Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်မဲမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 3F-9753) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၉)ပေပါရောက်ရှိလာမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် ဆီကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး ၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောက်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီဆိုင်များရောင်းချနေမှုစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှတာဝန်ရှိသူများနှင့် ပူးပေါင်း၍  မြောက်ဒဂုံမြို့နယ်အတွင်းရှိ လက်လီရောင်းချ​ပေး​နေသော စားအုန်းဆီဆိုင်များသို့ ၁၁.၁၁.၂၀၂၄ ရက်နေ့နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်    ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချ​နေမှုရှိ/ မရှိစစ်​ဆေးခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ-ထ-က(၂)ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အ-ထ-က(၂) ကျောင်း၌ Grade 10,11,12 ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကြူးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၅)ဦး၊ ကျောင်းသား/ သူ(၂၁၅)ဦး၊ စုစုပေါင်း(၂၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဈေးအတွင်းရှိ စားအုန်းဆီလက်လီဆိုင်များရောင်းချနေမှုစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊  သုဝဏ္ဏဈေးရှိ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပူးပေါင်း၍  ဦးဝင်းနိုင်၊ ဦးဌေးညွန့်၊ ဦးဌေးလွင်စသည့် စားအုန်းဆီအရောင်းဆိုင်များအား ၁၂.၁၁.၂၀၂၄ ရက်နေ့နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်   လက်လီရောင်းချ​ပေး​နေသော စားအုန်းဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချ​နေမှုရှိ/ မရှိစစ်​ဆေးခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်   ဝန်ထမ်းများသည်     (၁၂-၁၁-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့     ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများနှင့် တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ်8G-2020) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၂)ပေပါရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ကြပါသည်။

         ထိုသို့စစ်ဆေးရာတွင် ဆီကိုယ်စားလှယ်များမှာ ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့  ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

Capital အတွင်း အလှကုန်အမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၏  ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ Capital (ဧရာဝဏ်)အတွင်းရှိ လှကုန်ပစ္စည်းအမျိုးမျိုးအား ၁၁.၁၁.၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သာကေတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် Capital (ဧရာဝဏ်)အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား ပြည်သူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အလှကုန်ပစ္စည်းအမျိုးမျိုးအပါအဝင် အခြားဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အ.မ.က မူလွန်(မြို့မ)ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည် နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၇:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်) မြို့မကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် စားသုံးသူရေးရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှုမှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကို ရောင်းချသည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာနသို့ တိုင်ကြားရာတွင်လည်းရောင်းချသည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက်ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်    ဝန်ထမ်းများသည်       (၁၁-၁၁-၂၀၂၄)ရက်နေ့၊     နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ     ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8D-4208) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့  ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဝါးခယ်မမြို့နယ်တာဝန်ခံက မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ