Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် MSME အထောက်အကူပြု Seminar ပြုလုပ်ကျင်းပ

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့သည် PUM Netherland Senior Experts  အဖွဲ့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Hamsahub Consulting နှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုပ်သားအင်အား(၁၀)ဦးနှင့်အထက်ရှိ SME လုပ်ငန်းရှင်များအား PUM Netherland Senior Experts အဖွဲ့၏ SME များ လိုအပ်သည့်နည်းပညာများအား ပံ့ပိုးကူညီနေမှုအကြောင်း သိရှိစေရန်နှင့် အဆိုပါအထောက်အပံ့အား လျှောက်ထားရယူနိုင်ရေးဆိုင်ရာများ သိရှိစေရန် ရည်ရွယ်၍ MSME အထောက်အကူပြု Seminar ကို ၁၉-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Seminar တွင် PUM Netherland Senior Experts  အဖွဲ့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Hamsahub Consulting မှ ဦးသုတအောင်က PUM Netherland Senior Experts  အဖွဲ့၏ MSME များ လိုအပ်သည့် နည်းပညာများကို နိုင်ငံခြားသားပညာရှင်များဖြင့် ပံ့ပိုးကူညီနေမှုများအကြောင်းနှင့် အဆိုပါအထောက်အပံ့အား လျှောက်ထားရယူနိုင်ရေးဆိုင်ရာ အသိပညာများ မျှဝေပေးခဲ့ပြီး တက်ရောက်လာသော SME လုပ်ငန်းရှင်များက ၎င်းတို့လိုအပ်လျက်ရှိသော နည်းပညာအခက်အခဲများ၊ စာရင်းအင်းထားရှိမှုအခက်အခဲများ၊ အကြံဉာဏ်များနှင့် စက်ပစ္စည်းလိုအပ်ချက်များကို တောင်းခံလျှောက်ထားနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး MSME Agency အဖွဲ့ဥက္ကဌ၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ MSME Agency အဖွဲ့ဥက္ကဌ၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအတွင်းရှိ လုပ်သားအင်အား(၁၀)ဦးနှင့်အထက်ရှိ SME လုပ်ငန်းရှင် (၄၃)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM(DoCA)

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်(၃)

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်(၃)

အိမ်သုံးလျှပ်စစ်ပစ္စည်း Breaker သုံးစွဲမှုနှင့်ပတ်သက်၍ အန္တရာယ်ကင်းဝေးနိုင်ရန်နှင့် ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူများဘက်မှ နစ်နာမှုမရှိစေရန် အရည်အသွေးမီပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စားသုံးသူတိုင်းသိထားသင့်သော Breaker လျှပ်စစ်ဆိုင်ရာ အခြေခံအချက်အလက်များကို တင်ပြလိုပါတယ်။

TTZ(သတင်းနည်းပညာ/အရည်အသွေး)

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်(၂)

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်(၂)

အိမ်သုံးလျှပ်စစ်ပစ္စည်း ပလပ်နှင့်ဆော့ကတ်သုံးစွဲမှုနှင့်ပတ်သက်၍ အန္တရာယ်ကင်းဝေးစွာ အသုံးပြုနိုင်ရေးအတွက် စားသုံးသူတိုင်း သိထားသင့်သော လျှပ်စစ်ဆိုင်ရာ အခြေခံအချက်အလက်များကို တင်ပြလိုပါတယ်။

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်

အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးစွဲမှုအန္တရာယ် ကင်းဝေးရလေအောင်

အိမ်သုံးလျှပ်စစ်ပစ္စည်း လျှပ်စစ်ဝါယာကြိုးသုံးစွဲနှင့်ပတ်သက်၍ အန္တရာယ်ကင်းဝေးနိုင်ရန်နှင့် ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူများဘက်မှ နစ်နာမှုမရှိစေရန် အရည်အသွေးမီပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စားသုံးသူတိုင်း သိထားသင့်သော လျှပ်စစ်ဆိုင်ရာ အခြေခံအချက်အလက်များကို တင်ပြလိုပါတယ်။

TTZ(သတင်းနည်းပညာ/အရည်အသွေး)

စားသုံးသူကိုအကျိုးပြုမည့် PAT 450

စားသုံးသူကိုအကျိုးပြုမည့် PAT 450

စားသုံးသူအကာအကွယ်ပေးရေးနယ်ပယ်၌ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ အင်ဂျင်နီယာဌာနစိတ်(စက်ဆန်း)တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးရေးဓါတ်ခွဲခန်း တည်ထောင်ထားရှိပြီး ဓါတ်ခွဲခန်းရှိ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးကိရိယာများအနက် အင်္ဂလန်နိုင်ငံ Megger Instruments Co.,ltd မှ ထုတ်လုပ်သော Portable Appliance Tester (PAT 450)ဖြင့် Watt 1000 အောက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား စစ်ဆေးပေးနိုင်မှုအခြေအနေကို ဖော်ပြလိုက်ရပါတယ်။

မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန်(၁၈၀၀၀)ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန် မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စ အပေါ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံမှတင်ပို့ခဲ့သော ဆန်တန်ချိန် (၁၈၀၀၀)ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည်ဟု ပြည်ပသတင်းဌာနများတွင် မကြာသေးမီက ဖော်ပြခဲ့သည့်သတင်းနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဆန်များရောင်းချခဲ့သည့် ပြည်တွင်းကုမ္ပဏီများနှင့် သင်္ဘောတင်မှုတွင် အရည်အသွေးစစ်ဆေးသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အများပြည်သူသိရှိစေရန်အတွက် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်

စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ၏ (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ နံနက် ၁၀: ၀၀ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်းရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင်  စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ ဥက္ကဌ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ နည်းပညာဆပ်ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဝေ(ညွှန်ကြားရေးမှူး)၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် အသင်းအဖွဲ့များမှ နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အထူး ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။

၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် အာဆီယံ စံချိန်စံညွှန်းကို ကိုးကား ပြုစုထားသည့် မြေပဲ မြန်မာစံချိန်စံညွှန်း(မူကြမ်း)ကို စံချိန်စံညွှန်းလုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး အတည်ပြုချက် ရယူမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

Myanmar Innovation Life Sciences-MILS ကုမ္ပဏီနှင့် တွေ့ဆုံ

၂၀၁၉ ခုနှစ်၊ ဧပြီလ၂ရက်နေ့နံနက် ၁၀ : ၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုဦးဆောင်သောအဖွဲ့သည်Myanmar Innovation Life Sciences – MILS ကုမ္ပဏီမှ အမှုဆောင်အရာရှိဦးကျော်သူထက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားစားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ITQM

ဆန်စပါးအစိုဓါတ်တိုင်းတာခြင်းအပေါ် နောက််ကြောင်းပြန် ခြေရာခံစနစ်တည်ဆောင်ခြင်းဆိုင်ရာ အသိပညာဟောပြောပွဲ ပဲခူးတွင်ကျင်းပ

             မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Kett Electric Laboratory တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ် တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ်တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် နှင့် ပဲခူးတိုင်းတို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဗဟိုနှင့် ပဲခူးတိုင်းမှ တာဝန်ရှိသူများ၊ Kett Electric Laboratory နှင့် Japan Development Service တို့မှ စီမံကိန်း တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒေသခံ တောင်သူ၊ တောင်သူ၊ ပွဲစားနှင့် စက်ပိုင်းများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

ITQM

ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ တောင်ငူမြို့တွင်ကျင်းပ

         မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းအပေါ် နောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ခြင်းဆိုင်ရာစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် Kett Electric Laboratory တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ် တိုင်းတာခြင်း အပေါ် နောက်ကြောင်းပြန်ခြေရာခံစနစ်တည်ထောင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ နေပြည်တော်နှင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဗဟိုနှင့် ပဲခူးတိုင်းမှ တာဝန်ရှိသူများ၊ Kett Electric Laboratory နှင့် Japan Development Service တို့မှ စီမံကိန်း တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒေသခံ တောင်သူ၊ တောင်သူ၊ ပွဲစားနှင့် စက်ပိုင်းများ စုစုပေါင်း ၄၇ ဦးတက်ရောက်ခဲ့ပါသည်။

ITQM

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ