Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

          ရခိုင်ပြည်နယ်FDA ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်၊ မြို့နယ် ကျန်းမာရေးပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ဧကရာဇ်အားမာန် ဆေးဝါးကုမ္ပဏီသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ် FDAမှ လ/ထညွှန်ကြားရေးမှူး ဒေါက်တာနိုင်နိုင်လင်းမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ဆေးဝါးအတုအပများ၊ တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခြင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)မှ မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက် အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်တွဲဖက်၍ ပြည့်စုံစွာ ဖော်ပြပါရှိသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဉပဒေ၏ အခန်း(၁၀)၊ ပုဒ်မ(၂၁)အရ လုပ်ငန်းရှင် များ၏ ထိန်းသိမ်းဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်စေရန် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)

ကိတ်မုန့်လုပ်ငန်းနှင့်ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာရှိ ပိုင်ရှင်ဦးစိုင်းဆံ၏ ပုစွန်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းနှင့် ဟောင် လိတ်ရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ ပိုင်ရှင်ဦးစိုးကိုကို၏ SKတံဆိပ် Cake&Bakery လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးမှူးနှင့်သက်ဆိုင်ရာဝန်ထမ်းများသည် ကိတ်မုန့်နှင့်ငါးမုန့် လုပ်ငန်းတွင် အသုံးပြုသောစားသုံးဆီကို ဆီကောင်းဆီသန့်များကိုသာ အသုံးပြုရန်၊ ပြန်ကြော်ဆီ များ အသုံးမပြုရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်၊  ထောက်ခံချက်များပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”ပါ အချက်အလက်များကို ထုတ်လုပ် သည့်ကုန်စည်များတွင် တိကျစွာထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး အသိပညာ ပေးဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့်‌ နေပြည်တော်အတွင်းရှိမြို့နယ်များသို့ လှည့်လည်ရောင်းချပေးနေမှုများ

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်စောမာလာနွယ်နှင့် ဝန်ထမ်းများသည် နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  စားသုံးဆီများကို ဈေးကားများဖြင့် နေပြည်တော်အတွင်းရှိမြို့နယ်များသို့ လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၂-၉-၂၀၂၂ ရက်နေ့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းမှ ပျဥ်းမနားမြို့နယ်ရှိ ဇီးရိုင်းကျေးရွာ၊ အင်းသာကျေးရွာနှင့် ကြို့တန်းကျေးရွာတို့တွင် ဆီပိဿာချိန်(၆၆၀)ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ် အေးမှ ပျဥ်းမနားမြို့နယ်ရှိ ကျောက်ကုန်းကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးကိုလေးမှ ပျဥ်းမနားမြို့နယ်ရှိ ဝဲကြီးကျေးရွာတွင် ဆီပိဿာချိန်(၆၆၀) ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်မှ ပျဥ်းမနားမြို့နယ်ရှိ ရွှေပြည်သာကျေးရွာ၊ ကံဦးကျေးရွာ၊ သစ်စိမ့်ပင်ကျေးရွာနှင့် အာဟာရသုခဈေးရှိ စည်ပင်ဝန်ထမ်းများ အား ဆီပိဿာချိန်(၁၃၂၀)ကိုလည်းကောင်း   တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရှိရပါတယ်။

         ဆက်လက်၍  ၂၃-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးဦးဆောင်၍  ဥတ္တရသီရိမြို့နယ်ရှိ ဝန်ကြီးဌာန(၃)ခုတို့တွင် ဆီပိဿာချိန်(၅၈၈) ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရရုံး(၂)ရုံးတို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးဇင်မင်းထက်မှ ဇမ္ဗူသီရိမြို့နယ်ရှိ လကတ-၂၀၃၁၊ ရတဖ-၁၀နှင့် တဲကြီးကုန်းကျေးရွာတို့တွင် ဆီပိဿာချိန်(၆၆၀) ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၃)ဦးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၅)ရွာနှင့် ဦးစီးဌာန(၃)ခုတို့တွင် ဆီပိဿာချိန်(၁၉၈၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ တပ်ကုန်းမြို့နယ်ရှိ အင်ပင်‌တောင်ကျေးရွာတွင် ဆီပိဿာချိန်(၆၆၀)ကို တစ်ပိဿာ (၅၀၀၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၂-၉-၂၀၂၂)ရက် နေ့လည်(၂:၀၀)နာရီအချိန်တွင် တောင်ကုတ်မြို့ ဂူတာရပ်ကွက်ရှိ မူလတန်းတွဲဖက် အ.ထ.က(၄)စာသင်ကျောင်း၌ ကျောင်းသား/သူများအား ကျန်မာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါ်စမ်းစမ်းအေးက မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း ရှင်းလင်း ပြောကြားပြီး တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းက စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း အစားအသောက်နှင့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းစွာ ရွေးချယ်ဝယ်ယူတက်စေရန် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်အလက်များကို ရှင်းလင်းစွာ ဟောပြောပြီး ဟောပြောပွဲသို့ ဆရာ/မနှင့် ကျောင်းသား/သူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

“မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း’’

      မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု ဖြင့် (၂၀.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ သို့ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌ရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ‌‌ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဆေးဆိုင်များတွင် ဆေးဝါးလိုင်စင်များရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No(IR)များ ဖော်ပြထားခြင်းမရှိပဲ စျေးကွက်အတွင်း ရောင်းချနေခြင်းများရှိ/ မရှိ မြန်မာနိုင်ငံတွင် မှတ်ပုံထားခြင်း မရှိပဲ Online ပေါ်တွင် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော စားသုံးသူများ သုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တိုင်းရင်းဆေးသည် ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ပါသည်။ ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် Up Date ဖြစ်သောဆေးများ ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများနှင့် တရားဝင်မှတ်ပုံ တင်ထားသော ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)

(မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

      စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီ များ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲ နိုင်ရေးတို့ အတွက်  ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက် လျက်ရှိရာ (၂၀-၉-၂၀၂၂)ရက်နေ့မှစ၍ နေ့စဉ် (၂၅-၉-၂၀၂၂)ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင် အတွင်း   မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများ တွင်လည်းကောင်း ၊ ရမည်းသင်း ခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင်လည်းကောင်း တစ်ပိဿာလျှင် (၅၁၅၀ိ/-)နှုန်းဖြင့် ပီပါ(၁၀၀)ပီပါ ရောင်းချခဲ့ရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                      

“ဝမ်းတွင်းမြို့နယ်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/မည်းသင်း)ခရိုင်၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ နှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၂၂ရက်နေ့ (၁၀း၀၀)အချိန်တွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၅)  ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင် များအား မည်သည့်လုပ်ငန်းရှင်များအဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့်အညီ ဖော် ပြ ၍တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထောက်ခံချက်အမှတ်များပါရှိပြီး ကုန်အညွှန်း အမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။

          အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ ရောင်းချပါကြောင်းနှင့် ရောင်းချနေသော အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၂၃.၉.၂၀၂၂)ရက်နေ့ နံနက်(၁၂:၀၀) နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဗဟိုအဆင့်၊ တိုင်းအဆင့် ဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန်အတွက် မြောင်းမြ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆီလုပ်ငန်းရှင်အသင်းဖွဲ့စည်းရာတွင် ခရိုင်ဦးစီးမှူးမှ မြောင်းမြမြို့နယ် စားသုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးနေသော ဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေး အချိန်အတွယ်မှန်ကန်စွာရောင်းချပေးနိုင် ရေး၊ စားသုံးသူပြည်သူများနစ်နာမှုမရှိစေရေး အဓိကထားဆောင်ရွက်ကြရန် မှာကြားပြီး မြို့နယ် ဦးစီးမှူးမှ ဆီလုပ်ငန်းရှင်အသင်းဖွဲ့စည်းဆောင်ရွက်ရေးအတွက် Projector ဖြင့် ဗဟိုအဆင့်၊ တိုင်းအဆင့် ဖွဲ့စည်းမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းဖွဲ့စည်းရေးကို ဆက်လက်ဆောင် ရွက်ခဲ့ပါသည်။ အသင်းဖွဲ့စည်းပုံအရ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင် များပါဝင်သည့် မြောင်းမြမြို့နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါသည်။  စားသုံးဆီလုပ်ငန်းရှင်များ၏ ရွေးချယ်မှုအရ ဥက္ကဌဖြစ်သူ ဦးညီညီအောင်မှ အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောဆိုပြီး စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာအဆင် ပြေဝယ်ယူစားသုံးနိုင်ရေးအတွက် ဗဟိုအသင်း၊ တိုင်းအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းဖွဲ့စည်းရေးဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင်(၁၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ဆီထွက်သီးနှံ မြေပဲစိုက်တောင်သူနှင့်တွေ့ဆုံ’’

         စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၀-၉-၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်၌ ကျောက်တန်းကျေးရွာ မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

     မြေပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မြေပဲကို မိုးနှမ်းရိတ်သိမ်းပြီး ဇူလိုင်လ တတိယပတ်မှစတင် စိုက်ပျိုးပြီး မျိုးအနေဖြင့် ပင်ထောင်(၃)လ မျိုး စိုက်ပျိုးကြောင်း၊ မြေပြင်ခြင်းနှင့်စိုက်ပျိုးခြင်း တစ်ဧက ကုန်ကျစရိတ်မှာ (၉၅၀၀၀)ကျပ်ခန့်ကုန်ကျပြီး သွင်းအားစုအနေဖြင့် တစ်ဧကမျိုး (၁)တင်းဖြင့် စိုက်ပျိုးချိန်မှာ တစ်တင်း (၉၀၀၀၀)ရှိပြီး ပိုးသတ်ဆေး(၃)ကြိမ်ဖျန်းရကြောင်း တစ်ကြိမ်လျှင် (၅၀၀ CC)(၂၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး စုစုပေါင်းကုန်ကျစရိတ် (၂၀၅၀၀၀)ကျပ်ခန့်ရှိပြီး ယခုအပတ် မိုးရွာသွန်းမှုကြောင့် အပင်အခြေနေကောင်းပြီး အထွက်နှုန်းကောင်းနိုင်ပြီး အောက်တိုဘာလဆန်းပိုင်းမှ စတင်ဆွတ်ဆူးရမည်ဟု သိရှိရပြီး၊ လက်ရှိပေါက်စျေး(၅၅၀၀၀)ကျပ်ရှိ၍ အကျိုးအမြတ်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပန်းတနော်မြို့နယ် မြို့မဈေးအတွင်း ရောင်းချကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် ပန်းတနော် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းရှိ ‌ရောင်းချနေသော ကုန်စည်များအား ဈေးကွက် စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

      ဆက်လက်၍ ကုန်မျိုးစုံရောင်းချသူပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အရ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်စေရေး၊ အလေး ချိန်နှင့် အရည်အသွေးမှန်ကန်စေရေး၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် မညီညွှတ်သော ကုန်စည်များ ရောင်းချနေခြင်း တွေ့ရှိပါက အရေးယူနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအကြောင်း ပညာပေးဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံ၊ မုန့်မျိုးစုံ၊ လူသုံးကုန်နှင့် စားသုံးဆီ နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် တွေ့ရှိချက်အရ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင် ဖော်ပြချက်များပါရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ