Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်   ဝန်ထမ်းများသည်     (၉-၁၁-၂၀၂၄)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်5M-3447) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်    ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၄)ရက်နေ့ ၊ညနေ(၁၇:၃၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ  ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 5H-2212) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၃)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်     (၁၀.၁၁.၂၀၂၄)ရက်နေ့၊  ညနေ(၁၅:၀၀)နာရီတွင် မော်ကျွန်းမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8I-7739) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျန်းမာရေးအထောက်အကူပြု ကျန်းမာရေးဆိုင်ရာ ဈေးအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်  မြို့မဈေးအတွင်းနှင့်  ကျန်းမာရေးဆိုင်ရာ ဆေးအမျိုးမျိုး အရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၆)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၈.၁၁.၂၀၂၄) နေ့၊နံနက် (၁၀:၀၀) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့စစ်ဆေးရာ၌ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးဆီများကို ရောင်းချသောဆိုင်များက နေ့စဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် နေ့စဉ် ဈေးနှုန်း ဗွီနိုင်းဈေးဖော်ပြ၍ သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ၊ ကုန်စုံဆိုင်များတွင် ပုဇွန်(၂)ကောင် အမှတ်တံဆိပ် စားအုန်းဆီများ၊ Goody အမှတ်တံဆိပ်ပါ စားသုံးဆီ ၊ Meizam အမှတ်တံဆိပ် စားသုံးဆီ အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ပစ္စည်းပြတ်လပ်မှု ရှိ၊မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေသည့် ဆိုင်များအား အဆိုပါစားသုံးဆီများ၏ အရည်အသွေးနှင့် ရောင်းချသည့် ဈေးနှုန်းတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းနှင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

    အလားတူ (၈.၁၁.၂၀၂၄) နံနက် (၁၀၀၀)က ပန်းတနော် မြို့နယ်တွင်လည်း စားသုံးဆီအမျိုးမျိုးနှင့် ဆေးဝါးအမျိုးမျိုးကို သက်ဆိုင်ရာပူးပေါင်းဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

     ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူများအရေးဆိုတိုင်ကြားလာပါက ဖြေရှင်းဆောင်ရွက်နေမှုများ၊ စီးပွားရေးလုပ်ငန်းများအား ထိခိုက်နစ်နာစေပြီး  မရိုးမဖြောင့်သော သဘောဖြင့် တိုင်ကြားလာခြင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းပါက စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၂၃)၊ ပုဒ်မ (၆၂) အရ ဖောက်ဖျက်ကျူးလွန်သူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင် မည်သူမဆို ပုဒ်မ ၆၃/၆၄ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် မည်သူမဆိုပုဒ်မ ၆၇/၆၈ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုမရှိသော ကုန်စည်များကို ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်းများ ပြုလုပ်ပါက ပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည် ဖြစ်ကြောင်း စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းပေးမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် Online Sales ရောင်းချသောလုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း

     (၇ .၁၁.၂၀၂၄)နေ့၊နေ့လယ်  (၁၄:၀၀) အချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ပန်းတနော်မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များကို ရောင်းချသူ လုပ်ငန်း ( ၃၀ ) ဦးအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိအောင်ဟိန်း (အငယ်တန်းစာရေး) က အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ရှင်းလင်း ဆွေးနွေးရာ စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး စားသုံးသူအခွင့်အရေး အပြည်အဝ ရရှိခွင့်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော ဆောင်ပုဒ်အတိုင်း လုပ်ငန်းရှင်တို့ဘက်မှ ထုတ်ကုန်များကို တန်ဖို့သင့်ကုန်စည် အတိုင်း ရောင်းချသဖြင့် မိမိတို့ရောင်းချသော ကုန်စည်အပေါ်တွင် အပြည့်အဝ တာဝန်ခံ၊ တာဝန်ယူမှု ၊ စိတ်ကျေနပ်မှု အပြည့် အဝပေးနိုင်ရန် လိုအပ်ပါသည်။ စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူ ထိခိုက်နစ်နာမှုမရှိစေရေး အတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှု လုပ်ငန်းများ အားလုံးစနစ်တကျထိန်းကျောင်း၍ အွန်းရောင်းချမှုတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို www. ecomreg. gov. mm တွင်၍ အွန်လိုင်းရောင်းချသူ မည်သည့် လုပ်ငန်းရှင်အဆို မှတ်ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် လိုအပ်သောအချက်အလက်များကို လုပ်ငန်းရှင်များ နားလည်စေရန် အကျယ်အဝင့် ရှင်းလင်းဆွေးနွေးပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ထားခြင်း မရှိပဲရောင်းချနေကြောင်း စစ်ဆေးတွေ့ ရှိရပါကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်၍ ဥပဒေ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုပါ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

“IQ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက် (၄) အတွင်းရှိ “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

         ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့‌ကြောင်းပါသည်။

DOCA(ရှမ်း)

 

ပြည်သူများအား အွန်လိုင်းမှတစ်ဆင့်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း

    (၇.၁၁.၂၀၂၄)နေ့၊နံနက်  (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  မအူပင်ခရိုင်၊ ထွေအုပ်အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ(၂၀)ဦး နှင့် ပြည်သူ (၈၀) ဦးနှင့် တွေ့ဆုံ၍ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့သည်။

    ဟောပြောဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူပြည်သူများသည် နေ့စဉ် စားဝတ်နေရေး၊ ကျန်းမာရေး၊ စိတ်ခံစားမှုအရ အပန်းဖြေသည့် အခါ သုံးစွဲသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မဖြစ်မနေလိုအပ်သည့်အခါ ဝယ်ယူအသုံးပြုကြသည်။ ထို့ကြောင့် မိမိနှင့် မိမိနှင့် ဆက်သွယ်သူများ ဝယ်ယူအသုံးပြုရန် လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မျက်မြင် ဝယ်ယူသလို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာမှုများကြောင့် လူတစ်ဦးနှင့် တစ်ဦးထိတွေ့ရန် မလိုအပ်ပဲ အင်တာနက်မှတစ်ဆင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခွင့်ရနေကြပြီးဖြစ်ပါသည်။ Online ကို အသုံးပြု၍ Online Shopping စနစ်များဖြင့် ဈေးအရောင်းအဝယ်များ ပြုလုပ်နေကြပြီဖြစ်ပါသည်။  Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ အလှအပရေးရာများကို Mobile Banking များ၊ ကြိုတင်ငွေပေးချေမှုစနစ်များဖြင့်လည်း လုပ်ဆောင်နေကြပြီဖြစ်သည်။

     ဆက်လက်၍ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှတဆင့် ဝယ်ယူသည့်အခါ eComReg Online Sales Registration တင်ပြီးသော Website. ရှယ်မီဒီယာမှ Facebook, Facebook page, Tiktok, yotube, Viber, Telegran, Instragram, WhatApp, We Chat, Line, Messenger ငွေကြေးရယူ၍ ရောင်းချသူများ စိတ်ချရသော Page တွေမှာသာ ဝယ်ယူအသုံးပြုရန်၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းအတွက် သက်ဆိုင်သော ဥပဒေအမိန့်အာဏာကို ထုတ်ပြန်ပြီးဖြစ်၍ ၎င်းဥပဒေတွင် အခန်း(၈)ခု ပုဒ်မ (၃၀)ခုပါဝင်ကြောင်း စားသုံးသူ အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်ဆောင်ရွက်ပေးထားခြင်း အွန်လိုင်းပလပ်ဖောင်း ဖောင်းပွမှုမရှိစေရန် ထိန်းကြောင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူများအား သိရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

သမာဓိဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

      (၇.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ကျုံတနော်ကျေးရွာရှိ သမာဓိဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

    မြို့နယ်တာဝန်ခံမှ သမာဓိဆန်စက်တွင် လည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊အလေးချိန်ပြည့်မီမှန်ကန်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ သိုလှောင်ရုံများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားမှုနှင့်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆန်နှင့် ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်တွင် စပါးသိုလှောင်ထားရှိမှုနှင့် ဆန်တစ်နေကြိတ်ခွဲနိုင်မှု ၊ ဆန်စက်ကြိတ်ခွဲရာမှ  ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ