Main menu

HighLight News

Powered by Drupal

ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ထိပ်ခေါင်မုန့်ဟင်းခါးဖိုလုပ်ငန်းအား SMEs လုပ်ငန်းဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊   အမှတ်(၁)ရပ်ကွက်ရှိ ထိပ်ခေါင်မုန့်ဟင်းခါးဖိုလုပ်ငန်းသို့သွားရောက်၍ SMEs လုပ်ငန်းဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက ခေတ်မီစက်ကြီးဖြင့် ထုတ်လုပ်လျက်ရှိ သည့်အတွက် အားရကျေနပ်မိပါကြောင်းနှင့် တစ်ရက်ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကိုဆွေးနွေးမေးမြန်းခဲ့ပါသည်။ လုပ်ငန်းရှင်ဦးသိန်းလွင်ကလည်း လျှပ်စစ်မီးပုံမှန်မလာသဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တွက်ခြေကိုက်မှုနည်းပါးလျက်ရှိပါကြောင်းနှင့် လျှပ်စစ်မီးပုံမှန်ရရှိရေး ဆောင်ရွက်ပေးပါက လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုရှိလာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ အမှတ်( ၅)ရပ်ကွက်ရှိ အမှတ်( ၈)မူလတန်းကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး‌‌ဟောပြော

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ( ၂၀ )ရက်နေ့၊ နံနက် (  ၁၁:၀၀ ) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၈) မူလတန်းကျောင်း၌ ကျောင်းသား/သူ(၂၇၀)ဦးနှင့် ဆရာ/ဆရာမ ( ၁၂ ) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

 အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုမသုံးစွဲကြရန်၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများ အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့၊ ရန်ပယ်စျေးရှိ ကုန်စည်များအား Mobile Lab ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်တို့ ဝယ်ယူစားသုံးနိုင်စေရန်အတွက် (၂၀-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှ နံနက်(၀၉:၃၀)နာရီအချိန်ထိ မကွေးမြို့၊ ရန်ပယ်စျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ(စည်ပင်သာယာရေး) အဖွဲ့များနှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ (S/K) အမှတ်တံဆိပ်(ပဲပြားများ)၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငါးပိ၊ ငါးခြောက်၊ ချင်းပေါက်၊ ကွမ်းသီး၊ ထန်းလျက်၊ အသားတု၊ ဆန်ကြာဇံနှင့် လက်ဖက်တို့ကို နမူနာအနေဖြင့်ဝယ်ယူပြီး Mobile Lab ဖြင့် ချက်ချင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  ၎င်းကုန်စည်များအနက် (K) အမှတ်တံဆိပ်ပဲပြားတွင် တာရှည်ခံ‌ဆေးသတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်းတွေ့ရှိရ၍ စျေးကွက်အတွင်းရှိ (K) အမှတ်တံဆိပ်ပဲပြား(၆၀)တွဲ၊ တစ်တွဲလျှင် ကျပ်(၄၂၀)၊ စုစုပေါင်းတန်ဖိုး ကျပ်(၂၅၂၀၀)ကို စျေးတာဝန်ခံရုံးခန်းရှေ့၌ဖျက်ဆီးခဲ့ပြီး တစ်ဆင့်ရောင်းချသည့် စျေးသည်(၄)ဦးအား ဆက်လက်ရောင်းချခြင်းမပြုရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများအဖွဲ့သည် (၁၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်၌ စက်သုံးဆီရောင်းချနေသော ဆီဆိုင်(၃)ဆိုင်သို့သွားရောက်၍ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့ပေါ်စက်သုံးဆီရောင်းချလျက်ရှိသော “ယောင်းမစွန်”၊ “သီဟ” နှင့် “TAL” ဆီဆိုင်များသို့ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိစေရန်အတွက် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ် ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်းရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုကြရန် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်တို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၃)ကျင်းပ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၀-၉-၂၀၂၃)ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများဝမ်းစာပြည့်ဝရေး၊ Capacity မြှင့်တင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အားထုတ်ကြိုးပမ်း‌ရန်လိုအပ်ပါကြောင်း၊ သင်တန်းပို့ချချက်များကိုလည်း သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး(လက်ထောက်ညွှန်ကြားရေးမှူး)က အငြင်းပွားမှုဖြေရှင်းရေး စေ့စပ်ညှိနှိုင်းသူ (Mediator)များ၏ အခန်းကဏ္ဍအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးသိန်းဦး(ဦးစီးအရာရှိ)က အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ခြင်းကဏ္ဍအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကြီးကြပ်သူအရာရှိ တာဝန်ခံ ဒေါ်အေးမဉ္ဇူခိုင်(ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသားစိစစ်ရာတွင် သတိမူရမည့်အချက်များနှင့် လုပ်ငန်းရှင်များအား အဓိက  ထားဆွေးနွေးဟောပြောရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်များသိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများ၏ သိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့်ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(မကွေး)

 

ကန့်ဘလူမြို့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သမဝါယမဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို ဟောပြောခဲ့ပါသည်။  

    ဆက်လက်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ဌာန၏မျှော်မှန်းချက်၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် Onlineအသုံးပြုမှုဘေးအန္တရာယ်များအကြောင်း၊ ဌာန၏ Website အကြောင်း၊ Facebook Page နှင့် Consumer Call Center (1535) သို့ တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းကိုစစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ကျွန်းတောမိသားစု(၂)” ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ဦးစွာ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက လာရောက်တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြရာ စားသုံးရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဒေသတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း မိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်ကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏လိုအပ်ချက်များ၊ အခက်အခဲများကို အထက်အဆင့်ဆင့်သို့တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ရာ လုပ်ငန်းရှင်ကလည်း မိမိတို့လုပ်ငန်းမှာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး နဝလီကြိတ်ခွဲသည့်စက်ဖြစ်ကြောင်း၊ ယခုအချိန်သည် မိုးမြေပဲရာသီဖြစ်သဖြင့် ခဏသာကြိတ်ခွဲရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိဆီစက်မှထွက် ရှိသည့် မြေပဲဆီများကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူးရောင်းချလိုပါက ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းကို မိမိတို့ဌာနအနေဖြင့် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က အသင့်စားရသည့်မုန့်ဖြစ်သောကြောင့် ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာအကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅၊) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများတွင် မြန်မာစာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကိုဖော်ပြထားခြင်း ရှိ/မရှိတို့အတွက် “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသည် အသင့်စားရသော မုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင့်များကိုလည်း ကျွန်မတို့စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးရန်နှင့်  ဒေသထွက် “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်နေသော အမှတ်တံဆိပ်ကိုစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင် ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မိမိတို့ စားသုံးသူကာကွယ်းရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကျွန်းလှမြို့၊ “ဦးစန္ဒ+ ဒေါ်မြင့်မြင့်စိုး” ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ဦးစန္ဒ+ ဒေါ်မြင့်မြင့်စိုး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မစခန်းမှ ရဲတက သိန်းဇော်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊  စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်ပစ္စည်းများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များရောင်းချမှုမရှိသော်လည်း ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည်အပေါ် တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ်လာရောက်ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့အနေဖြင့် ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News