Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်တွင် စားအုန်းဆီရောင်းချသူ လုပ်ငန်းများထံ ကွင်းဆင်းစစ်ဆေး

            မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များ ဆီရောင်းချနေမှုအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှီ/ မရှိနှင့်  သတ်မှတ်ရည်ညွှန်းဈေးများကို ဗီနိုင်ချိန်ဆွဲဖော်ပြ၍ ရောင်းချခြင်းရှိမရှိကို ၃-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့တွင် ရောင်းချနေသော (၄)ရပ်ကွက်ရှိ ဦးတင်ကိုကို (ငွေမိုး)ကုန်စုံဆိုင်၊ ၅ရပ်ကွက်ရှိ ဦးမျိုးချစ် (ဦးမောင်မြ)ကုန်စုံဆိုင်)၊ ၅ရပ်ကွက်ရှိ ဒေါ်နှင်းယုဟန် (ဦးဟန်တုံ)ကုန်စုံဆိုင်၊ ၆ရပ်ကွက်ရှိ ဦးမင်းသူ၊ (ဒေါ်အေး)ကုန်စုံဆိုင်၊ ၅ရပ်ကွက်ရှိ ဒေါ်ယဉ်ယဉ်ဦး (တိုင်းချစ်မောင်)ကုန်စုံဆိုင် (၅)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဖော်ပြပြီး ရောင်းချသော ဆီပီသာများကို ဗီနိုင်ချိတ်ဆွဲ၍ ဖော်ပြရောင်းချကြောင်းတွေ့ရှိရပြီး သတ်မှတ်များနှင့်အညီ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်တာဝန်များအကြောင်းကို အသိပေးပြောကြာ’ပြီး အရေးကြီးကုန်စာ်ဝန်ဆောင်မှု ဥပဒေများအကြောင်းကိုပါရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းကြီးကြပ်သူများနှင့် မုန့်ရောင်းချသူ လုပ်ငန်းရှင်တို့အား ကုန်အညွှန်းအမှတ်အသား အသိပညာပေး ဟောပြော

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်ချောင်းကြီးကျေးရွာ အထကကျောင်း၊ ကျောင်းမုန်ဈေးတန်းတွင် မုန့်ဈေးရောင်းချမည့် ဆိုင်ရှင်(၉)ဦးနှင့် ကျောင်းမုန့်ဈေးတန်းကြီးကြပ်မည့် ဆရာမ (၁၅)ဦးတိုအား (၃.၆.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က အ.ထ.က ကျောင်းအုပ်ကြီး အစည်းအဝေးခန်းမတွင် မုန့်ဈေးတန်းတွင် ရောင်းချသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ မုန်များနှင့် သန့်ရှင်လတ်ဆပ်သည့် အစားအသောက်များရောင်းချနိုင်ရေးကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အသိပညာပေး ဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

              ဟောပြောဆွေးနွေးရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက ကျောင်းဈေးတွင်ရောင်းချ နေသော မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြပါဝင်သည့် လုံခြုံစိတ်ချမှု အစ ကုန်အညွှန်းအမှတ် အသားက ဆိုသည့်အတိုင်း ကုန်စည်များတွင် မြန်မာ့စားသုံးသူပြည်သူများ အလွယ်တကူနားလည်စေရန် အတွက် ပုဒ်မ(၄၃)တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် စသည့်အချက်များအား မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟု ပါရှိသဖြင့် အထူးသတိပြု လိုက်နာဆောင်ရွက် ရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီ သောကုန်စည်များကို သာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC+OSSC (၃/၂၀၂၅-၂၀၂၆) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC+OSSC (၃/၂၀၂၅-၂၀၂၆)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်း‌ရေးမှူးမှ (၂/၂၀၂၅-၂၀၂၆) အစည်းအဝေးဆုံးဖြတ် ချက်များအား အတည်ပြုချက်ရယူခြင်းနှင့် (၃/၂၀၂၅-၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး MC + OSSC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

MITS, MRF, DOCA & DOTအဖွဲ့ များ UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့်  မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့တို့သည် (၃.၆.၂၀၂၅) ရက်နေ့က ရန်ကုန်- ပုသိမ်လမ်း၊ဆားမ​​လောက်ကျေးရွာ၊ ညောင်တုန်းမြို့နယ်ရှိ မိုင်တိုင် (၂၃)တွင် တည်ရှိသော    Good Brothers' Co.,Ltd Myanmar White Rice 10% Broken Sinthukha (WMDPS) 702 MT  သို့ သွားရောက်၍ ပို့ကုန်လျောက်ထားမှုအပေါ် မြေပြင်တွင် အမှန်တကယ် သိုလှောင်ထားရှိမှုရှိ/ မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

              ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ် Goodbrother ကုမ္ပဏီမှ ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆင်းသုခ ဆန်သတ်မှတ်အရည်အသွေးနှင့်အညီ သိုလှောင်ထားရှိမှု ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် မင်းဘောကျေးရွာရှိ ဖိုးရွှေဆန်စက်(GasiFier)အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့်အတူပူးပေါင်းကွင်းဆင်းစစ်ဆေး

          ၂၀၂၅ခုနှစ် ဇွန်လ ၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ မင်းဘောကျေးရွာတွင် တည်ရှိသည့် ဖိုးရွှေဆန်စက်(GasiFier) အား မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါစစ်ဆေးမှုတွင် ဦးအောင်ဇော်ဦး ဒု-ခရိုင်ဦးစီးမှူးက စက်မှထုတ်လွှတ်သော အမှုန်အမွှားများ၊ စွန့်ပစ်ရေများ၊ (Gasifier) ၏ လည်ပတ်မှုအခြေအနေ၊ အပူချိန်ထုတ်လွှတ်မှုနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရေး၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လေးထားဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို သတ်မှတ်စံချိန်စံနှုန်းများ အတိုင်း စိစစ်စစ်ဆေးခဲ့ပြီး၊ စက်ရုံမှ တာဝန်ရှိသူများအား လိုအပ်သောအကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

(DOCA) ဧရာဝတီ

မြိတ်မြို့သို့ရောက်ရှိလာသော ဆန်လှေအားကွင်းဆင်းစစ်ဆေး

    မြိတ်ခရိုင်ဆန်ကုန်သည်များအသင်မှ မြိတ်မြို့အတွက် ဆန်များအား ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မှာယူလျက်ရှိပြီး (၃၀.၅.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ Mv-သန်းတိုးအောင်ရေယာဉ်ဖြင့် ထွက်ခွာလာသော ဆန်တန်(၂၀၀) ၊ အိတ်ရေ (၄၀၀၀)သည် ၂၀၂၅ခုနှစ် ၊ ဇွန်လ ( ၆)ရက်နေ့ တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ပြီး အဆိုပါဆန်လှေအား မြိတ်ခရိုင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင် ကုန်သွယ်ရေးဦးစီးဌာန၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ဖြင့် ဆန်တန်(၂၀၀) ၊ အိတ်ရေ(၄၀၀၀)အား စစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

 

ဓနုဖြူမြို့နယ်ရှိ ရွှေသရဖူဆီစက်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့တာဝန်ခံသည် မြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး၊ ကြိတ်ခွဲသော မြေပဲဆီ၊ နေကြာဆီ အစရှိသော  ဒေသတွင်းဖူလုံမှုအပြင် ပိုလျှံသည်အထိ ကြိတ်ခွဲထုတ်လုပ် ဆောင်ရွက်သွားနိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ (၂.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ၂ရပ်ကွက်ရှိ ရွှေသရဖူ ဆီစက်သို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဦးဝင်းမင်းစိုး မြို့နယ်ဦးစီးမှူးက ဆီစက်လုပ်ငန်းရှင်များအား ဆီစက်များ အမှန်တကယ် လည်ပတ်ခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊  လုပ်ငန်းလိုင်စင်ရှိ/ မရှိ၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံအဆင့်ဆင့် အခြေအနေ များ၊ ထွက်ရှိသော ဆီများ ဈေးကွက်ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေများ၊ ထုတ်လုပ်သည့်စားသုံးဆီများ စျေးကွက်သို့ရောင်းချရာတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရှိမှုနှင့် ကုန်စည်အပေါ် အာမခံချက်ပေးထားခြင်းများအတွက် ဆွေးနွေးခဲ့ပြီးနောက် ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး   ဆီစက်များတွင် လက်ရှိ (၁)နာရီလျှင် ကုန်ကြမ်းနေကြာ (၄)တင်းနှုန်း ကြိတ်ခွဲနိုင်ပြီး တစ်နေ့ကို (၆)နာရီသာကြိတ်ခွဲ၍ (၂၄)တင်းနှုန်း ကြိတ်ခွဲလျက်ရှိကြောင်း၊ နေကြာတစ်တင်းကို ၃ ပိဿာခန့်ထွက်ရှိပြီး တစ်နေ့ (၇၂)ပိဿာကြိတ်ခွဲနိုင်ပြီး ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် လက်ရှိနေကြာဆီဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံစားကုန်များရောင်းချပေး

     မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသောဌာနဆိုင်ရာများပါဝင်သော အဖွဲ့များဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် မြိတ်မြို့၊ သာကေတရပ်ရှိ ဓမ္မာရုံရှေ့တွင် အများပြည်သူများ သက်သာသည့်စျေးနှုန်းဖြင့် အခြေခံစားကုန်များဝယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ချဉ်ပေါင်ရွက်၊ ပဲခြမ်း၊ ကန်စွန်း ရွက်၊ မန်ကျည်းသီးနှင့် အိုင်အိုဒင်းဆား စသည်တို့ကိုရောင်းချခဲ့ပြီး ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ စားအုန်းဆီ ၅၀ကျပ်သားလျှင် (၃၉၅၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၅၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်း (၂၀၀)ကျပ် ၊ ချဉ်ပေါင်ရွက်တစ်စည်း(၂၀၀)ကျပ် မန်ကျည်းသီး တစ်ထုပ် (၁၀၀၀) ကျပ် နှင့် ပဲခြမ်းတစ်ထုပ်(၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကလွင်ရပ်ရှိ မြိတ်တက္ကသိုလ်တွင် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါအခမ်းအနားတွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်း အားဖြင့် ဆောင်ရွက်ပေး(Ending Plastic Pollution Globally) ဆိုသော ဆောင်ပုဒ်ကို လက်ကိုင် ၍ ပလပ်စတစ်ပစ္စည်းများအသုံးပြုမှုကို တတ်နိုင်သမျှလျော့ချနိုင်ရေး၊ အသုံးပြုမည်ဆိုပါကလည်း ထပ်ခါထပ်ခါ ပြန်လည်အသုံးချစေရေး၊ စွန့်ပစ်ပလတ်စတစ်များကို အခြား အသုံးဝင်သော ပစ္စည်း အဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်ရေး စွန့်ပစ်ပလပ်စတစ်နှင့်အခြားစွန့်ပစ်ပစ္စည်းများ ခွဲခြားစွန့်ပစ်နိုင်ရေး၊ ကုန်းနေရေနေသတ္တဝါများနှင့် ဂေဟစနစ်ပျက်စီးနိုင်သည့်အတွက် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ပြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းအပါအဝင် ဦးစီးဌာနများမှ သက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

အုန်းပင်စုကျေးရွာ စိုက်ပျိုး‌ရေးမွေးမြူရေးသင်တန်းတက်ရောက်သူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

          ညောင်တုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများနှင့် အဖက်ဖက်ဆိုင်ရာ အသိပညာဗဟူသုတရှာဖွေနေသူ သင်တန်းသူ/ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုဖွံ့ဖြိုးတိုးပွားလာစေရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် စိုက်ပျိုးမွေးမြူရေးလြေလာနေသူများကို  (၂-၆-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူက -မွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကိစ္စရပ်အကြောင်း ကိုအသိပညာပေးဟောပြောခဲ့သည်။

               စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးဆိုင်ရာ  ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေတွင် ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းသားများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပဟုသုတများကိုလည်း လေ့လာမှတ်သား စေလိုကြောင်းနှင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက် များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင် ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါသင်တန်းသို့ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a