Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွားရေယာဉ် MT ဝိသုကမ္မ အားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက် အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ၉.၄.၂၀၂၅ ရက်နေ့ (၁၂:၀၀ မှ ၁၃:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့်  သာကေတ ဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  MT ဝိသုကမ္မ သင်္ဘောရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်း များမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင်  (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့်      သင်္ဘောတွင် တောင်ဒဂုံဆီအုန်းစက်ရုံတွင် ဆီကြိတ်ရန်အတွက် ဆီအုန်းနှင့်ဆီကြမ်းဖတ် စသည့်ကုန်ပစ္စည်းများ တန်ချိန် (၁၃၆၀)တန် ကိုတင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ ရှိပြီး  တရားမဝင် ကုန်ပစ္စည်း များနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းမှားပုံမှန် ဝင်/ထွက်မှုရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းကိုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော ကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သူများအား ( ၂၆.၄.၂၀၂၅ )ရက်နေ့၊ နံနက်( ၁၁: ၃၀ ) အချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ( ၂၀ ) ဦးတက်ရောက်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ရုံးမှ ဒေါ်သိမ့်သိမ့်ထွန်းက စားသုံးသူကာကွယ်ပေးရေး ဥပဒေများအကြောင်းနှင့် ဤဥပဒေတွင် စားသုံးသူများအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information& Complaint Center (CICC) များနှင့် Consumer Call Center(1535)များသို့ ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ မိမိသိလိုသည့် အကြောင်းအရာများအား တယ်လီဖုန်း ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ မေးမြန်းနိုင်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ အသိပညာပေးဟောပြောခြင်းကို (၁၂:၃၀) နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိရပါသည်။

DOCA (စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ “စိန်ပန်းနီနီ” စားသောက်ဆိုင်နှင့် “စိတ်တိုင်းကြ” စားသောက်ဆိုင် (၂)ဆိုင်အား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်း လုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် “စိန်ပန်းနီနီ” စားသောက်ဆိုင်နှင့် “စိတ်တိုင်းကြ” စားသောက်ဆိုင်အနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါသော မီးဖိုချောင် သုံးကုန်ပစ္စည်းများကိုသာ အသုံးပြုပြီး အစားအသောက်များအား သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ် ရောင်းချသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချ သည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။         

DOCA(ရှမ်း)

 

ကော့သောင်းမြို့ မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ချမ်းမြေ့သာဇံ သင်္ဘောအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

  (၉-၄-၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့နယ်မှ ရန်ကုန်မြို့၊ မုတ္တမဆိပ်ကမ်းသို့ ရောက်ရှိလာသော MV ချမ်းမြေ့သာဇံ သင်္ဘော အား အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ စစ်ဆေးမှုများကို အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးချမ်းမြေ့အောင်၊  အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူးဦးလှစိုး၊ မူးယစ်ရဲတပ်ဖွဲ့မှဒုရဲအုပ် ကျော်ဇင်မင်း၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ့မှ ရဲမှူး အောင်ကျော်ထူး ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက် မန်နေဂျာ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန့်ဇင်၊ စသည့်ပူးပေါင်းအဖွဲ့များမှ စစ်ဆေးခဲ့ကြရာ ကုန်ပစ္စည်းမျိုးစုံကို သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များဖြင့်တင်သွင်းလာခြင်းဖြစ်ကြောင်း၊ အထောက်အထားမပြနိုင်သော ကုန်စည်များကို တွေ့ရှိပါက ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေတို့အရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်မှတားဆီးပိတ်ပင်ထားသော ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များအားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက် အရ ၉.၄.၂၀၂၅ ရက်နေ့ (၁၀:၀၀ မှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့်  မုတ္တမဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  Mv ရွှေစင်လမင်း  သင်္ဘော ရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်း များမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး ခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးရာတွင်  (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့်      သင်္ဘောတွင် ကုန် ပစ္စည်းမျိုးစုံ တန်ချိန် (၇၀၁)တန် ကိုတင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ ရှိပြီး  တရားမဝင် ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ ရှိခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းမှားပုံမှန် ဝင်/ထွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့ပေါ်ရှိ စားသာက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊  စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ အတွက် မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စားသာက်ဆိုင်များ၊ KTV များနှင့် လမ်းဘေးဈေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှု (၃)ချက်မှ အစားအသောက်များအား ပြုပြင်ရောင်းချသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်မှု၊ ထားသိုသိမ်းဆည်းမှုများတွင်  သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ နှင့် သန့်စင်ခန်းအဝင်/အထွက်များတွင် လက်ဆေးဘေဇင်များထားရှိ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ၏ ကျန်းမာရေးပြဿနာများ ကူညီဖြေရှင်းပေးရန် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်ရှိသည်များကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ စားသောက်ဆိုင်များတွင် ချက်ပြုတ်လုပ်ကိုင်နေသော ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်ချက်များ ဆောင်ရွက်ထားရှိရန်၊ ချက်ပြုတ်သည့် စားဖိုဆောင်များအားနေ့စဉ် သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ခြင်၊ ယင်၊ ဖုန်မှုန့်များအန္တရာယ်ကြောင့် ကျရောက်လာမည့် ကျန်းမာရေးဆိုးကျိုးများ ကာကွယ်နိုင်ရန် သန့်ရှင်းသပ်ရပ်သည့် ပိတ်စများဖြင့် ဖုံအုပ်ရန်(သို့မဟုတ်)မှန်ကောင်တာများ ပြုလုပ်ဆောင်ရွက်ကြရန်၊ လက်ရှိအသုံးပြုလျက်ရှိသော အမှိုက်ပုံးများထက် အဖုံးပါရှိသော အမှိုက်ပုံးများထားရှိဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်ပြင်ပတွင် သန့်ရှင်းသပ်ရပ်မှုများ ပိုမိုဆောင်ရွက်ထားရှိရန်၊ ရေဆိုးထွက်ပေါက် ရေမြောင်း ပိတ်ဆို့ပြီး အနံ့အသက်များကောင်းမွန်စေရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ ဆက်လက်ပြီး  မြို့နယ်တာဝန်ခံမှ စားသောက်ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေခြင်း၊  မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(Size) ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

တာမွေမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

  (၁၀.၄.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ တာမွေမြို့နယ် တာမွေ(ယာယီ)ဈေးအတွင်းနှင့် ဈေးပြင်ပရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

  ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တာမွေ(ယာယီ)ဈေးအတွင်းရှိ ဆိုင်ခန်း(၅)ဆိုင်နှင့် ဈေးပြင်ပရှိ ဆိုင်ခန်း(၃)ဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို သတ်မှတ်ဈေးနှုန်း အပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန် များမထားရှိကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆုဗွေတန်အုတ်၊ သဲ၊ ကျောက်နှင့်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဈေးနှုန်း အဆမတန်မြှင့်တက်မှုမရှိစေရေး ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီးပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာအဆောက်အဦများ ပြိုကြ ခြင်း ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံ ချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများဝယ်လိုအား မြှင့်တက်လျက် ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်း ဆိုင်များ နှင့် သိုလှောင်ရုံနေရာများအားစစ်ဆေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊  အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ၁၁.၄.၂၀၂၅ ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ အမှတ် (၁၁၇၄) ပင်လုံလမ်း၊ (၃၅)ရပ်ကွက်ရှိ ဆုဗွေတန် အုတ်၊ သဲ၊ ကျောက်နှင့်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့  သွားရောက် ၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကို ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို အသိပေးပြောကြားကြောင်း သိရှိရပါ သည်။

DOCA( ရန်ကုန်)

 

သိန်းအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဈေးနှုန်းအဆမတန်မြှင့်တက်မှု မရှိစေရေး ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီးပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာအဆောက်အဦများပြိုကြ ခြင်း ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများ ဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။

 ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊  အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ၁၁.၄.၂၀၂၅ ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ အမှတ် (၁၁၆၃) ပြည်ထောင်စုလမ်း၊ (၃၈)ရပ်ကွက်ရှိ သိန်းအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့ သွား ရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေ ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကို ကွင်းဆင်းကြပ်မတ်စစ်ဆေး ဆောင်ရွက် ခဲ့ပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၂၆)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၂၆ )ရက်မြောက်နေ့အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂၈ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၂၈.၄.၂၀၂၅ ရက်နေ့တွင် ဆန် (၁၂၀) ပြည်၊ ဆီ (၅၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၂၉)ဘူး၊ ငါးပိ(၁)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၁၀၀)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၁၁) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်( ၆၉၁၂ ) ပြည်၊ ဆီ (၄၆၁၅) ပိဿာ ၊ ဆား(၅၁) ပိဿာ၊ ကုလားပဲ(၂၆၄)ဘူး၊ ငါးပိ(၁၆)ပိဿာ၊ ငါးခြောက် (၁၆)ပိဿာ၊ ပုဇွန်ခြောက်(၃)ပိဿာ (၁၀)ကျပ် သား၊ ကြက်သွန်နီ (၅၃၈) ပိဿာ၊ အသားတု( ၂၃ ) ပိဿာ၊ ကြက်ဥ (၅၀၅၆) လုံး၊ ဘဲဥ(၂၂၆)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

   ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများရှိသည့်  စစ်ကိုင်းမြို့၊  မြို့နယ်လဝကရုံးတွင် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ