Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင် (၄/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂.၄.၂၀၂၅) ရက်နေ့ မုန့်လုပ်ငန်းရှင်၊ (၇.၄.၂၀၂၅)ရက်နေ့တွင် ပဲနှင့်ဆီမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၁၁.၄.၂၀၂၅)ရက်နေ့တွင် သနပ်ခါး လုပ်ငန်းရှင်၊ (၂၃.၄.၂၀၂၅)ရက်နေ့တွင် မုန့်လုပ်ငန်းရှင် တို့နှင့်တွေ့ဆုံဆွေးနွေးပြီး စားသုံးသူ ကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပန်းတနော်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များနှင့် ဆေးဆိုင်များအား သတ်မှတ်ချက်နှင့်အညီရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးအပြည်အဝ ရရှိရန်၊ မှန်ကန်သော ဈေးနှုန်း၊ တည်ငြိမ်သော ကုန်စည်များကို ဘေးအန္တရာယ်ကင်း စွာ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ လစဉ်လျာထားချက်များ ရေးဆွဲ၍ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၁၉-၅-၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်က စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော် ဘုရင့်နောင်လမ်းမပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်၊ အနောက်ပိုင်းရပ်ကွက်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင် (၅)ဆိုင်တို့မှ သတ်မှက်ချက်များနှင့်အညီ ရောင်းချ ခြင်းရှိ /မရှိ၊ ဆေးဆိုင်များမှ ဆေးးဝါးအမျိုးမျိုး ပြတ်လပ်မှု ရှိ/မရှိ၊ ဆေးဈေးနှုန်း ကြီးမြင့်မှု မရှိစေရေးစစ်ဆေးခြင်း၊  စားအုန်းဆီ လက်လီ၊လက္ကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်း အတိုင်းရောင်းချရန်၊ နေ့စဥ်ရရှိသောဆီခွဲတမ်းများနှင့်စျေးနှုန်းအားဗီနိူင်းများချိတ်ဆွဲ‌ရောင်းချရန်၊ ဈေးကွက်အတွင်း စားအုန်းဆီပြတ်လပ်မူ မရှိစေရေးနှင့်စားသုံးသူများအလွယ်တကူဝယ်ယူရရှိရေးတို့အတွက်ဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကောင်းသန့်မြေပဲဆီကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

   ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၈၃)၊ မြစ်ငယ်လမ်း၊ (၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅) လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကောင်းသန့်မြေပဲဆီလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

   ပိုင်ရှင်ဖြစ်သူက ကောင်းသန့်မြေပဲဆီမှ ထုတ်လုပ်သော မြေပဲဆီ၊ ရောနှောဆီ တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ကောင်းသန့်တံဆိပ်များမှာ တစ်နေ့လျှင်(၅၀)ဆယ် သားဗူး (၂၀)ဗူး၊ (၁)ပိဿာဗူး (၂၀)ဗူး၊ (၂)ပိဿာဗူး (၂၀)ဗူး၊ ပိဿာ(၁၁၀)ခန့် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၈)ဦးဖြင့် လုပ်ငန်း အဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေ သောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးလူငယ်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လျာထားချက်များအတိုင်း ပြည်မှီအောင် ဆောင်ရွက်လျက် ရှိပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉.၅.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် ညောင်တုန်းမြို့၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြု လုပ်သည့် “လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင်  သင်တန်းသူ/သင်တန်းသား(၃၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင်ဒု-ဦးစီးမှူးက မိမိတို့ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ၊ ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/ သားများအား ဦးစွာရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ မိမိတို့ဦးစီးဌာနတွင် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိနိုင်ရန် အသိပညာပေး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဥပဒေကို ယခုသင်တန်းသား/သူများ သိရှိရန် ရှင်းလင်းဟောပြောခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် အသေးစိတ်ရှင်း လင်းပြောကြား ပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီး ပြည်သူများသည် စားသုံးသူများဖြစ် သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့် အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက DOCA တိုင်းနှင့် ပြည်နယ်များရှိ CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သားများကလည်း သိလိုသည်များ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

      ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၁၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃၈၃)၊ မြစ်ငယ်လမ်း၊ (၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅)၊ ကောင်းသန့်မြေပဲဆီစက်ရုံ၌ ထုတ်လုပ်လျက်ရှိသော ဆီအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးခဲ့ရာတွင် ကောင်းသန့်မြေပဲဆီစက်ရုံမှ ပိုင်ရှင် ဒေါ်ရီရီသန့်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားနှင့်ပတ်သက်သည့် အချက်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၄:၂၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)

 

 

ဓနုဖြူမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တွင်၂၀၂၅ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးခြင်းနှင့် မျိုးစေ့ကျဲပတ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

     ၂၀၂၅ မေ ၁၉ ရက်နေ့တွင် ဓနုဖြူမြို့နယ် စိုက်တိုးမြှင့် ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များမှ နေ့လည် ၁၃၀၀ နာရီ ချိန်တွင် သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် သပြုကျေးရွာအုပ်စုနှင့် ရေလဲကျေးရွာအုပ်စုတို့ရှိ အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးခြင်းနှင့် မျိုးစေ့ကျဲပတ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

     လုပ်ငန်းဆောင်ရွက်ရာတွင် နန်းတော်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးအသိပညာ ပေးစခန်းတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိရေး၊ ကြဲခင်းစနစ်ပပျောက်ရေး၊ ကြဲပက်ပြီး ပိုက်ဆံလျှော်များအား (၄၅)ရက်သားပြည့်မြောက်မှ မြေခံထည့်သွင်းထွန်ယက်စေရေး၊ အောင်နိုင်တိုး စပါးမျိုး ပြောင်းလဲ စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း၊ တာတမံပြုပြင်ထိန်းသိမ်းရေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် အရည်အသွေးပြည့်မီသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာန ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးမျိုးစေ့မှန် အပင်သန် အထွက်နှုန်းကောင်းမွန်စေရေးနှင့် ဒေသထွက်ကုန်သီးနှံများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးကို အသိပညာပေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်မှ ကျောင်းအပ် နှံရေးရာသီဖြစ်သည့်အတွက် ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေရေးနှင့် အခြား စိုက်ပျိုးမွေးမြူရေးနှင့် ကျန်းမာရေး/ လူမှုရေးဆိုင်ရာကိစ္စရပ်များ ဖြည့်စွက်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Mobile Phone၊ကြိုးဖုန်း၊Laptop၊TVရောင်းချသည်ဆိုင်ကြီးများအား ကုန်ညွန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း

     (၁၉-၅-၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊မအူပင်မြို အတွင်း ရောင်းချ သော Mobile Phone၊ကြိုးဖုန်း၊Laptop၊TVရောင်းချသည်ဆိုင်ကြီးများမှ ကုန်စည်များ အား ကုန်ညွန်း အမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲဖြင့်ကွင်းဆင်း ဆောင်ရွက်ခဲ့ ပါသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မအူပင်မြို့နယ် အတွင်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ၇လမ်းရှိ ဓူဝံလျှပ်စစ်ပစ္စည်း အမျိုးမျိုး အရောင်းဆိုင်၊ လင်းတာရာဖုန်းအမျိုးမျိုးအရောင်းဆိုင်၊ ကာဗာဂါးရမ်း ဖုန်းကာဗာနှင့် လျှပ်စစ်အရောင်းဆိုင်၊ မျိုးမြင့်လျှပ်စစ် ပစ္စည်းအရောင်းဆိုင် (၄)ဆိုင်မှ ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး Mobile Phone၊ကြိုးဖုန်း၊Laptop များတွင် ကုန်အညွန်း အမှတ်အသား မြန်မာစာဖော်ပြပါဝင်မှု မရှိခြင်း၊ အမှတ်တံဆိပ် တွင် ကုန်အညွှန်းအမှတ်အသား မြန်မာဘာ သာဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရပြီး အခြားအမှတ်တံဆိပ်များတွင် အာမခံကဒ်ပြားများ တွင်သာ မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရသဖြင့် ဆိုင်ရှင်များ အနေဖြင့် ကုမ္ပဏီများမှ နောက်နောင် မှာယူတင်သွင်း ရောင်းချမည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံ စွဦပါဝင်မှု ရှိသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း သတ်ပြုနိုင်ရန် အသိပညာပေး စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကောင်းသန့်မြေပဲဆီစက်ရုံသို့ ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

    ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၃၈၃)၊ မြစ်ငယ်လမ်း၊ (၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ ကောင်းသန့် မြေပဲဆီစက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် ကောင်းသန့်မြေပဲဆီစက်ရုံမှ ပိုင်ရှင် ဒေါ်ရီရီသန့်နှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဇော်ဇော်အောင်၊ ဒုတိယဦးစီးမှူးတို့မှ ပူးပေါင်းပါဝင်လျက် ကောင်းသန့်မြေပဲဆီစက်ရုံမှထုတ်လုပ်သော မြေပဲဆီ၊ ရောနှောဆီတို့တွင် စားသုံးသူ ကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃) အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပန်းသဇင်ကုန်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

     ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၄၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၅၁၈)၊ ပတ္တမြားလမ်း၊  စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)ရှိ ပန်းသဇင်မုန့်လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

    တာဝန်ခံဖြစ်သူက ပန်းသဇင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ အုန်းသီး ကိတ်မုန့်နှင့် ဘီစကစ်ကိတ်ခြောက်တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက် ထုတ်လုပ်မှုမှာ အုန်းဆီးကိတ်မုန့်တံဆိပ်မှာ တစ်ပါကင်လျှင် (၅၀)ထုပ်ပါ အထုပ်ကြီး(၂၅၀) မှ (၃၀၀)အတွင်းနှင့် ဘီစကစ်ကိတ်ခြောက်တစ်ပါကင် (၅၀)ထုပ်ပါ အထုပ်ကြီး (၂၅၀ မှ ၃၀၀) အတွင်း ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့တွင် မြို့နယ်အနှံ့အပြားတွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၅)၊ မ (၂၀) စုစုပေါင်း (၂၅)ဦးဖြင့် လုပ်ငန်း အဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀.၅.၂၀၂၅) ရက်နေ့ နံနက်(၉:၄၅) နာရီအချိန်တွင်  ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား ဆေးဝါး ပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါ သည်။

        ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ထက်(၅) ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ