Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား‌ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း (၂) ဦးနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း (၁)ဦး စုစုပေါင်း (၆)ဦး တို့သည် (၅.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အ‌ရောင်းဆိုင်များသို့  တစ်ပတ်အတွင်းဆေးဝါးရောင်းချမှု၊ ကျန်ရှိမှုနှင့် လိုအပ်စာရင်းများကောက်ယူခြင်းနှင့် ဆေးဈေးနှုန်းများကောက်ယူခြင်း၊ ဘေးအန္တရာယ်ရှိကြောင်း သက်ဆိုင်ရာများမှ ထုတ်ပြန်ထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ဆေးဝါးမှတ်ပုံတင်အမှတ်(IR)များဖော်ပြထားခြင်းမရှိသော ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တရားမဝင်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            Online ပေါ်တွင် အကိုက်အခဲရောဂါပေါင်းစုံပျောက်သည်ဟုဆိုကာ ရောင်းချနေသော ဆေးများရှိသဖြင့်  မြန်မာနိုင်ငံတွင်လည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့်   စားသုံးသူပြည်သူများဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ (၄.၅.၂၀၂၂)ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဦးဆောင်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေးကုဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြားဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ အဆိုပါ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းများအား တင်သွင်း/ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများ ပညာပေးဟောပြောပွဲပြုလုပ်ခြင်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ မေလ ( ၄ ) ရက်နေ့၊ နံနက် ( ၁၀ ) နာရီအချိန် စာသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း းသိရှိရပါသည်။

               ဟောပြောပွဲတွင် တမူးမြို့၊ စားသုံးသူရေရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစွမ်းရည်က စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ ဟောပြောပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ စျေးရောင်း၊ စျေးဝယ်သူများစိတ်ပါဝင်စားသည့် ပြည်သူများ ( ၂၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၅.၂၀၂၂)ရက်နေ့၊ နံနက်  (၀၉:၃၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ "လင်း"သောက်ရေသန့်လုပ်ငန်း၊ အနောက်ပိုင်းရပ်ကွက်ရှိ"ယောနဒီ" နှင့် "ကြည်သာ" သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           အသိပညာပေးဆွေးနွေးခဲ့ရာတွင်ဆိပ်ဖြူမြို့နယ်တာဝန်ခံဦးဇော်နေလင်းမှ ရေသန့်လုပ်ငန်းရှင် များအား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူအခွင့်အရေးများကို သိရှိလိုက်နာစေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ ရာတွင် စိစစ်ခွင့်ပြုချက်ရရှိထား သည့်အတိုင်း ထုတ်လုပ်ရောင်းချ၍ ကုန်စည်ပေါ်တွင် ကုန်အမှတ် တံဆိပ်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြရောင်းချရမည်ဖြစ်ကြောင်း၊ စိစစ်ခွင့်ပြု ချက်ရရှိသော အမှတ်တံဆိပ်တွင် ပါရှိသည့်အတိုင်း ဖော်ပြထားခြင်းမရှိဘဲ ကုန်စည်များကို ရောင်းချခြင်းတွေ့ရှိပါက ကုန်အမှတ် တံဆိပ်ခွင့်ပြုခြင်းများ ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

         ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ ရေသန့်လုပ်ငန်းရှင်များအား လူတိုင်းသည် ကျန်းမာစွာဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ရေကို နေ့စဉ်သောက်သုံးရ၍ အဓိကအရေးပါသော ကုန်စည်တစ်ခုဖြစ်ကြောင်း၊ ရေသန့်ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသော သောက်ရေသန့်ကိုသာ ထုတ်လုပ်ရောင်းချသင့်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း၏တန်ဖိုးနှင့်အညီ အပြည့်အဝပေး၍ ဝယ်ယူသုံးစွဲခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အတ္တ၊ ပရမျှတစွာဖြင့် မိမိတို့ ထုတ်လုပ်သောရေကို အဆင့်ဆင့်ကျိုချက်ပြီး အမှုန်အနည်များမပါရှိသော သန့်စင်သည့်ရေများကိုသာ ရေသန့်ဗူးအတွင်းထည့်၍ ရောင်းချပေးစေလိုကြောင်း၊ ရောင်းချရာတွင်ရေသန့်ဗူးများကိုလည်း သန့်သန့်ရှင်းရှင်းဖြင့် ပြုလုပ်ဆောင်ရွက်ပြီးမှသာ ရောင်းချရန်လိုအပ်ကြောင်း၊ ရေသန့်လုပ်ငန်းရှင်များအနေဖြင့် မိမိကုန်စည်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း အာမခံမှုပေးရမည် ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူအနေနှင့်ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက စားသုံးသူမှ တိုင်းကြားနိုင်သည့် အခွင့်အရေးများရှိကြောင်းနှင့် ရေသန့်လုပ်ငန်းရှင်များနှင့် အလုပ်သမားဝန်ထမ်းများကို စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့်တာဝန်များနှင့် စာသုံးသူများဘက်မှ ရယူတောင်းဆိုနိုင်သည့် အခွင့်အရေးများကို သိရှိရန်အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းစည်သူမှ လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များကို အဆင့်ဆင့်ကျိုချက်ထုတ်လုပ်ခြင်းမရှိဘဲ ရေတွင်းမှရေကို တိုက်ရိုက် စက်ဖြင့်ခုတ်ပြီး ရေသန့်ဗူးများအတွင်းသို့ထည့်၍ အခြားမြို့နယ်များတွင် ရောင်းချနေကြောင်း သတင်းရရှိ၍ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ရေသန့်လုပ်ငန်းရှင်များအား ကျိုချက် သန့်စင်ပြီးစီးကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပြီးသော ရေသန့်နမူနာများကို မြို့နယ်စည်ပင်ရုံးသို့ အမြန်ဆုံးလာရောက် ပို့ပေးစေလိုကြောင်းနှင့် ရေသန့်စက်ရုံဝန်းအတွင်း၌ သန့်ရှင်းသပ်ရပ်စွာဖြင့် ရေသန့်များကို ထုတ်လုပ်ရောင်းချစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

“ချောက်မြို့နယ်၊ ကြီးနီကျေးရွာသို့ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု အသိပညာပေးဆွေးနွေး”

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရုံးမှ ဒေါ်မြတ်မြတ်မိုး(မြို့နယ်ဦးစီးမှူး)၊ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် (၃.၅.၂၀၂၂)နေ့ (၁၆:၀၀)နာရီတွင်  ချောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မှဒေါ်အေးမြင့်မြတ်သင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ဆုဆုဇင်တို့နှင့် ပူးပေါင်းပြီး ချောက်မြို့နယ်၊ ကြီးနီစံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် စားသုံးသူအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးဆီ အစားထိုးနေကြာဆီ ပိုမိုစိုက်ပျိုးထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအသိပညာပေးဆွေးနွေးမှုကို ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့ကြပါသည်။

            အဆိုပါ ဆွေးနွေးပွဲတွင် ချောက်မြို့နယ်ဦးစီးမှူး၊ ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာများအား အသိပညာပေး ဆွေးနွေးခဲ့ ပါသည်။

            ဆက်လက်၍ ဒေါ်ချိုဝေလွင် ၊ဒု-ဦးစီးမှူးမှ ကုန်စည်နှင့်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာရှိ ကုန်စုံဆိုင်(၂)ဆိုင်အား စားသုံး၍မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်၍ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော စားသောက်ကုန်များ၊ ရောင်းချမှုရှိ/ မရှိအား အဖွဲ့ဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ယောဝရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေးဆွေးနွေးခဲ့ရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံဦးဇော်နေလင်းက ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်အမှတ်တံဆိပ်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေးအတွက် ခရိုင်/ တိုင်းဒေသကြီးရုံးများသို့ အဆင့်ဆင့် ဆက်လက်တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ ပဲကြော်လုပ်ငန်းရှင်များအား စားသုံးသူများအတွက် ပဲကြော်သည် နေ့စဉ်စားသုံးခြင်းဖြင့် ပြည်တွင်းစားသုံးမှုများပြားသော ကုန်ပစ္စည်းတစ်ခုဖြစ်ပါ၍ ထုတ်လုပ် ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချပေးစေလိုကြောင်း၊ စားသုံးသူများတွင် မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်သော အခွင့်အရေးများရှိကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ရယူတောင်းဆိုတတ်စေရန်နှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုကို မခံရစေရန်အတွက် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ကုန်စည်များပေါ်တွင် တိကျမှန်ကန်ရှင်းလင်းသည့် သတင်း အချက်အလက်များ ဖော်ပြပေးရေးအတွက် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊   ကုန်စည် များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ၍ ကုန်အမှတ်တံဆိပ်ပြည့်စုံပြီး အရည်အသွေး မြင့်မားသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချခြင်း ပြုလုပ်ပါရန် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမင်းစည်သူမှ ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် ပဲကြော်ရာတွင် ပဲကြီးကို ရေစိမ်ပြီး လှော်ရခြင်းဖြစ်သောကြောင့် စိမ်ထားသောရေများသည် အနံ့ဆိုးများထွက်ရှိခြင်းကြောင့် မိမိတို့အိမ်ဝန်းအတွင်းတွင် မြောင်းဖော်၍ထားရှိပြီး အပြင်သို့ မရောက်ရှိရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် အနံ့ပျောက်ဆေးများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း မီးကို အထူးဂရုစိုက်၍ သုံးစွဲသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိ

               ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာဌာနအသီးသီးမှ ကျေးရွာအရောက် တွေ့ဆုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများအပတ်စဉ် ဆောင်ရွက်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများနှင့် စားသုံးဆီသုံးစွဲမှု လျော့ချသုံးစွဲသွားရန်နှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာမည့် ဘေးထွက် ဆိုးကျိုးများဆိုင်ရာ အသိပညာပေးခြင်းများကို ကွင်းဆင်းဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်လျှက်ရှိရာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာ(၄၀)ဦး၊ ဇရပ်ခင်ကျေးရွာ (၆၀)ဦး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲကျေးရွာ(၃၀)ဦး၊ အိမ်ခြေလေးဆယ်(၃၀)ဦး၊ နတ်ကင်းကျေးရွာ(၂၅)ဦး၊ ကြီးပေါင်းစု ကျေးရွာ (၄၅)ဦး၊ဘုတစ်ရာ(၃၀)ဦး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဂန္ဓမာရပ်ကွက်၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊သဲကုန်းမြို့နယ်၊ ဘုရားပြိုကျေးရွာ၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကန္တလီ ကျေးရွာ(၅၀)ဦး၊ အနောက်ချောင်းကမ်းကျေးရွာ(၃၀)ဦး၊ မယင်းအနောက်စု(၅၀)ဦး၊ ကြို့ပင်ကောက် မြို့နယ်၊ ဉက္ကံကျေးရွာ(၅၃)ဦး၊ သခွပ်ကုန်းကျေးရွာ(၃၀)ဦး၊ ကြို့ပင်ဝိုင်းကျေးရွာ (၃၄)ဦး၊ လိမှင်ကွင်း ကျေးရွာ(၃၂)ဦး၊ မင်းလှမြို့နယ်၊ သစ်ထူးအိုင်ကျေးရွာ (၆၂)ဦး၊ ရွာမကျေးရွာ(၅၄)ဦး၊ စိန်ကန့်လန့် ကျေးရွာ(၄၀)ဦး၊   လှည်းပြင်တင်  အရှေ့စုကျေးရွာ(၂၀)ဦး၊သရပ်တစ်ပင်ကျေးရွာ(၄၅)ဦးဆောင်ရွက်နိုင်ခဲ့သဖြင့် စုစုပေါင်းမြို့နယ်(၈)မြို့နယ်၊ ကျေးရွာ(၂၂)ရွာ၊ တောင်သူ/လုပ်ငန်းရှင်(၇၇၂)ဦးအား ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်၊ဒေါင်းလူး ကျေးရွာတွင် စားသုံးသူကာကွယ်ရေး တောင်သူများအား အသိပညာပေး ဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှ (၄)မိုင်ခန့် ကွာဝေးသော ကျွန်းကုန်းအုပ်စု ၊ ဒေါင်းလူးကျေးရွာတွင် စိုက်ပျိုးရေးဌာန၊ တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ (၂၇.၄.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၁:၀၀) နာရီအချိန်တွင် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော တောင်သူ (၂၂)ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းပြခဲ့ပါသည်။

            တက်‌ရောက်လာသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ ၊ စားသုံးသူအခွင့်အရေး ၊ လုပ်ငန်းရှင်များ၏တာဝန် ၊ နစ်နာမှုရှိလျှင် ကုစားပေးနိုင်သည့်အချက်များ ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအကြောင်း ရှင်းလင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲပြီးဆုံးချိန်တွင် တက်ရောက်လာသော တောင်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ်အတွင်း မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကွင်းဆင်းကောက်ယူခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်( ၉း ၀၀)အချိန်နှင့် မေလ(၄)ရက်နေ့ နေ့လည်(၁၃း ၀၀)နာရီအချိန်တွင် ပြည်နယ် အတွင်း စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ မြို့ပြ၊ ကျေးလက် အလွှာပေါင်းစုံတို့တွင် နေထိုင်လျက်ရှိသော စားသုံးသူပြည်သူများအား  စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များ ကုန်စည်နှင့် ဝန်ဆောင်မူတို့စပ်လျဉ်း၍ စားသုံးသူတစ်ဦး၏အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်၊ ကုန်စည်၏ အခြေခံလိုအပ်ချက်များနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊  ဥပဒေအရ စားသုံးသူများ လိုက်နာရမည့်အချက်များ၊ ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ကုန်စည်တွင်ပါရှိသည့်  သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်အတိုင်း လိုက်နာရမည့် တာဝန်ဝတ္တရားများကို စားသုံးသူပြည်သူများအနေဖြင့် မည်မျှဗဟုသုတရှိမှု၊ စွမ်းဆောင်နိုင်ရည်ရှိမှု အညွှန်းကိန်းစစ်တမ်းတို့အား မြေပြင်ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၂ ခုနှစ်၊ မေ လ (၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပဲ ဘေးအန္တရာယ်ရှိသည့် ရသေ့ဆေး(သို့)ထိုင်းဗိန်းတောဆေးနှင့် Bella Plus Plaster တို့အား ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မိတ်ဖက်ဌာနတို့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်း သည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR) များ ဖော်ပြထားခြင်း မရှိသော Bella Plus Plaster နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘဲ Online ပေါ်တွင် ရောင်းချနေသည့် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးများ ဈေးကွက်အတွင်း ရောင်းချနေမှုမရှိကြောင်းစိစစ်တွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေသော ဆေးဝါးများအား ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ဆေးဝါးများသာဝယ်ယူ ရောင်းချသွားရန် ဈေးကွက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ