Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၃.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ငပုတောမြို့နယ် မြို့မဈေးတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်များအား စွန်ညီနောင်အမှတ်တံဆိပ် ခေါက်ဆွဲတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေးရှိ ကုန်မျိုးစုံ ရောင်းချနေသော ဒေါ်ခင်မာအေးကုန်စုံဆိုင်နှင့် ဒေါ်လှလှမြင့် ကုန်စုံဆိုင်တို့တွင် ရောင်းချနေသော စွန်ညီနောင်ခေါက်ဆွဲခြောက်ထုတ်များအား ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ခေါက်ဆွဲခြောက်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၃.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁:၃၀) အချိန် တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

    ထိုအစည်းအဝေးပွဲ၌ တော်သလင်းလဆန်း(၁၄)ရက်နေ့ အဖိတ်နေ့တွင် ငပုတောမြို့ရှိ မြို့လုံးကျွတ် သံဃာအပါး (၁၈၀)ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်နိုင်ရန်နှင့် ၂၀၂၅ခုနှစ် ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ရေး လမ်းညွှန်မှာကြားပြီး လုပ်ငန်းဌာနအသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များအား မေးမြန်းရှင်းလင်းခြင်း၊ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း” ဟူသောဆောင်ပုဒ်နှင့်အညီ မိမိရုံးဌာန အဆောက်အဦး သန့်ရှင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း လိုအပ်သည်များကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ မိဘမေတ္တာ စက်သုံးဆီဆိုင် ကွင်းဆင်းစစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးသည် ဧရာဝတီ တိုင်းဒေသကြီး မြန်မာ့ရေနံထွက် ကုန်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိသူများနှင့် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လှေကြီးတက် ကျေးရွာရှိ မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ဓာတ်ဆီဈေးနှုူန်း၊ ဒီဇယ်ဈေးနှုူန်း မှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်အလေးချိန်နှင့် ရောင်းချခြင်းရှိ/မရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ငဝန်ကြိုကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ ကုန်စုံဆိုင်ငယ်များ၌ ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားမဝင်ရောင်းချသည့် ဆိုင်များအား သတိပေးမှတ်တမ်းရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (..၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် လယ်တော်အဝေးပြေးကားဝန်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးဆီ လက်လီ/လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များအား ကျေးရွာ လက်လီအရောင်းဆိုင်ရှင်များနှင့် ပြည်သူသို့ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချ ရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး ညှိနှိုင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရား မဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများ အတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး၊ မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်စိုးက ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ အသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၃.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်း အချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးရမည် ဖြစ် ကြောင်း၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ် ညောင်ပင်ကြီးကွင်းအုပ်စုနှင့် ထန်းပင်ကန်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအားဆီဝယ်စာအုပ်ဖြင့်ရောင်းချနေမှုကို အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၉.၂၀၂၅)ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအ ချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အင်္ဂပူမြို့နယ်အတွင်း ညောင်ပင်ကြီး ကွင်းအုပ်စုနှင့်ထန်းပင်ကန်ကျေးရွာအုပ်စုရှိ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များမှတစ်ဆင့်   အိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်ခရိုင်အတွင်းရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှ တဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိ ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်း ချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အိမ်ထောင်စုများအား ဆီဝယ်စာအုပ်ဖြင့် ရောင်းချမှုတွင် ဆီရရှိမူအ‌ခြေအနေ၊ စာအုပ်တွင်စာရင်းသွင်း ထားမူ၊ ဈေးနူန်းမြှင့်တင်ရောင်းချမူရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် အွန်လိုင်းရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁.၉.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ Online စနစ်ဖြင့်ရောင်းချလျက်ရှိ လုပ်ငန်းရှင်များအား အွန်လိုင်းရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က  Online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်း မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်း အတိုင်း ဖြည့်သွင်းရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ကုန်သွယ် ရေးဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံ၊ မှတ်ပုံတင်လက်မှတ်ပုံစံ၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်း ဝန်ဆောင်ခတို့ကို သတ်မှတ်ထားပြီး၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို အွန်လိုင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရအရေးယူခံရမည်ဟု ထုတ်ပြန်ကြေညာထားကြောင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ အစားအသောက်ကုန်စည်ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ် ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်စေရေး အသိပညာပေးခြင်း၊ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊  မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ် မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည် များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာ ပေး ဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ “ရွှေမန်း” ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂.၉.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရန်နိုင်အေး ဘာဝနာ(၁)လမ်း၊ အမှတ်(၄) ရပ်ကွက်ရှိ “ရွှေမန်း” ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ပြည်သူများစားသုံးရန် ထုတ်လုပ် လျက်ရှိသော မိသားစု တစ်နိုင်တစ်ပိုင် မုန့်မျိုးစုံလုပ်ငန်းတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များ ရရှိထားပြီး စားသုံးရန် သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံ နည်းစနစ်၊ ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ် ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလို ကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်တာဝန်ခံမှ ပဲချောင်းကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ချစ်ကိုလေး” ပဲချောင်းကြော်လုပ်ငန်းရှင် ဦးအေးနိုင်နှင့်တွေ့ဆုံ၍  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံဆွေး နွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေ ရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏ အမျိုး အမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန် စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ် မှု ရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ