Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

                     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၁၃-၅-၂၀၂၆ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် Wilow the Scent Nation အလှကုန်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

              ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံ တင်မရှိဘဲ‌ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထို့အပြင် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာမှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်(Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍တင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန် ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာ ဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစားအရေအတွက်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည်ကြောင်းဖော်ပြချက်များ စသည်အချကများကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

           ၂၀၂၆ ခုနှစ်၊ မေလ (၁၂)ရက်နေ့၊ နေ့လယ် (:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဝပ်အင်းရပ်၊ ရပ်ကွက် ()အတွင်းရှိ ဝပ်အင်းဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

              ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ကြောင်း သိရှိရပါသည်။

  ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၅:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

အေးသာယာမြို့ရှိ စားသုံးဆီရောင်းချနေသော လက်လီအရောင်းဆိုင်များ မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂ခုနှစ်၊ မေ၁၁ ရက်နေ့၊ နေ့လယ် (၁၃:၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ  ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် အေးသာယာစက်မှုဇုန်မြို့ရှိ စားသုံးဆီလက်လီ အရောင်းဆိုင်()ဆိုင်အား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများအတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးရန်နှင့် မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ဟု သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့၊ စဝ်စံထွန်းဈေးအတွင်းရှိ စားသုံးသူပြည်သူတစ်ဦးမှ  Consumer Call Center (၁၅၃၅) ဖုန်းခေါ်ဆိုလျက်ရှိ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သောသတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူဆက်သွယ်မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ် (၁၅၃၅)ကို နေပြည်တော် ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကို ဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၆)ရက်နေ့  နံနက် (၁0:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဈေးအတွင်းရှိ စားသုံးသူတစ်ဦးမှ Consumer Call Center (၁၅၃၅) လိုင်းခွဲ (၁) နေပြည်တော်မြို့သို့  တိုင်ကြားမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှသိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

          သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင်ဘူးသွတ်ဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအေးဇော်ထိုက် ဦးဆောင်လျက် ၆.၅.၂၀၂၆ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့မဈေး အတွင်း ရောင်းချနေသော ဘူးသွတ်ဆီ အမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှု ရှိမရှိအား ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ Goody (ဟင်းသီးဟင်းရွက်ဆီ)၊Mas (အဆင့်မြင့်စား အုန်းဆီ)၊LoTus (ဟင်းသီးဟင်းရွက်ဆီ)၊Fortune (နေကြာဆီ) စသောတံဆိပ်အမျိုးအစားများဖြင့် 1Litre၊ 5Liters ဘူးများဖြင့် ရောင်းချကြပြီး ကုန်းအညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

  သာယာဝတီမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၇.၅.၂၀၂၆ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ဈေးအတွင်းရှိ ဦးအေးမောင် ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ  ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ မြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။

                အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများကို   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမခံ ချက် ပေး နိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၄၉၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 7,၄၉၉ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

                                                                                                          ၂၀၂၆ခုနှစ် ဧပြီလအတွင်း ပြည်ခရိုင်ရှိ အစားအသောက်  ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

                    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၂၆ခုနှစ်၊ ဧပြီလအတွင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့၊ လမ်းမတော်လမ်း၊ ကျောင်းအိုးရပ်ကွက်ရှိ “လိုတရ” စားသောက်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ တာလမ်းကြီးရှိ “ရွှေသရဖူ” စားသောက်ဆိုင် သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်(၁)ရှိ “ငွေသော်တာ” စားသောက်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့၊ ပြည်-တောင်ငူလမ်း အမှတ်(၁)ရပ်ကွက်ရှိ အောင်မြေစားသောက်ဆိုင် လုပ်ငန်းသို့လည်းကောင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကွင်းဆင်းစစ်ဆေး၍ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှု ရှိ/မရှိ၊ စားသောက်ဆိုင် များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက် သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက် ဖွယ်ရာ များ၏ အမျိုးအစား၊ အရွယ်အစား(size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်း ရှိ/မရှိ ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင် တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း နှင့်အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  ၂၀၂၆ ခုနှစ်  မေလ  (၁၂)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင်  တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ သန်းကြွယ်(၂)ကုန်စုံဆိုင်နှင့် OK ကုန်စုံဆိုင်တို့တွင်ရောင်းချလျက်ရှိသော စားသုံးဆီများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါဈေးဆိုင်များတွင်ရောင်းချလျက်ရှိသော အမေထွားပဲဆီ/ နှမ်းဦးဆီသန့်၊ Good Choice ဟင်းသီးဟင်းရွက်ဆီ၊ Healthy Chef ပဲပိစပ်ဆီ၊ အေးသူဇာ စားအုန်းဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီများရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်တမ်းကုန်ဆုံးနေသည့် ကုန်စည်များအားရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်ရရှိထား သောကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ် ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသော ဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည် များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစောင့် ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့် ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရ ခန့်အပ်ထား သော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဧပြီလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် အသင့်စားမုန့် အမျိုး မျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထား ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက် ရှိသော ကုန်စုံဆိုင်နှင့်စတိုးများ၊ ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်းရှိ/မရှိ(၁)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအားဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း(၂)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် သောက်ရေသန့် လုပ်ငန်း ရှင်များထံသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၅)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများအား သတ်မှတ်ရည်ညွှန်း ဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများ ကိုအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

   ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်းနှင့် အွန်လိုင်း စနစ် ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ အစားအသောက်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ သန့်ရှင်းသပ်ရပ်မှုများ၊ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိ/မရှိ စားသုံးသူများနစ်နာဆုံးရှုံးမှုများ မရှိစေရန် အသိပညာပေးကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ