Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့ ဇီးဖြူကျွန်းကျေးရွာတောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်

     (၃.၉.၂၀၂၂၀) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ငှက်ပျောကြော် လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ငှက်ပျော်ကြော်လုပ်ငန်းရှင်များအား စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဈေးကွက်ရောက်ကုန်စည်များအပေါ် စစ်ဆေးရေးအရာရှိ၏ လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များ၊အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင် (၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့ သွားရောက်၍ ပန်းတနော် အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ(၂၀)ဦးအား (၄-၉-၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။

       အဆိုပါဟောပြောပွဲတွင် မအူပင် ခရိုင်ဦးစီးမှူးဦးဇောမင်းက ပြည်သူများအား စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့် အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆေင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုကြောင်းရှင်းလင်းပြီး၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှု ပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှား ခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်း ထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာလည်း ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်း၊ ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်း ကိုဖြစ်စေ တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အသား/ငါး အရောင်းဆိုင်များနှင့် အခြေခံစားကုန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

        ကယားပြည်နယ်၊လွိုင်ကော်မြို့သီရိမင်္ဂလာဈေးအတွင်းသို့အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အသား/ငါး ရောင်းချသည့် အရောင်းဆိုင်များနှင့်အခြေခံစားသောက်ကုန်အရောင်းဆိုင်များသို့ကုန်ဈေးနှုန်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် သန့်ရှင်းသောရောင်းချမှုစနစ်ဖြစ်စေရန် ယင်လုံဇကာများဖြင့် ဖုံးအုပ် ရောင်းချစေရေး၊ ကျန်းမားရေးနှင့် ညီညွှတ်စေရန် လတ်ဆက်သောအသား/ငါးများကိုသာ ရောင်းချစေရေး၊ အသား/ငါးများဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများ ရောင်းချရာတွင် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

“မြစ်သားမြို့၊ မြို့မဈေးရှိ ရွှေပြည့်စုံ ကုန်စုံဆိုင်အားစျေးကွက်စောင့်ကြည့်စစ်ဆေး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၄)ရက်နေ့တွင် ကူမဲမြို့ရှိ ရွှေပြည့်စုံ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်၊ ကူမဲမြို့မဈေးရှိ စိတ္တသုခကုန်စုံဆိုင်အားစျေးကွက်စောင့်ကြည့်စစ်ဆေး”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၄)ရက်နေ့တွင်ကူမဲမြို့ရှိ စိတ္တသုခ ကုန်စုံဆိုင်အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပင်လုံဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦး စီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ(၃)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ(၁)ဦး၊ တို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပင်လုံဈေးရှိ ဒေါ်အေးအေးသွယ် လက်လီကိုယ်စား ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဒေါ်အေးအေးသွယ်လက်လီ အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ ရရှိသော ခွဲတမ်းအား စာအုပ်စနစ်ဖြင့် ဖြန့်ဝေလျက်ရှိပါကြောင်း၊ ရောင်းချချိန်ကိုလည်း နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ရပ်ကွက်အလိုက် ရောင်းချ ပေးပါကြောင်း၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ် ပေးပါကြောင်း၊ ရောင်းချမှုလက်ခံပြေစာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါ်အေးမြင့်ကြည်၏ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ(၃)ဉီး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ဉီးမျိုးကျော်ဆန်းနှင့်ဈေးတာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် (၄.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းဈေး ရှိ ဒေါ်အေးမြင့်ကြည်၏စားအုန်းဆီလက်လီအရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(င)၊ အမှတ်(၂၄/၂၅)ရှိ ဒေါ်အေးမြင့်ကြည်မှ ရရှိသည့်စားအုန်းဆီ ခွဲတမ်းအား စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လကို (၂)ပိဿာနှုန်းဖြင့် ခွဲဝေပေးထားပါကြောင်း ရပ်ကွက်အပိုင်းအလိုက်ကိုလည်း စနစ်တကျ ရောင်းချပေးပါကြောင်း ဈေးနှုန်းလည်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၄.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးပါ(၃)ဉီးတို့သည် အင်းစိန်ဈေးအတွင်းရှိ အမှတ်(၁၆၄/၁၆၅)၊ မြေညီထပ်ရှိ ဉီးထွန်းလှစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော လက်လီအရောင်းဆိုင်ပိုင်ရှင် ဉီးထွန်းလှအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီးရရှိသော စားအုန်းဆီခွဲတမ်းများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျစာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာ စားသုံးသူများထံသို့ စနစ်တကျဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးပါ (၃)ဉီး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ဉီးမျိုးကျော်ဆန်းတို့ပါဝင်လျက် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးရှိ ဒေါ်စန်းစန်းနွယ် လက်လီအရောင်းဆိုင်သို့ (၄.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၀၇)၊ မြေညီထပ် ဒေါ်စန်းစန်းနွယ်သို့ ရောက်ရှိခဲ့ရာ မိမိရရှိ သောခွဲတမ်းမှာ Than Thar Co., Ltd မှ ရရှိပြီး စားသုံးသူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက် အလိုက်စာအုပ်စနစ်ဖြင့် နံနက်(၉)နာရီမှ (၄)နာရီထိ ရောင်းချပေးပါကြောင်း၊ အများပြည်သူများ မြင်သာအောင် ဈေးနှုန်းဆိုင်းဘုတ် Vinyl  များကိုလည်း ချိတ်ဆွဲထားပါကြောင်း စစ်ဆေးတွေ့ ရှိရပြီး မိမိတို့ဌာနမှလည်းလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Online  မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည် နှင့်ဝန်ထမ်းများသည် (၄.၉.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၃၀)နာရီအချိန်တွင် လူသုံးကုန်ပစ္စည်း များအားအမှတ်(၃၄)၊ အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု  ရှိ/မရှိကို စစ်ဆေးခဲ့ ကြောင်းသိရှိရပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ