Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲဒါဘာကျင်းပ

    ၁.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများတက်ရောက် ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများမှ Zoom ဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ပထမဦးစွာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုစက်တင်ဘာလ လုပ်ငန်းဆောင်ရွက်မှုအား လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ကြရန်၊ ရုံးချုပ်၌ ပြုလုပ်မည့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြရန်၊ ခရိုင်ဆီလုပ်ငန်းရှင်အသင်းများဖွဲ့စည်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

   ဆက်လက်၍ စီမံရေးရာဌာနခွဲတာဝန်ခံက (၈/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးခြင်း၊ တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ စာ‌ရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၄) တွင် စစ်ရေးပြဆုရရှိသည့် ဝန်ထမ်း(၁) ဦးအား ဆုချီးမြှင့်ခြင်း၊ လ/ထကြီးကြပ်ရေးမှူးရာထူးအဆင့်မှ ဒု-ကြီးကြပ်ရေးမှူး အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရသည့် ဝန်ထမ်း(၁) ဦးအား ရာထူးအဆင့်တံဆိပ်တပ်ဆင်ပေးခဲ့ ပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၉/၂၀၂၅) ကို (၁၂:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ်ကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

     ၂.၉.၂၀၂၅ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ပေါင်မြို့နယ် (အ.ထ.က) ဆင်ဖြူရပ် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ် သည့်အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ် စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က) ဆင်ဖြူရပ်ကျောင်းမှ ကျောင်းသား/‌ကျောင်းသူများက အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ် စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ အပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က)ဆင်ဖြူရပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) ဆင်ဖြူရပ် ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

   ၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၌ ဈေးကွက်အတွင်း “အသင့်သောက်အချိုရည် အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချနေကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ၄..၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ရှိ ဆန်ဆိုင်များဈေးကွက်အတွင်း ဆန်များရောနှောရောင်းချခြင်းများ ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့ရှိ ဆန်ဆိုင်များသည် ဈေးကွက်အတွင်း ဆန်များ ရောနှောရောင်းချခြင်း မရှိပါကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချ နေ‌ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် မြန်မာဆန်စပါး အွန်လိုင်း (MyRo) အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

          ၂.၉.၂၀၂၅ ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာဆန်စပါး အွန်လိုင်း (MyRo) အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက မြန်မာဆန်စပါးအွန်လိုင်း(MyRo)ကို အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model) ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ တည်ထောင်လွှင့် တင်ထားသည့်အကြောင်းနှင့် ရည်မှန်းချက်အကြောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လိုအပ် သည့် အချက်အလက်များအကြောင်းအား အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)

“ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ဈေးအတွင်းဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် ဗိုလ်ချုပ်လမ်း၊ မကျီးကန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မိမိတို့၏ဆိုင်တွင် စားသုံးသူပြည်သူများအား နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအတက် အကျပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေစံနှုန်းမညီဆေးဝါးများ၊ သက်တမ်းကုန်လွန်နေသော ဆေးဝါးများ၊ စပ်ဆေးများအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိအသား၊ ငါးများရောင်းချနေမှု အခြေအနအေားကွင်းဆင်းစစ်ဆေး ”

          စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အသား၊ ငါးများ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသား၊ ငါးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဒေါ်ချိုချိုဇင်၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည်၊ ဒေါ်ကြည်အေး ရေချိုရေငံ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက်ကြက်သား၊ ဘဲသားအရောင်းဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားအရောင်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အသား၊ ငါး၊ ပုဇွန်များအား စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော တာရှည်ခံဆေးဝါးများ၊ ယင်မနားဆေးဝါးများ သုံးစွဲခွင့်ပိတ်ပင်ထားသော ဆိုးဆေးများ အသုံးပြုခြင်းအား လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၏စိုက်ပျိုးရေးကဏ္ဍပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်မိုးစပါးစိုက်ပျိုးပြီးစီး မှုအခြေအနေအားကြည့်ရှု့စစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကော့မှူးမြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ ဩဂုတ်လ(၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးညွန့်နွယ်မှ ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာ၊ ရွှေကျောင်းဘုန်းကြီးကျောင်း၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထမ္မနိုင်၊ ကျွဲလူးအိုင်၊  ကိုးတောင်၊ ကန်သုံးကန်၊ ခရုံချောင်း၊ ဝါးဘလောက်သောက်၊ ညောင်ပင်သာ၊ ကျုံဒရယ်၊ ပျားလမွှတ်၊ ဘို့ဒင်၊ စရိက္ခနိကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ(၁၀၀)ဦးခန့်အား တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပြုပြင်ရေး၊ မျိုးကောင်းမျိုး သန့်ပြောင်းလဲသုံးစွဲရေး၊ ရေကြီးကွင်းများမှ ရေနုတ်နိုင်ရေး၊ မြေချဉ်မြေငံဓာတ်တိုင်းတာရေး၊ ရွှေခရုနှင့်ပိုးမွှားနှိမ်နင်းရေး၊ စိုက်ဧကများတွင် Seeder ဖြင့်သာ စနစ်တကျစိုက်ပျိုးရေးတို့အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း ဆက်လက်၍ မျက်ဆံနီကျေးရွာသို့ ထွက်ခွာခဲ့ပြီး ကျေးရွာရှိ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်အိုးဖို (မင်းပိုင်)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲကျင်းပ ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဩဂုတ်(၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် တွံတေးမြို့နယ် အိုးဖိုမင်းပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အိုးဖိုမင်းပိုင်းရပ်ကွက် အခြေခံပညာမူတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဖြိုးမင်းက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန်နှင့် အစားအစာများ ဝယ်ယူစားသောက်ရာတွင် မှန်ကန်စွာရွေးချယ်ဝယ်ယူစားသောက်တတ်စေရန် ရည်ရွယ်ပြီး ယခုလိုဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် သိရှိထားရမည့် အချက်များဖြစ်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များထဲမှ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို ကြည့်ရှု့စစ်ဆေးပြီးမှ ဝယ်ယူစားသောက်သုံးစွဲကြရန်နှင့် တရားမဝင်ဆိုးဆေး အများအပြားသုံးစွဲထား သောစားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်များအား ဝယ်ယူစားသောက်သုံးစွဲခြင်းများ မပြုုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် ( ၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ရောင်းချလျက်ရှိသော ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ငရုတ်သီးမှုန့်၊ အ‌ရောင်တင်မှုန့်၊ ပဲပြား (S/ K)၊ မုန့်ဟင်း ခါးဖတ်၊ ချင်းပေါက်၊ ငပိ၊ ဆားပုဇွန်၊ လက်ဖက်၊ ကွမ်းသီးစိပ်၊ ခေါက်ဆွဲခြောက်၊ ပုဇွန်ချဉ်၊ မျှစ်အနီ၊ ကြက်အူချောင်း တို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van     ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ပဲပြား (S) ၌ ခွင့်မပြုတာရှည်ခံ ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ပဲပြား (S) ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင် အား ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံရှေ့တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် သုံးစွဲရန် ခွင့်မပြုတာရှည်ခံဆေးသုံးစွဲထားသော ပဲပြား(S)အား ဖျက်ဆီး၍ မြို့ရှောင်လမ်းရှိ အမှိုက်စွန့် ပစ်နယ်မြေသို့ သွားရောက်ပြီး မြေမြှုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ