Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ ကမ်းနားလမ်းရှိ ဌက်သိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      တနင်္သာရီတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များပိုမို ကောင်းမွန်စေရေးရည်ရွယ်၍  မြိတ်မြို့၊ ထားဝယ်စုရပ်၊ ကမ်းနားလမ်းရှိ “ဇီဝစိုး” ဌက်သိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းသို့ (၂၂.၉.၂၀၂၂) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန် တွင်  သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစားအသောက်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား၍ ထုတ်လုပ်ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

သီရိမင်္ဂလာဈေးအတွင်း အသား/ငါး/ဥများ သန့်ရှင်းလတ်ဆက်မှုရှိ/မရှိသန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ(၂၇)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာ ဈေးအတွင်း ရှိအသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ အသား/ ငါး / ကြက်ဥ /ဘဲဥများသန့်ရှင်း လတ်ဆက်မှုရှိ/မရှိနှင့်သန့်ရှင်းသော ရောင်းချခြင်းစနစ်ရှိ/မရှိခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။  

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိအသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆက်မှုရှိပြီး ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ဒေသငါးများသာမကအခြားဒေသမှငါးများပါ မှာယူတင်သွင်းရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာရောင်းချရန်လိုအပ်ကြောင်း၊ ဈေးအတွင်းသို့လာရောက်စစ်ဆေးမှသာယင်လုံဇာများဖြင့်ရောင်းချခြင်းမျိုးမပြုလုပ်ဘဲ လာရောက် စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချသင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျသယ်ယူပို့ဆောင်ရန်လိုအပ်ကြောင်း ၊သန့်ရှင်းလတ်ဆက်မှုမရှိသော အသား၊ငါး၊ဥများနှင့် ကူးစက်ရောဂါရနေသောအသား/ငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသောဆိုင်(၄၂)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

                            

“ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ (၁၀း၀၀)အချိန်တွင် မန္တလေးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်၊ ဝါတိုးရပ်ကွက် အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များသို့ သွား ရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားသည် ၂၀၂၀ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီ ဖြစ်ကြောင်း  နှင့်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ဒဏ်(၂)ရပ်လုံးဖြစ်စေအရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲ ရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ကိုယ်တိုင် စာသုံးသူများပင်ဖြစ်ကြောင်း ၊စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှု များရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mmတွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး ဌာနအနေဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကို နေ့စဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၊မလှိုင်မြို့၊အ.ထ.က ဆည်တို တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

       မန္တလေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မလှိုင်မြို့၊ အ.ထ.က ဆည်တို ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ်များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သော်လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Pageတွင် Onlineမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့် လည်းကောင်း၊ စားသုံးသူအသိပညာပေးရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ဟောပြောပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။ 

   ဆက်လက်၍ မလှိုင်မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင်အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင် အတည်ပြုပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိအခွင့်အရေး များသိရှိမှသာကုန်စည်(သို့) ဝန်ဆောင်မှုများအပေါ်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါကအရေးဆို တိုင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ အခန်း(၉)ပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များနှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များကို တိုင်ကြားမှု ဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေး၊ လိုက်နာရမည့်တာဝန်များနှင့် ပတ်သက်၍ အကျယ် တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းအပြင်အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုသင့် ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိသင့်သိထိုက် သည့်ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက် တိုင်ကြားနိုင်ကြောင်း ဆွေးနွေး ခဲ့ပါသည်။  ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦး၊ ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း(၁၉၅)ဦးတက် ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲ နံနက်(၁၁း၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။  

DOCA(မန္တလေး)                               

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၆.၉.၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီက  ကျုံမငေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးအောင်မိုးမှ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းကုန် စက်သုံးဆီ၊ ချောဆီ များအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စက်သုံးဆီ၊ ချောဆီများသယ်ဆောင်မှုအား စောင့်ကြည့် စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၆.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်းကာ လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာ ဆောင်ရွက်မှု မရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အ လက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်း ကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက် လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဓနုဖြူမြို့  မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍ (၂၇.၉.၂၀၂၂)နံနက် (၁၀:၃၀) အချိန်တွင် ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသူဆိုင်လုပ်ငန်းရှင်(၁၀)ဦး အား မြို့နယ်စည်ပင်သာယာရေးဈေးကော်မတီရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။

       အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအားထင်ရှားစွာ ဖော်ပြအသိပေးရမည့် အချက်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိသူ ပုဂ္ဂိုလ်အကြောင်းအချက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်အကြောင်း၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံမှ ဖြစ်ပေါ်လာ ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးသော အငြင်းပွားမှုကိစ္စရပ်များကို ဥပမာပေးရှင်းလင်းပြီး တိုင်ကြားခြင်းနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း ပဲဈေးနှုန်းဈေးကွက်အား လေ့လာ

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တာဝန်ခံဒေါ်ခင်မေဝင်းသည် (၂၇.၉.၂၀၂၂)ရက်နေ့တွင် ကျုံပျော်မြို့နယ် ပဲ၊နှမ်းကုန်သည်များ အသင်း ဥက္ကဌ၏ ပဲသန့်စင်စက်လည်ပတ်နေမှုအား သွားရောက်လေ့လာ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့လေ့လာဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆွေးနွေးပြီး လက်ရှိဈေးနှုန်းဈေးကွက် အခြေအနေများကို မေးမြန်းရာ ယနေ့ဒေသပေါက်ဈေး မတ်ပဲတစ်တင်းအတွက် (၆၇၃၀ဝိ/-ကျပ်)ဖြစ်ပြီး ရန်ကုန်သို့ တင်ပို့ရောင်းချပါက ယနေ့ဈေး မတ်ပဲတစ်တန် (၂၀၅၀၀ဝိ/-ကျပ်)၊ FAQတစ်တန် (၂၀၃၅၀ဝိ/-ကျပ်)၊ SQတစ်တန် (၂၃၅၀၀ဝိ/-ကျပ်) ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မိုးစပါး ရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ံဒေါ်ခင်မေဝင်းသည် (၂၆.၉.၂၀၂၂)ရက်နေ့တွင် အောင်ဆန်းရပ်ကွက်၊ အုန်းသုံးပင်ကွင်းရှိ တောင်သူ ဦးမြင့်ဆွေပိုင် ၂၀၂၂-၂၀၂၃ မိုးစပါးရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့လေ့လာဆောင်ရွက်ရာတွင် ၎င်းတောင်သူပိုင် ဆင်းသုခစပါးကြဲခင်း(၇)ဧကအား ရိတ်ခြွေ စက်ဖြင့် ရိတ်ခြွေပြီး စက်ကျစပါးအစို ၅၅ ပေါင်၊ တစ်တင်း(၁၀၀၀ဝိ/-ကျပ်)ဈေးနှုန်းဖြင့် ဒေသပွဲစားထံ ရောင်းချခြင်းဖြစ်ပြီး တစ်ဧက ပျမ်းမျှ ၅၅ ပေါင် အစို(၈၅) တင်းခန့် ထွက်ရှိပါကြောင်းနှင့် တစ်ဧကအတွက် ရိတ်ခြွေခစက်ဖိုး (၈၀၀၀ဝိ/-ကျပ်)နှင့် စပါး(၁၀၀)အတွက် လုပ်သားခ (၂၅၀ဝိ/-ကျပ်) ပေးချေရပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့အတွင်း စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ

     လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့် ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့် စားအုန်းဆီ များကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်အထိုင် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များ ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်း ဖြင့်နေ့စဉ်ရောင်းချပေးလျက်ရှိရာ (၁၂.၉.၂၀၂၂)ရက်နေ့တွင် ကိုးဆူရပ်ကွက်နှင့် အပင်နှစ်ဆယ်ရပ်ကွက်၊ (၁၃.၉.၂၀၂၂)ရက်နေ့တွင် သမ္မတရပ်ကွက်နှင့် ထုံးဘိုရပ်ကွက်၊ (၁၄.၉.၂၀၂၂) ရက်နေ့တွင် ပိတောက် ချောင်းနှင့် ကုလားစုရပ်ကွက်၊ (၁၅.၉.၂၀၂၂)ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူရပ်ကွက်နှင့် စက်တော်ရာ ရပ်ကွက်၊ (၁၆.၉.၂၀၂၂)ရက်နေ့တွင် တိုင်တစ်ရာနှင့် အိုးဘိုတန်းရပ်ကွက်စသည့် ရပ်ကွက်များနှင့် ပေါက်ကုန်းနှင့် ပျဉ်းကတိုးကုန်း ကျေးရွာများအား Mobile စနစ်ဖြင့် တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ(၆)လုံး၊ တစ်နေ့လျှင်ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ