Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ရှိ စားသုံးသူပြည်သူများအားရောင်းချမည့် စားအုန်းဆီများရောက်ရှိလာမှုအား စစ်ဆေးခြင်း

     ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ ၁၂း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀)ပေပါကို ယာဥ်မောင်း ဦးခင်အေးဇော်၊ ယာဥ်အမှတ် 8I-6758 (Nissan) မော်တော် ယာဥ်ဖြင့်လည်းကောင်း၊  Global Good Pure Co,Ltd မှ စားအုန်းဆီ (၇၈) ပေပါအား  ယာဥ်မောင်း ဦးသိန်းအေး၊ ယာဉ်အမှတ် 9C-9502(Nissan Diesel) မော်တော်ယာဉ်ဖြင့်လည်းကောင်း တင်ဆောင် ၍ အသီးသီးရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးပြီး ရောက်ရှိ လာသော စားအုန်းဆီစုစုပေါင်း (၁၃၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှ တစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။        

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကုန်စည်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ မြိတ်မြို့ပေါ်ရှိ ကုန်စည်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား အွန်လိုင်းရောင်းချမှုဆိုင်ရာများနှင့်စပ်လျဥ်း၍အသိပညာပေးရှင်းလင်းဆွေး ပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ နှုတ်ခွန်းဆက်သခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းရှင်းလင်း ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလုပ်ကိုင်သည့် ကုန်စည်များ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှုများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov. mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Online Sale မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိကို (၄.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ် Coordinates Co.Ltd သို့သွားရောက်၍ Online Sale မှတ်ပုံတင်လျောက်ထားခြင်းမှ မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရှိ စားသောက်ဆိုင်(၃)ဆိုင်သို့(၃.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့်အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသောက်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်တွင် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူများ စားသုံးရန်(သို့)အသုံးပြုရန် သင့်/မသင့်စစ်ဆေးခဲ့ပြီး၊ အဆိုပါ စစ်ဆေးရာတွင် စားသောက်ဆိုင်အနေဖြင့် သတင်းအချက်အလက်ဝန်ဆောင်မှုူနှင့်ပတ်သက်သော အချက်အလက်များ ပွင့်လင်းမြင်သာမှုရှိ/ မရှိ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ /မရှိ၊ အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/မရှိအဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။  ထို့နောက်ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှုအပြင်အဆင် ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈)၌ပါရှိသည့်ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သရက်မြို့၌ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးလျှင်တိုင်ကြားနိုင်သည့် အကြောင်း အသိပညာပေးဆွေးနွေးပွဲ  (Talk Show)  ဆောင်ရွက်ခြင်း

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)သည် သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၂..၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး (Community Center) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း စားသုံးသူ များနစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့်အကြောင်း  အသိပညာပေး ( Talk Show ) ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေး ( Talk Show )တွင် သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ဇာခြည်လွင်မှ စားသုံးသူများအတွက် ဆွေးနွေးမည့်ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို မေးမြန်းခဲ့ရာ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့် စားသုံးသူရေးရာဦးစီးဌာန၏ Website တစ်ခုဖြစ်သော WWW.doca.gov.mm သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center ဖြစ်သည့် Hotline no.1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း၊ ထို့အပြင် စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့် အကြောင်းအရာများ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း အသိ ပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူး တောင်ငူမြို့ရှိ စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲးခူးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် မေ လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ငူခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင် ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဆီကုန်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              ထိုတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချ ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ် အသား များ ပြည်စုံစွာဖော်ပြရန် လိုအပ်ပုံများ၊ ရည်ညွှန်းဈေးဖြင့် ဝယ်ယူခွင့်ရရှိသည့် စားသုံးဆီများအား ညွှန်ကြားချက်နှင့်အညီ အလေးချိန်မှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် စားသုံးသူ ပြည်သူများ လက်ဝယ် အရောက် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပုံများ၊ စားသုံးဆီအပါအဝင် စားသုံးကုန် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင် ခြင်းမပြုရန် လိုအပ်ပုံများ ကို ရှင်းလင်းဆွေးနွေးပါသည်။

              ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးသည် တက်ရောက်လာသည့် ဆီကုန်သည်များ၏ ဆွေးနွေး ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးဆီ လက်လီလက်ကား ရောင်းချသူ (၅၀) ဦးခန့်တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မျှတမှုမရှိသော စာချုပ်စည်းမျဉ်းများနှင့်စပ်လျဉ်း၍ စားသုံးသူများသိရှိနားလည်နိုင်စေရန် GIZ အဖွဲ့အစည်း၏အကူအညီဖြင့် ဆောင်ရွက်ထားသည့် ဗီဒီယိုဖိုင်

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇၃၅၄ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ 5 ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် 7,354 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

မိတ္ထီလာခရိုင် သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌  မိတ္ထီလာခရိုင်တွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား တရားဝင်လိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍  သောက်ရေသန့်လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၃ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူ ရေးရာဦီးစီးဌာန ခရိုင်ဦီးစီးမှူး၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာန ခရိုင်တာဝန်ခံ၊ ဦီးစီးအရာရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်သောက်ရေသန့်လုပ်ငန်းရှင်(၃၀)ဦီး တက် ရောက်ခဲ့ပါသည်။

          ရှေးဦီးစွာ စားသုံးသူရေးရာဦီးစီးဌာန၊ မိတ္ထီလာခရိုင်ဦီးစီးမှူး ဦီးဇော်မင်း က သောက်ရေသန့် လုပ်ငန်းရှင်များအား တရားဝင်လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် အစား အသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာနမှ ခွင့်ပြုထားသောလိုင်စင်များ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ခွင့်ပြုထားသောလိုင်စင်များ သက်တမ်းကုန်ဆုံးနေပါက သက်ဆိုင်ရာဌာနများတွင် အမြန်ဆုံးသက်တမ်းတိုးဆောင်ရွက်ကြရန် ၊တရားဝင်လိုင်စင်ခွင့်ပြုချက်လျှောက်ထားဆဲလုပ်ငန်း များမှ ခွင့်ပြုချက်မရမီ ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုရန်နှင့် တရားဝင်လိုင်စင်ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းမပြု ရန်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထိုနောက် အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦီးစီးဌာန၊ ခရိုင်တာဝန်ခံ ဦီးယဉ်မောင်ဦီး က  သောက်ရေသန့်သည် လူတို့၏ကျန်းမာရေးတွင် အရေးပါသော အစားအသောက် တစ်ခုဖြစ် ကြောင်း၊ ရေနှင့်ဆီကိုထိန်းချုပ်အစားအသောက်အဖြစ်ထုတ်ပြန်ထားကြောင်း၊ တရားဝင်လိုင်စင် မရှိဘဲ ထုတ်လုပ်ရောင်းချခြင်း၊ သက်တမ်းကုန်ဆုံးနေပြီးထုတ်လုပ်ရောင်းချခြင်းများ စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားခြင်း ၊သက်တမ်းတိုးခြင်း လုပ်ငန်းများအခက်အခဲရှိပါကကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်းရှင်းလင်း ပြောကြားခဲ့ ပါသည်။

           ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦီးစီးအရာရှိ ဒေါ်ခိုင်ခိုင်ညွှန့်က စည်ပင်လုပ်ငန်း လိုင်စင်သက်တမ်းမှာ(၁)နှစ်ဖြစ်၍ နှစ်စဉ်မှန်မှန်သက်တမ်းတိုးဆောင်ရွက်ကြရန်လို ကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍တက်ရောက်လာသော သောက်ရေသန့်လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့ရာ  တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

မြင်းခြံတက္ကသိုလ်တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်နေသည့် ဆရာ/ဆရာမများအားအသိပညာပေးဟောပြောဆွေးနွေး

             မြင်းခြံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းအား တက်ရောက်နေသော သင်တန်းသား/သင်တန်းသူ ဆရာ/ ဆရာမများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို  မြင်းခြံ တက္ကသိုလ်ရှိ Theatre ခန်းမ၌ ၂၈.၅.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာ‌ပေးဆွေးနွေးရာတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ နစ်နာ ဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း များပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို ကုန်စည်နမူနာများ ပြသ၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/ သင်တန်းသူများမှ သိရှိလိုသည့်အချက်များအားမေးမြန်းဆွေးနွေးရာ ဒု-ခရိုင်ဦးစီးမှူးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းနှင့် ကုန်အညွှန်းအမှတ်ဖော်ပြချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာမှဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ