Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

            ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ၂၈-၄-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စာသုံးသူရေးရာကော်မတီ ဥက္ကဌ ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များကလည်း ကရင်ပြည်နယ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်ဦးစားပေး ကုန်စည်(၁၀)မျိုးကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကရင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာ ကော်မတီကို လစဉ်(၁)လ တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေး တွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင်(၇)ဦး တက်ရောက်ခဲ့ပြီး နံနက်(၁၁:၃၀) နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။   

DOCA(ကရင်)

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ  ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး (၂၁.၄.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည် များပပျောက်စေရေးအတွက် ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီများ ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် များသို့ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား တစ်ဆင့်ပြန်လည် ရောင်းချသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ သိရှိစေရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်းသည့် ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို (၂၀.၁.၂၀၂၁) နေ့တွင် ထုတ်ပြန်ထားရှိကြောင်း၊ ယင်းညွှန်ကြားချက်သည် (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စားသုံးဆီရောင်းချဖြန့်ဖြူးသူများအနေဖြင့်လည်း ယခုအချိန်မှစ၍ မိမိတို့ဆိုင်တွင် ညွှန်ကြားချက်အတိုင်း ပြည့်စုံသော ကုန်စည်ကိုသာရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးဆီ ဖြန့်ဖြူးသော ကုမ္ပဏီများ၊ အရောင်းကိုယ်စား လှယ်များကိုလည်း အသိပေးရှင်းလင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း ဈေးကွက်တွင် စားအုန်းဆီနှင့် ပဲဆီ၊ နှမ်းဆီတို့နှင့် ရောစပ်ရောင်းချနေခြင်းများလည်း ရှိရာ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေဘဲ ရှင်းလင်းမြင်သာစွာ သိရှိစေရေးအတွက် စားသုံးဆီအမျိုးအစား တစ်ခုချင်းစီ၏ ရောစပ်မှုအချိုးအစားအလိုက် ဝယ်ယူစားသုံးသူများ အခြေခံစိတ်ကျေနပ်မှုရရှိစေရေးအတွက် မှန်ကန်စွာဖြင့် ဖော်ပြရောင်းချသွားရန် လိုအပ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအခါ ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်ပတ်သက်၍ ရောင်းချရာတွင် မိမိတို့ကုန်စည် ပေါ်တွင် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ကုန်စည် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်ကိုသာရောင်းချရန်နှင့် ကုန်စည်၏အသားတင်ပမာဏ အရွယ်အစားကိုလည်း ပိဿာ/ကျပ်သားတို့ဖြင့် မြန်မာလိုဖော်ပြပါရှိမှသာ ရောင်းချရမည်ကြောင်း အသေးစိတ်အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းမှ စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ထင်ယောင်ထင်မှား မဖြစ် စေရေးအတွက် ဆီရောင်းချသောဆိုင်ရှင်များအား စားသုံးသူအခွင့်အရေးများသိရှိစေရန် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယခုအချိန်အခါတွင် စားသုံးဆီကို လူတိုင်းအခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ်စားသုံးနေကြသောကြောင့် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပေါ်မှုနည်းပါးစေရန်အတွက် ရောင်းဝယ်ဖြန့်ဖြူးသော လုပ်ငန်းရှင်များအနေဖြင့်(၁/၂၀၂၁)ညွှန်ကြားချက်အရ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော စားသုံးဆီကိုသာ တင်သွင်းရောင်းချဖြန့်ဖြူးရန်၊ မပြည့်စုံသော စားသုံးဆီများ ဆိုင်တွင်ရှိနေသေးပါကလည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး အမြန်ဆုံးပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ ရောင်းချဖြန့်ဖြူးသော စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လာရောက်အသိပေးရှင်းလင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) စာစောင်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ ပါသည်။

DOCA(မကွေး)

Benzoic Acid ပမာဏထက်ကျော်လွန်နေသော အသားချောင်း၊ အသားလုံးများ ဈေးကွက်အတွင်း ရှိမရှိကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ၂၇.၄.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာရောင်းချသော အရောင်း ဆိုင်(၆)ဆိုင် အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့အတွင်းရှိ ပင်လယ်စာဆိုင်များမှ အသားလုံး၊ အသားချောင်း နမူနာ (၇)မျိုးအား ကချင်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ နမူနာကောက်ယူ၍ နေပြည်တော်သို့ ဓါတ်ခွဲစစ်ဆေးရန်ပေးပို့ခဲ့သော ဓါတ်ခွဲစစ်ဆေးချက်အရ အသားချောင်း၊ အသားလုံးနမူနာ(၄)မျိုးတွင် သတ်မှတ်ထားသည့် Benzoic acid ပမာဏထက် ကျော်လွန်နေသော ဂဏန်းပုံပါအမှတ်တံဆိပ် အသားလုံး (ပန်းရောင်)၊ ထိုင်းနိုင်ငံထုတ် B4 New အမှတ်တံဆိပ် ကြက်သား အသားဘောလုံး၊ ထိုင်းနိုင်ငံထုတ် Thai Star Brad အမှတ်တံဆိပ်ပါ (အနီရောင်)ဟောဒေါ့ကြက်သားလုံး၊ ထိုင်းနိုင်ငံထုတ်Thai Star Brad အမှတ်တံဆိပ်ပါ(ပန်းရောင်) အသားချောင်းတို့အား ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးခြင်းရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှသိမ်းဆည်း ဖျက်ဆီးနိုင်ရေးပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ဘီးလင်းမြို့နယ်တွင် စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၄.၂၀၂၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် (၈)၊ နီလာတပ်ဈေးရှိ ဟင်းသီးဟင်းရွက်ဆီရောင်းချသည့် ကုန်စုံဆိုင် (၁၅) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

       အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ညွှန်ကြားချက်နှင့်အညီ စားသုံးဆီဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိစောင့်ကြည့်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် (ဆိုင်ရှင်) များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချသင့်ကြောင်းအသိပညာပေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ ဖော်ပြပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောက်မြို့နယ်တွင် သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချနေမှုအား ကွင်းဆင်းကြပ်မတ်ခြင်း

       စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ ပူပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို စားသုံးသူပြည်သူများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးသို့ ခွဲဝေချပေးထားသည့် စားအုန်းဆီများအနက် ချောက်မြို့နယ်အတွက် ခွဲဝေရရှိသည့် စားအုန်းဆီပေပါ (၁၀၀)(၁၁၀၀၀)ပိဿာ (၁၇.၉၆)တန်အား ချောက်မြို့နယ်ရှိ ဆီလုပ်ငန်းရှင်(၄)ဦးသည် (၁၈.၄.၂၀၂၂) မှ(၂၆.၄.၂၀၂၂)နေ့ထိ စားအုန်းဆီတစ်ပိဿာလျှင် (၅၈၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် နေ့စဉ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်‌ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မီမှန်ကန်စွာရောင်းချရေး နေ့စဉ် ရောင်းချမှုမှတ်တမ်းနှင့် ဓါတ်ပုံမှတ်တမ်းများအား အချိန်နှင့်တပြေးညီ နေ့စဉ်တင်ပြပေးရန် အသိ‌ပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ဌာနမှအသိအမှတ်ပြုပါကြောင်းနှင့် မှန်မှန်ကန်ကန်ရောင်းချပေးခြင်းဖြင့် အတ္တပရမျှပါကြောင်း စားအုန်းဆီပေပါများကိုလည်း အတွင်းအပြင်သန့်ရှင်းမှုရှိရန်နှင့် အဝါရောင်ပေပါများဖြင့် ပြောင်းလဲသုံးစွဲရန်အသိပေး ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာ၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများသည် ၂၁.၄.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်စုံဆိုင်(၆)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Paris ဆပ်ပြာခဲများ၌ ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သောအလေးချိန် ကိုက်ညီမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခြင်း နှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အုပ်စု အလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံးနှင့် ဝန်ထမ်းများသည် ၂၀.၄.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်းရှိ ကုန်စုံဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များ ထည့်သွင်းရောင်းချသည့် ဘူးခွံများ၊ အထုပ်များ၊ အိတ်များ၏အပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖော်ပြထားခြင်းရှိမရှိနှင့် ကုန်အညွှန်းအမှတ်အသားပါ ဖော်ပြချက်များနှင့် ရောင်းချသည့်ကုန်စည်အခြေအနေကိုက်ညီမှုရှိမရှိ စစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းများ လိုက်နာရမည် အချက်များနှင့် ညွှန်ကြားချက်များအား အသိပညာပေးဆွေနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

                   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဝင်းဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

                  ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဈေးနှုန်းဈေးကွက်သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များကို ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးဆောင်ရွက်ပေးသည့် အခြေအနေများကို လည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦးစားသုံးသင့်သည့် ဆီပမာဏထက် ကျော်လွန် စားသုံးခြင်းမပြုခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့် အခြေအနေများ၊ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီကို စားသုံးရမည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကိုလည်းကောင်း ဟောပြောပါသည်။

                  ဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စီမံကိန်းရေး ဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဌာနတို့မှ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ဟောပြောပွဲသို့ ဒိုးအင်းကျေးရွာတောင်သူဦးကြီးများနှင့် မိသားစုဝင်များ ၆၀ ဦးခန့် တက်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

                စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

                  ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်မှုများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကိုလည်းကောင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

               စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

              ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါအေးအေးခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာတို့သည် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စစ်ဆေးရေးမှူးများခန့်အပ်၍ ဈေးကွက်လေ့ လာစောင့်ကြည့်ခြင်း ဆောင်ရွက်မှုများ၊ စားသုံးသူအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ