Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Mistine အလှကုန်ပစ္စည်းတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၈.၇.၂၀၂၂ ရက်နေ့ (၁၁:၁၅) အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော အလှကုန်ဆိုင်များသို့ Mistine အလှကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့် FDA ၏ ထောက်ခံချက်များ ပါရှိ/မရှိ ဈေးတာဝန်ခံများနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဈေးတာဝန်ရှိသူများနှင့် အလှကုန်ရောင်းချလျက်ရှိသောဆိုင်များမှ တာဝန်ခံများ၊ ဆိုင်အရောင်းဝန်ထမ်းများအား ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပေးပြောကြားခဲ့ပါသည်။

              ဈေးတာဝန်ရှိသူများကလည်း ဌာနဆိုင်ရာများ၏ တားမြစ်ထားသော ကုန်ပစ္စည်းများ သိရှိပါကလည်း ရောင်းချလျက်ရှိသောဆိုင်များသို့ အချိန်နှင့်တပြေးညီတားမြစ်အသိပေး၍ အလှကုန်ရောင်းချလျက်ရှိသော ဆိုင်တာဝန်ခံများမှလည်း ဈေးတာဝန်ခံများ၏ ညွှန်ကြားချက်များကို လိုက်နာကြောင်း၊ ဌာနဆိုင်ရာများ၏ထောက်ခံချက်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရှိသော အလှကုန်ပစ္စည်းများကိုသာရောင်းချကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်) 

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များအား (၁၄.၇.၂၀၂၂)ရက်နေ့ နေ့လည် (၀၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည်  ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီဘူးများ (Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀.၁၂.၂၀၂၁ ရက်စွဲပါညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ  ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာ ဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန်၊ စီးပွားရေးလုပ်ငန်ရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ် စေရန်နှင့် ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

         ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်လင်မြို့၊ ရပ်ကွက် (၂)ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)သို့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းသားဦးရေ (၁၇၀) တက်ရောက်ခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် ဖော်ပြထားသော စားသုံးသူ၏အခွင့်အရေး နှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်နေသောကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ကျောင်းဈေးတန်းတာဝန်ရှိ ဆရာမများအား ကျောင်းဝန်းအတွင်း ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသောမုန့်များ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊သထုံခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများသည် (၂၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက သထုံမြို့နယ်၊ အ.မ.က(လွန်) ပန်းတိမ်ရွာ၊ နောင်ကုလားကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် တိုင်ကြားနိုင်သည့်နေရာများ call Center ဖြင့် တိုင်ကြားမှုတို့ ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များအား သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါဖြိုးအိအိစံနှင့်အတူ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၂၄) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ် အ.လ.က (အထရံ)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၈.၇.၂၀၂၂ ရက်နေ့ နံနက် (၁၁:၀၀) နာရီက ကျိုက်မရောမြို့နယ်၊ အ.လ.က (အထရံကျောင်း)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကြောင်း သိရပါသည်။

             အဆိုပါ ဟောပြောပွဲ၌ ကျိုက်မရောမြို့နယ်ရုံးတာဝန်ခံ ဦးအောင်ညီညီခန့်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေမှုများ၊ စားသုံးသူ၏အခွင့်အရေးများ၊ တာဝန်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၊  စားသုံးသူနစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည်နှင့် တိုင်ကြားနိုင်သူများအားရှင်းလင်း၍ အသေးစိတ်ပြောကြားပါသည်။ ပြီးနောက် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်အား ကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို  ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့သိကောင်းစရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်ယုချိုထက်နှင့် ဆရာ၊ ဆရာမ (၂၂) ဦး ကျောင်းသား/သူ (၁၀၀) ဦးတို့တက်ရောက်ခဲ့ကြောင်း းသတင်းရရှိပါသည်။

DOCA(မွန်)

တစ်ခါသုံးတစ်ရှူး (Tissue) Wipe Product ထုတ်လုပ်သူနှင့် တွေ့ဆုံဆွေးနွေး

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊  ခရိုင်ဦးစီးမှူး  ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရိအချိန်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် ၊ အကွက် (၁၆)ရှိ ဦးနေမင်းအောင်ဇော် ပါ (၇)ဦး ပိုင်ဆိုင်သော LUCKY 7” အမှတ်တံဆိပ်ဖြင့် တစ်ခါသုံးတစ်ရှူး (Tissue) Wipe Product  ထုတ်လုပ်ဖြန့်ချီရောင်းချသည့် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ မိမိတို့ထုတ်လုပ်သည့် တစ်ခါသုံးတစ်ရှူး (Tissue) များမှာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သန့်ရှင်းမှုရှိစေရေး၊ တစ်ရှူးများတွင် အမှုန့်အမွှား၊ သံတိုသံစများ ပါဝင်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၁)၊ ပုဒ်မ(၂၃) ပြဌာန်းချက် ပါ ကုန်စည်များမှာ စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊  အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းနှင့်  ပတ်သက်၍ ထုတ်လုပ်သူများအနေဖြင့်  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်မှုရှိစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း ချပြဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လည်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊ အခန်း(၁၈) ၊ ပုဒ်မ(၄၁) ပြဌာန်းဖော်ပြချက်ပါအချက်များ ပြည့်စုံစွာဖော်ပြစေရေး အသိပညာပေးဆောင်ရွက်ပြီး တစ်ရှူးအကြမ်းမှ တစ်ရှူးအချော အဆင့်ထိ ထုတ်လုပ်နိုင်အောင် ‌စုပေါင်းကြိုးစားဆောင်ရွက်သင့်ပါကြောင်း အားပေးချီးမြှင့် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျိုက်လပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၁၀;၀၀) နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိကုန်စုံဆိုင်(၈)ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ ပါသည်။

        တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများနှင့်သက်ဆိုင်ရာဆက်စပ်ဌာနများမှ တားမြစ်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများ ကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”၊ အခန်း(၉)ပါ “စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၁၉.၇.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိဘဲ ပိတ်ထားသောဆိုင်များ ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

DOCA(မွန်)

လေးမျက်နှာမြို့စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် (၂:၀၀) အချိန်တွင် ခြောက်ဆယ်ကျေးရွာအုပ်စုရှိ အ-လ-ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၂၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူကာ ကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ စားသုံးသူကာ ကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ပုဒ်မ(၁၉)တွင်ပါရှိသော အချက် (၈)ချက်များ အကြောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show ) ဆောင်ရွက်ခြင်း

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစိုးဝင်းသည် (၂၂.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီက မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ Talk Showတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးသန္တာထွန်းက စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးရာတွင် ယခုလို စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ Online ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်းမှာ စားသုံးသူများအတွက် စားသုံးသူအသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မုဒုံမြို့နယ်တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခြင်းခံရပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ Call Center ဖုန်းနံပါတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ