Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online ပေါ်မှ ရသေ့ဆေးရောင်းချခြင်းရှိ၊မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

              ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများ သည်  ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ Online ပေါ်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ သည့်အပြင် တားမြစ်ပိတ်ပင်ထားသော ရသေ့ဆေး(ခေါ်) ထိုင်းဗိန်းတောဆေးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

               ယင်းသို့ စစ်ဆေးခဲ့ရာ ရသေ့ဆေး(ခေါ်) ထိုင်းဗိန်းတောဆေးများကို ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။

               အဆိုပါဗိန်းတောဆေးသည် အကိုက်အခဲ၊ ရောဂါပေါင်းစုံပျောက်သည်ဟု ကြော်ငြာရောင်းချလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ FDAမှ ဘေးအန္တရာယ်ရှိသည့်ဆေးအဖြစ် ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်းနှင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ  ဘေးဥပါဒ်အန္တရာယ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

            ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မေလ(၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil ) နှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအရ ဈေးကွက်အတွင်းစားသုံးဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil ) ဖော်ပြပြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရ၍ အဆိုပါကုန်စည်၏ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များကို စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်နှင့် အသားတင်အလေးချိန်ယူနစ် တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြထားရန် (၁၈.၁၂.၂၀၂၂) နေ့ကြေးမုံသတင်းစာတွင်  စတင်ထုတ်ပြန်ထားပြီး (၆) လပြည့်ပြီးသည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းထားသည့် စားသုံးဆီများဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်း ညွှန်ကြားချက်အရလည်း ရန်ကုန်မြို့ ဆီသိုလှောင်ရုံခန်းများမှ လက်ကားဖြန့်ချီခြင်းလုပ်ငန်းစဉ်ကို (၂၀၂၂)ခုနှစ်မေလ(၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများကိုလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အဝါရောင် ပေပါအသစ် (သို့မဟုတ်) သန့်စင်ပြီးအဝါရောင်ပေပါများဖြင့် ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာချက်ကို ဒေသတွင်းဆီလုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထိုနောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ်  မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

            ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်၍ သံတွဲခရိုင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၉-၅-၂၀၂၂)ရက်နေ့တွင် သံတွဲမြို့၊ အံတော်ကျေးရွာအုပ်စု ရောင်ခြည်ဦးကျေးရွာရှိ ဒွါရာဝတီ သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် စက်ရုံဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအားပြည့်စုံစွာဖော်ပြစေရေး၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ‌ဆောင်ရွက်ရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံအတွင်း/ပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အသုံးပြုသောသောက်ရေသန့်ဗူးခွံများ သန့်ရှင်းမှုရှိစေ‌ရေး၊ ကောင်းမွန်သောသန့်ရှင်းမှုစနစ်၊ ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

                                                                                                                                                                  

ကြို့ပင်ကောက်မြို့နယ်၊ ဇီးတောကျေးရွာနှင့် သံဖြူကျောင်းကျေးရွာများတွင် တောင်သူများနှင့် ဟောပြောပွဲပြုလုပ်ခြင်း

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်တွင် (၄.၅.၂၀၂၂ )ရက်နေ့ နံနက်ပိုင်းတွင် တူးမြောင်းအုပ်စု ၊ ဇီးတောကျေးရွာနှင့် နေ့လည်ပိုင်းအချိန်တွင် ကြို့ကုန်းအုပ်စု ၊သံဖြူကျောင်းကျေးရွာများသို့ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအား (၈)ဌာန ပူးပေါင်း၍ တောင်သူ ၈၈ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ အသိပညာပေး ဟောပြောခဲ့ပါသည်။

          တက်‌ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် ဌာန၏လုပ်ငန်း ဆောင်ရွက်ချက် ၊ စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ ၊ ဥပဒေပါ အကြောင်းအရာထဲမှ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်မည့်လမ်းကြောင်း ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် အထောက်အထားပြေစာများ လက်ခံရယူကြရန်နှင့် ဝယ်ယူသည့် ကုန်စည်တွင် စားသုံးသူဥပဒေမှပါရှိသည့် အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သတိပြုဝယ်ယူ သုံးစွဲကြရန် ဥပမာပစ္စည်း နမူနာများပြသ၍ ဟောပြောခဲ့ပါသည်။  

          စားသုံးဆီ ၊ စက်သုံးဆီ ၊ အခြေခံစားသောက်ကုန် ဆေးစျေးနှုန်း ၊ စျေးကွက်များကို နေ့စဉ်မိမိတို့ ဌာနမှ စျေးကွက်တွင် သတင်းရယူပေးရသည့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း အကြောင်းများကိုလည်း အသိပညာပေးပြီး ဆီစားသုံးမှုလျှော့ချစေရေးနှင့် ပိုမိုစားသုံးလျှင် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး စားသုံးဆီဖူလုံရေးအတွက် တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြရန် အကြံပေးပြောကြားခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်လျှက်ရှိသော ပန်းချီသင်တန်းသို့ တက်ရောက်လျှက်ရှိသော ကျောင်းသူကျောင်းသားများအား မေလ ၄ ရက်နေ့ နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးများ၊ စားသုံသူအခွင့်အရေး နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ဖတ်ရှုသင့်သည့် အကြောင်းများကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲသို့ ပန်းချီသင်တန်းတက်ရောက်သူ ကျောင်းသားကျောင်းသူ ၄၀ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ် ကွာရီကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်န္တာဦးတို့သည် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစောမင်းသူ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များကို ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက်ကျော်လွန်စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ မြေပဲ၊ နှမ်းနှင့် နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီကို စားသုံးရမည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကိုလည်းကောင်း ဟောပြောပါသည်။

              ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ဟောပြောပွဲသို့ ကွာရီကျေးရွာတောင်သူဦးကြီးများနှင့် မိသားစုဝင်များ ၅၀ ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

တောင်ငူမြို့နယ်တွင် Century သောက်ရေသန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား သိရှိလိုက်နာပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် လုပ်ငန်းများအတွက် ထိရောက်စွာအကျိုးဖြစ်ထွန်းလာနိုင်စေရန် ရည်ရွယ်၍ ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့၊ အမှတ် ၂၀ ရပ်ကွက်၊  စက်ရှင်လမ်းရှိ Century သောက်ရေသန့်သို့ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့်ဆွေးနွေးခဲ့ပါသည်။

              ထို့နောက် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက Century သောက်ရေသန့်ပိုင်ရှင် ဦးကျော်ဟိန်းနှင့် လုပ်သားဝန်ထမ်း (၁၀)ဦးအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဠာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ၏အခွင့်ရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၂ တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆီဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး

                 စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများသည် မြိုနယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မေလ ၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

              ထို့နောက် မြို့နယ်တာဝန်ခံမှ ဆိုင်တာဝန်ရှိသူများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်း ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

              ထို့ပြင် စားသုံးသူပြည်သူများ ဘေးဉပါဒ်အန္တရာယ်ကင်းစင်ရန်အတွက် (၁.၅.၂၀၂၂) ရက်နေ့မှ စတင်၍ ဆီကန်မှ ထုတ်ယူသော စားသုံးဆီများအား Food Grade Tank အဆင့်ရှိ အဝါရောင် ပေပါအသစ်အတွင်းသို့ ဆီဖြည့်သွင်းရမည်ကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

 

ဖြူးမြို့တွင် စားသုံးဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ အသိပညာပေး

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့်ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားပါသည်။

              မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေးတို့အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၁.၅.၂၀၂၂ နေ့မှစ၍ ဆီကန်မှထုတ်ယူသော စားသုံးဆီများအား Food Grade အဆင့်ရှိ အဝါရောင်ပေပါအသစ် သို့မဟုတ် သန့်စင်ပြီးပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် Food Grade Tank များသို့သာ ဆီဖြည့်သွင်းပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပေပါများ၊ ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိမိမြို့နယ်အတွင်းရှိ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ဝန်ကြီးဌာနက အသိပေးကြေညာထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးပါကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် စားသုံးဆီထုတ်လုပ်ရောင်းချသူများအား အသိပညာပေး

              စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မေလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာစေရေးအတွက်  ရှင်းလင်းပြောကြားခဲ့ပါသည်။

              မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှ စားသုံးဆီများတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ရန်ကုန် ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာတွင် အဝါရောင် Food Grade Clean Drum များဖြင့် လည်းကာင်း၊  Food Grade Bowser Truck ဖြင့်လည်းကောင်း စတင်အသုံးပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/ Clean Drum/ Jerry Can/ Consumer Pack)များ အသုံးပြုရန်၊ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ”ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo)များ ကပ်နှိပ်ရန် စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ မြို့နယ်အတွင်းရှိ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်မြို့ရှိ ဆီသိုလှောင်ကန်များသို့ ဆီများသွားရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် သို့မဟုတ် သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့်ပြုမည်ဖြစ်ပါသဖြင့် ဝန်ကြီးဌာန၏ အသိပေးကြေညာထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ အသိပေးကြေညာချက်အား ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ