Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့့နယ်တာဝန်ခံမှမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)အချိန်တွင် မြို့နယ်စည်သာဘာရေးအဖွဲ့နှင့်ပူပေါင်း၍ အိမ်မဲမြို့နယ်အတွင်းရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိMobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ၊ ဝယ်ယူခြင်း၊ရောင်းချခြင်းတို့တွင် အခွန်တံဆိပ်ကောင်းများ ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင့်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့့််စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၉.၅.၂၀၂၅)ရက်နေ့၊နေ့လည်(၁၂;၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာန တို့နှင့်ပူပေါင်း၍လပွတ္တာမြို့နယ်အတွင်းရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိMobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ရေးသား ဖော်ပြထားခြင်းရှိ/မရှိ၊ ဝယ်ယူခြင်း၊ရောင်းချခြင်းတို့တွင် အခွန်တံဆိပ်ကောင်းများ ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင့်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုခရိုင် (၄/၂၀၂၅)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ  များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည် နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

   (၉.၄.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးခန်းမတွင် ဆန်စက်၊ ဆန်ရွေးစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူအခွင့်အရေး နှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ပါအကြောင်းများ၊စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့်Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် တာဝန်ခံဦးလှထွဠ်ဦးနှင့်ဝန်ထမ်းများသည်(၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် မြောင်းမြို့နယ်အတွင်းရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းးဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိMobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ၊ ဝယ်ယူခြင်း၊ရောင်းချခြင်းတို့တွင် အခွန်တံဆိပ်ကောင်းများ ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင့်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တရုတ်တမ်းရပ်ကွက်ရှိ ဧကရာဇ်ဆန်စက်အား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံမြို့နယ် ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် ဝါးခယ်မမြို့နယ် တရုတ်တမ်းရပ်ကွက်ရှိ ဧကရဇ်ဆန်စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှတရုတ်တမ်းရပ်ကွက်ရှိ ဧကရာဇ်ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှု့ခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအသင်းနှင့် တွေ့ဆုံမှုမှတ်တမ်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၅.၅.၂၀၂၅) ရက်နေ့၊ နေ့လည်(၁;၃၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊ ပုဂ္ဂလိကမော်တော်ယဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအသင်းနှင့် တွေဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ပုဂ္ဂလိကမော်တောင်ယဉ် စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအသင်းရုံးအဖွဲ့မှူးအား ချမှတ်ထားသည့်ယဉ်စည်းကမ်းလမ်းစည်းကမ်းများ၏ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာကျင့်သုံးကြရန်၊ ယာဉ်တစ်စီးတွင်သတ်မှတ်ထားသည့် တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်ခြင်းမပြုရန်၊ မော်တော်ယဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး အသင်းအနေဖြင့်တိုးတက်ရေးတွင် အခက်အခဲမရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်ရှိပြည်သူများအား မြို့မဈေးတာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၅.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက် အတွင်းရှိပြည်သူများအား မြို့မဈေးတာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံး သူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေး ရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံး သူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုခရိုင် (၄/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂.၄.၂၀၂၅) ရက်နေ့ မုန့်လုပ်ငန်းရှင်၊ (၇.၄.၂၀၂၅)ရက်နေ့တွင် ပဲနှင့်ဆီမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၁၁.၄.၂၀၂၅)ရက်နေ့တွင် သနပ်ခါး လုပ်ငန်းရှင်၊ (၂၃.၄.၂၀၂၅)ရက်နေ့တွင် မုန့်လုပ်ငန်းရှင် တို့နှင့်တွေ့ဆုံဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းတနော်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များနှင့် ဆေးဆိုင်များအား သတ်မှတ်ချက်နှင့်အညီရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးအပြည်အဝ ရရှိရန်၊ မှန်ကန်သော ဈေးနှုန်း၊ တည်ငြိမ်သော ကုန်စည်များကို ဘေးအန္တရာယ်ကင်း စွာ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ လစဉ်လျာထားချက်များ ရေးဆွဲ၍ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၁၉-၅-၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်က စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော် ဘုရင့်နောင်လမ်းမပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်၊ အနောက်ပိုင်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင် (၅)ဆိုင်တို့မှ သတ်မှက်ချက်များနှင့်အညီ ရောင်းချ ခြင်းရှိ /မရှိ၊ ဆေးဆိုင်များမှ ဆေးးဝါးအမျိုးမျိုး ပြတ်လပ်မှု ရှိ/မရှိ၊ ဆေးဈေးနှုန်း ကြီးမြင့်မှု မရှိစေရေးစစ်ဆေးခြင်း၊  စားအုန်းဆီ လက်လီ၊လက္ကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်း အတိုင်းရောင်းချရန်၊ နေ့စဥ်ရရှိသောဆီခွဲတမ်းများနှင့်စျေးနှုန်းအားဗီနိူင်းများချိတ်ဆွဲ‌ရောင်းချရန်၊ ဈေးကွက်အတွင်း စားအုန်းဆီပြတ်လပ်မူ မရှိစေရေးနှင့်စားသုံးသူများအလွယ်တကူဝယ်ယူရရှိရေးတို့အတွက်ဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကောင်းသန့်မြေပဲဆီကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

   ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၈၃)၊ မြစ်ငယ်လမ်း၊ (၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅) လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကောင်းသန့်မြေပဲဆီလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

   ပိုင်ရှင်ဖြစ်သူက ကောင်းသန့်မြေပဲဆီမှ ထုတ်လုပ်သော မြေပဲဆီ၊ ရောနှောဆီ တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ကောင်းသန့်တံဆိပ်များမှာ တစ်နေ့လျှင်(၅၀)ဆယ် သားဗူး (၂၀)ဗူး၊ (၁)ပိဿာဗူး (၂၀)ဗူး၊ (၂)ပိဿာဗူး (၂၀)ဗူး၊ ပိဿာ(၁၁၀)ခန့် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၈)ဦးဖြင့် လုပ်ငန်း အဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေ သောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ