Main menu

HighLight News

Powered by Drupal

ဗိုလ်တထောင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၇-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့်ဝယ်ယူနေရကြောင်း၊ အငှားယာဉ် TAXI များသည် အမှန်တကယ်အသုံးပြုရန်ထက်ပိုမို၍ တစ်ရက်လျှင် ဆီနှစ်ကြိမ်၊ သုံးကြိမ်ထည့်နေသည့်အတွက် အမှန်တကယ်သုံးစွဲရန်လိုအပ်သော ပြည်သူများနစ်နာမှုများမဖြစ်ပေါ်စေရေးတို့အတွက် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မြေပြင်အခြေအနေအား သိရှိနိုင်ရန်အတွက် ကွင်းဆင်း၍  သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်ခြင်းမရှိကြောင်း၊ အကန့်အသတ်ဖြင့်လည်း ရောင်းချခြင်းမရှိကြောင်း၊ ခွဲတမ်းရရှိမှုအပေါ် လိုသလောက်ရောင်းချပေးလျက်ရှိကြောင်းနှင့် အငှားယာဉ် TAXI များမှာလည်း အမှန်တကယ်အသုံးပြုရန်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များ၌ စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်သည့် လိုက်နာရမည့်အချက်များ၊ တာဝန်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို သိရှိနားလည်အောင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဒေါ်မြတ်မွန် (ဒု-ကြီးကြပ်ရေးမှူး) ခေါင်းဆောင်သောအဖွဲ့သည် အနောက်ပိုင်းခရိုင်အတွင်းရှိ  မြို့နယ်များဖြစ်သော ကျောက်တံတားမြို့နယ်၊ အ.မ.က (၁) တွင်လည်းကောင်း၊ မရမ်းမြို့နယ်၊ အ.ထ.က (၂) နှင့်  စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေးတို့တွင် စားသောက်ကုန်များနှင့်ပတ်သက်၍ စားသုံးသူများလိုက်နာရမည့်အချက်များ၊ တာဝန်များ၊ နစ်နာဆုံးရှုံးမှုများကို စားသုံးသူများသိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

 

တိုက်ကြီးမြို့နယ်၊ အခြေခံမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အခြေခံမူလတန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

   ရှေးဦးစွာ တိုက်ကြီးမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နေနွယ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အခွင့်အရေးများနှင့်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ထားရှိမှုများ၊ အမှတ်တံဆိပ်မပါသောအစားအသောက်များကို ဝယ်ယူခြင်းမပြုရန်လိုအပ်ကြောင်း၊ ဘေးကင်းလုံခြုံသည့်အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဉီးဆောင်၍ အဖွဲ့စုံဖြင့် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ပြည်တွင်းစားဆန်ဖြစ်သည့် ပေါ်ဆန်း၊ အခြားဆန်များနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ စက်မှုဇုန်ကော်မတီနှင့် စားသုံးသူရေးရာဉီးစီးဌာတို့ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ ရွှေဝါရောင်သိုလှောင်ရုံ၊ ရွှေမေတ္တာသိုလှောင်ရုံနှင့် NT သိုလှောင်ရုံများအား ပြည်တွင်းစားဆန်ဖြစ်သည့် ပေါ်ဆန်း၊ အခြားဆန်များကို ရန်ကုန်ဈေးကွက်အတွင်းသို့ ထည့်သွင်းပေးပို့ရောင်းချရာ၌ နှောင့်နှေးကြန့်ကြာမှုများမဖြစ်ပေါ်စေရန်နှင့် စီးဝင်မှုများအပေါ် အချိန်နှင့်တပြေးညီ ဖြန့်ဖြူးရောင်းချသွားနိုင်ရေး ကြပ်မတ်ရန်အတွက် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

 

“နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ချေးငွေပေးအပ်ခဲ့မှုအပေါ် လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် ကွင်းဆင်းဆောင်ရွက်”

  “နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်” ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ့စီးပွားရန်ပုံငွေထူထောင်၍  လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်တို့အတွက် နိုင်ငံ့စီပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသတ်မှတ်မူဘောင်အပေါ် တောင်သူများအနေဖြင့် သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ တစ်ဧကအထွက်နှုန်းပိုမိုတိုးတက်လာစေရန် ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှုရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်တို့ကိုရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊

    နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းကို မိုးစပါးသီးနှံအတွက် တစ်ဧကလျှင် ချေးငွေ(၂၀၀၀၀ဝိ/-) ကျပ်နှင့်ညီမျှသည့် သွင်းအားစုပစ္စည်းများရရှိအောင်ဆောင်ရွက်ခြင်း၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ပေးအပ်ရာတွင် ချေးငွေပမာဏနှင့်ညီမျှသော သီးနှံထွက်ကုန်အား ဝယ်ယူကြိတ်ခွဲတင်ပို့သူများအစုအဖွဲ့ထဲသို့ရောင်းချပြီး ၎င်းတို့က နိုင်ငံတော်သို့ ရန်ပုံငွေပြန်လည်ပေးသွင်းရမည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊ ယင်းသို့ဆောင်ရွက်ရာ၌ သန်လျင်ခရိုင်အတွင်း ကုမ္ပဏီ(၄)ခု၊ သမအသင်းစု(၄)စုတို့မှ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ တောင်သူ(၁၂၉၆) ဦး၊ အစုအဖွဲ့(၆၃) ဖွဲ့ဖြင့် စုစုပေါင်း (၁၃၀၂၅) ဧကကို စာချုပ်ချုပ်ဆို၍ တစ်ဧကလျှင် ကျပ်(၂၀၀၀၀ဝိ/-)နှင့်ညီမျှသော သွင်းအားစုများပေးအပ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စု(၉)အုပ်စု၊ တောင်သူ(၁၁၆) ဦး၊ အစုအဖွဲ့(၁၈) ဖွဲ့၊ စုစုပေါင်း (၁၅၆၉) ဧကတို့ကို ငွေသားထုတ်ချေးပေးခြင်းဖြင့်လည်းကောင်း မိုးစပါးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းကို တိုင်း/ ခရိုင်၊ မြို့နယ်အသင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကိုဖွဲ့စည်းခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်၍ တောင်သူလယ်သမားအစုအဖွဲ့၊ သမဝါယမအသင်းများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများပါဝင်သည့် အစုအဖွဲ့များက အဓိကပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်၊၊

     ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်နှင့် တွံတေးခရိုင်များတွင် (၂၀၂၂-၂၀၂၃)ခုနှစ် မိုးစပါးကို ဧက (၈၀၂၀၀၀)ဧကကျော်စိုက်ပျိုးခဲ့ပြီး (၁၅-၁၁-၂၀၂၃) ရက်နေ့အထိ (၂၇၃၄၀၀)ဧကခန့်ရိတ်သိမ်းပြီးဖြစ်၍ သန်လျင်ခရိုင်ရှိ နိုင်ငံ့စီပွားရန်ပုံငွေဖြစ်ဆောင်ရွက်သည့် တောင်သူများက ဧကအလိုက်ချေးငွေရရှိခဲ့မှုအပေါ် မိုးစပါးတစ်ဧကလျှင် (၂၀၀၀၀ဝိ/-) ကျပ်နှင့်ညီမျှသော ကာလပေါက်ဈေးဖြင့် စပါးပြန်လည်ရောင်းချပေးနိုင်ရေး ခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက စီမံဆောင်ရွက်လျက်ရှိနေပြီး လာမည့်ဆောင်းရာသီ သီးနှံဆီထွက်သီးနှံစိုက်ပျိုးရန်လျာထားမှုအတွက်လည်း လိုအပ်သည့်ချေးငွေများထပ်မံထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်၊၊

DOCA(ရန်ကုန်)

 

                                     

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်းကျေးရွာ၊ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်း၊ မူလွန်ကျောင်းရှိ  ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များကို ဝယ်ယူခြင်းမပြုဘဲ ရွေးချယ်ဝယ်ယူစားသောက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပန်းတနော်မြို့နယ်ရှိ ဖိုးလမင်း ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ခရိုင်ရုံးဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ရှိ ဖိုးလမင်း ဆန်စက်သို့သွားရောက်၍ ဆန်စက်လည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ၎င်းဆန်စက်သို့သွားရောက်၍ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှသာ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် ဆန်စက်မှ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့မဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းသော တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၄၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၄)သို့သွားရောက်၍ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးခိုင်လွမ်းမိုးက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာရောင်းချရန်ကြရန် ကုန်စုံဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ (၈)လမ်းဈေး၊  မြို့မဈေး၊ ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင်(၆)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     အဆိုပါစစ်ဆေးမှုတွင် ညောင်တုန်းမြို့ရှိ စားသုံးဆီနှင့် ကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များ၌ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကွမ်းသီးခြောက်လုပ်ငန်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဇီးဖြူကျွန်းရှိ ဦးလှဖုန်း၏ ကွမ်းသီးခြောက်လုပ်ငန်းသို့သွားရောက်၍ ကွမ်းသီးခြောက်လုပ်ငန်းအတွက် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်းကို (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

  အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ကွမ်းသီးခြောက်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုကိုလေ့လာပြီး ကွမ်းသီးများကို အမြို့မြို့အနယ်နယ်မှဝယ်ယူပြီး ကွမ်းသီးစိမ်းကိုသန့်စင်၍ ရေဖြင့်ပြုတ်ကာ နောက်တဆင့်ပေါင်းခံ၍ အခြောက်ခံပြီးမှသာ အခွံချွတ်ရကြောင်း၊ ပြီးလျှင် ဈေးကွက်တင်၍ မြို့နယ်များသို့ဖြန့်ချိကြောင်းကို လုပ်ငန်းရှင်က ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ညောင်တုန်းမြို့နယ်ဦးစီးမှူးက ကွမ်းသီးများသည် မှိုတက်လွယ်သောကုန်စည်ဖြစ်သောကြောင့် စနစ်တကျပြုလုပ်ပြီး ထုတ်ကုန်လုံခြုံစိတ်ချစေရေး အလေးပေးဆွေးနွေးအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News