းစက်ရုံသုံး အမိုးနီးယားဓာတ်ငွေ့များ၊ လုပ်ငန်းခွင်သုံးဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုမှုဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ (ရုံးချုပ်)နေပြည်တော် ညွှန်ကြားရေးမှူး ဦးအောင်ကိုစန်းမှ အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဦးမှ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်မှုဝန်ကြီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပပစိုးမှ လုပ်ငန်းခွင်သုံးဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအသုံးပြုမှုဆိုင်ရာ အလုပ်ရှင်သိကောင်းစရာများကို အသေးစိတ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်၊၊

    ဟောပြောပွဲသို့ တိုင်းအဆင့်ဌာနဆိုင်ရာ(၁၀)ဦး၊ ဖိတ်ကြားထားသောလုပ်ငန်းရှင်(၁၀)ဦး စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲကို မွန်းလွှဲ ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်၊၊

DOCA(ဧရာဝတီ)

ကိုယ်တိုင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြင့်ရောင်းချသော ဘားအံမြို့ ကန်သာယာ အခွန်လွတ်ဈေးတွင် ရောင်းသူဝယ်သူများဖြင့် စည်ကား

   ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းနိုင်စေရန် ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့ ကန်သာယာတွင် စနေနေ့အခွန် လွတ်ဈေးအား အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

  အဆိုပါ အခွန်လွတ်ဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် အသား/ငါးအရောင်းဒိုင်များမှ စားသုံးသူပြည်သူများထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး ကိုယ်တိုင်စီးပွားအဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်နေသူများ လက်လီလက်ကား ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် စားသောက်ကုန်များကို ထုတ်လုပ်သူမှ စားသုံးသူလက်ဝယ်သို့ လတ်ဆတ်စွာဖြင့် တိုက်ရိုက်ရောက်ရှိရေး၊ နိုင်ငံဝန်ထမ်းများသက်သာချောင်ချိရေး၊အစားအစာဘေးကင်းလုံခြုံမှုရှိပြီး အာဟာရပြည့်ဝလတ်ဆတ်သော အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို မိသားစုတိုင်း ဖူလုံစွာစားသုံးနိုင်ရေးအတွက် ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက   သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအနေဖြင့် ဝယ်သူထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/အသား/ ငါးထုတ်လုပ်ရောင်းချမှုအပေါ်  အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာတိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ်စားသောက်ရေးအတွက် ကုန်ကျစရိတ်ကာမိကာ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝ ရိုက်ခတ်မှုလျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

 ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၂.၈.၂၀၂၃ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)က ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ကျောင်းသူကျောင်းသားများအား အစားအသောက်များဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုရွေးချယ်စားသောက်ရန်နှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ခရိုင်စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ  (CICC) တွင် တိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)ဉီးနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၂၀၄)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

 

 

ပဲရစ်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၃.၈.၂၀၂၃ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိပဲရစ်(ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အသင့်သောက်အချိုရည်ဖြစ်သည့် JESPER အမှတ်တံဆိပ် (အားဖြည့်အချိုရည်)တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များကို ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များအားမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်) 

မြေပဲဆီကြိတ်ခွဲထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဝင်းသိန်းဦး (ရုံးအုပ်) သည် (၃.၈.၂၀၂၃) ရက်နေ့တွင်မိုးညှင်းမြို့၊နားခါရပ်ကွက်ရှိ မြေပဲဆီကြိတ်ခွဲထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးဆီထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သည့် ပိဿာ/ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသည့် ကုန်စည်များကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)             

Pages

Subscribe to RSS - HighLight News