Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီခရိုင်အတွင်း အချိုရည်ရောင်းချသောဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ယခုအချိန်ကာလသည် အလှူအတန်း ပေါများပြီး ရဟန်းရှင်လူပြည်သူအများ အချိုရည်သုံးစွဲမှု ပမာဏအများဆုံးအချိန်ဖြစ်ပြီး ဈေးကွက် အတွင်းအချိုရည်မျိုးစုံ အရောင်သွက်သည့် အချိန်အခါဖြစ်သဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစွာစားသုံးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေခွေအုပ်ချုပ်ရေးဌာန၊ကျန်းမာရေးဌာန၊ရဲတပ်ဖွဲ့မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော  ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ အုတ်ဖိုမြို့နယ်အတွင်းအချိုရည်ရောင်းချသော ဆိုင်များသို့သတ်မှတ်  ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိသက်တမ်းလွန်ရောင်းချခြင်းများကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကျင်းပခြင်း

     ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ(၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်းများမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ Talk Show အစီအစဉ် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁/၄၂/၄၃) တို့တွင် ဖော်ပြထားရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ထုပ်ပိုးမှုများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ အကြောင်း၊ လူသုံးကုန်ပစ္စည်းများ(အလှကုန်/ ဆေးဝါး/ လယ်ယာသုံး၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများတွင်လည်း ကုန်အညွှန်းဖော်ပြထားရှိခြင်းနှင့် ပက်သက်၍ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ(၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးနှင့် တာဝန်များ ကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု ကိစ္စရပ်များ ရှိလာပါက အရေးဆိုရှင်းလင်းတင်ပြခွင့် ရှိပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်ကြီးတန်းလမ်းရှိ ကိုရဲကြီး   စိုက်ပျိုးရေးဆေးအရောင်ဆိုင်သို့ (၂၃.၄.၂၀၂၅) ရက်နေ့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          တောင်သူအများသုံး ဓာတ်မြေဩဇာများဖြစ်သော 50kg တစ်အိတ်ဈေးနှုန်းမှာ မြင်းရိုင်း တံဆိပ် ၊၁၁၀၀၀၀ကျပ်၊ ယူရီးယား(မြင်းပျံတံဆိပ်) ၁၁၀၀၀၀/ကျပ်ပုလဲ (MPE)ကျပ် ၁၁၀၀၀၀၊အာမို ၁၅:၁၅:၁၅ ကျပ် ၁၃၅၀၀၀၊ မြန်မာရွှေနဂါး ကျပ်၊၁၁၀၀၀၀/ ကျပ် ဈေးနှုန်းဖြင့်အရောင်း အဝယ်ဖြစ်နေပါကြောင်း သိရပါသည်။ ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် ရှောင်လင်(ထိသေ) (500cc) တစ်ဘူးလျှင် ကျပ် ၄၀၀၀၀၊ ၊ဂလိုင်ဖောက် (ပေါင်းသတ်ဆေး) ၄လီတာ တစ်ဘူးလျှင် ကျပ် ၇၅၀၀၀ဖြင့် အရောင်း အဝယ်ဖြစ်နေပါကြောင်း၊ဈေးနှုန်းများကတော့ အနည်းငယ်အတက်ရှိနေ ပါကြောင်း သိရပြီး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော တရားဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများကိုသာရောင်းချရန် လုပ်ငန်းရှင်အားအသိပေးပြောကြား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖျာပုံမြို့ “ဂုဏ်” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မှခရိုင်ဦးစီးမှူး ဦးထွေးသိမ်း နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ(၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ “ဂုဏ်” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ အသုံးမပြုကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လုပ်ငန်းရှင် များအနေဖြင့် သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်မှ (၁၁)ရက်နေ့အတွင်း၌ စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး-ဦးမင်းဆွေက ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ပြည်ခရိုင်အတွင်းရှိ ဆန်စက်နှင့် ဆန်ပွဲရုံလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် ယွန်းတန်းရပ်ကွက်ရှိ ဦးထက်ဝေလင်း၏ စိန်စိန်ဝင်း ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်လမ်းဆုံရှိ ဦးမင်းမင်းစိုး၏ “T-Water” သောက်ရေသန့်နှင့် ဒေါ်အိချယ်မွန်၏ “Move” သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဦးထွန်းရီဆီစက် သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း များသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည် အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာ ဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူ ဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အုတ်၊ သဲ၊ ကျောက်၊ သံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၂၆.၄.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးထွန်းထွန်းလင်းပါ(၃)ဦး၊ ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ကျော်ပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးနောင်နောင်လတ်၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးရဲထွေး၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နီလာဦးနှင့် ရာအိမ်မှူးများ ပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များရှိ အုတ်၊ သဲ၊ ကျောက်၊ သံများပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အိမ်ဆောက်ပစ္စည်းဆိုင်များဖြစ်သော မန္တလေးလမ်း၊ (၁၂)ရပ်ကွက် ရှိ “အားမာန်အောင်”နှင့် “လမင်းအောင်”၊ ပဲခူးလမ်း၊ (၁၄)ရပ်ကွက်ရှိ “ရောင်နီဦး”၊ ဗိုလ်အောင်ကျော်လမ်း၊ (၁၃)ရပ်ကွက်ရှိ “RPT Family” နှင့် “လင်း”၊ ဦးပုညလမ်း၊ အမှတ်(၁၆)ရပ်ကွက်ရှိ “မြတ်သစ်ထွန်း”နှင့် တောင်ငူလမ်း၊ (၁၉)ရပ်ကွက်ရှိ “ချမ်းသာကြီး” အိမ်ဆောက်ပစ္စည်းဆိုင်များတွင် အုတ်၊ သဲ၊ကျောက်၊ သံများမှာ ပစ္စည်းများပြတ်လပ်မှုမရှိဘဲ ရောင်းချသောဈေးနှုန်းမှာလည်း ဝယ်ယူ ဈေးထက်သင့်တင့်သော ဈေးနှုန်းသာအမြတ်တင် ရောင်းချပါကြောင်း၊ ဈေးနှုန်းလည်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်းနှင့် စီမံအုပ်ချုပ်ရေး ဥက္ကဌမှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

           စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၁၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက် တိုးချဲ့စက်မှုဇုံလမ်းရှိ “TMS” သောက်ရေသန့်လုပ်ငန်း၊ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “ခြစ်သည်” ဒိန်ချဉ်နှင့် ရွှေရင်အေးလုပ်ငန်း၊ ရွှေကူရပ်ကွက် ဆေးရုံလမ်းတိုရှိ “ခြင်္သေ့မင်း” အမှတ်တံဆိပ် တိုင်းရင်းဆေးထုတ်လုပ်ရောင်းဝယ်သည့်လုပ်ငန်း၊ အမှတ်(၃၄၅)နဝင်း(၁၂)လမ်းရှိ “Sun Power” ဖျော်ရည်မျိုးစုံလုပ်ငန်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက် အထကကျောင်းအနီးရှိ ဒေါ်ဆိတ်မဣစ္ဆိတံနှင့် မုန့်ကြိုးလိမ်လုပ်ငန်းသို့ လည်းကောင်းသက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက် မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ တာဝန်ခံပါ(၂) ဦးတို့သည် ၂၈.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

   ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် ဒေါ်တင်တင်ဌေး၊ ရုံးအုပ်က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့်လုပ်ငန်းဆောင်ရွက်မှုများအကြောင်း၊ ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ကုန်စည်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အွန်လိုင်းမှတ်ပုံတင်ပြီးသော လုပ်ငန်းများကို စိစစ်၍ ဝယ်ယူကြရန် အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့ပြီး ဦးရှင်းခန့်ကိုကို၊ အကြီးတန်းစာရေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုရှိပါက စားသုံးသူပြည်သူများက မေးမြန်းစုံစမ်းလာသည့်သတင်း အချက်အလက်များကို ပြန်လည်ဖြေကြားနိုင်ရန်နှင့် တိုင်ကြားမှုများကို လက်ခံနိုင်ရန် ရည်ရွယ်၍ စားသုံးသူများ သိလိုသည်များကို Consumer Call Center 1535 ကို ဆက်သွယ်၍ မေးမြန်းနိုင် ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

           စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၁၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတလည်စည်ပင်ဈေးရှိ သောက်ရေသန့် ရောင်းချသည့် စတိုးဆိုင်များနှင့် ဘူးသွပ်စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအားလည်းကောင်း၊ ရွှေတောင် မြို့နယ် တည်ကုန်းတောင်ပိုင်း ရပ်ကွက်အတွင်းရှိ သောက်ရေသန့် ရောင်းချသည့် ဆိုင်များသို့ လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးအတွင်းရှိ သောက်ရေသန့် ရောင်းချသည့် ဆိုင်များနှင့် ဘူးသွပ်စားသုံးဆီ အရောင်းဆိုင်များသို့ လည်းကောင်းသက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ