Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် ( ၅.၉.၂၂၀၂၅)ရက်နေ့၊ နံနက်(၇:၀၀)အချိန်တွင် အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ် 8G-2946)မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(25)ပေပါ အိမ်မဲမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

    ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌးနှင့် ဝန်ထမ်းများသည် ( ၇.၉.၂၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ် 8l-8617)မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၇)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

 ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံမှရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့် လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဝါးခယ်မမြို့နယ်သို့ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၇.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၅၅)အချိန်တွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ်1L-3908 )မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၈)ပေပါ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

            ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/ လက်လက္ကား ဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်း ရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ( ၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်၊  ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ်1J-8399 )မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၈)ပေပါ ဝါးခယ်မမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

     ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/ လက်လက္ကား ဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်း ရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ ဆန်တန်းရပ်ကွက်ရှိ ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၇.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)အချိန်တွင် ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ ခွဲတမ်းရ စားအုန်းဆီ လက်လီ၊ လက္ကား အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ် များ ဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ဇလွန်မြို့နယ်အတွင်းရှိ  လက်လီ ကုန်စုံဆိုင် များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက် ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့် အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများ ထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း ဆန်တန်းရပ်ကွက်ရှိ အရောင်းဆိုင်(၃)ဆိုင်မှ စိစစ်တွေ့ရှိရကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတခရိုင်ဆီကုန်သည်နှင်ဆီလုပ်ငန်းရှင်အသင်းမှဆီဖြန့်ဖြူးရောင်းချပေးနေသည့်ပုံစံများ စည်းကမ်းသတ်မှတ်ချက်များအား သိရှိနိုင်ရေး အသိပညာပေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့  နံနက်(၀၉:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် လယ်တော်ရပ်ကွက်ရှိ ခရိုင်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်အသင်းရုံးခန်း၌ ယုန်သလင်းတိုက်နယ်နှင့် ဓမ္ဘီတိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေး မှူး (၂၀)ဦးနှင့် ထိုကျေးရွာများရှိဆီထုတ်လာသည့် လက်လီကုန်မျိုးစုံဆိုင်ရှင်(၂၀)ဦးတို့အား ဟင်္သာတ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဆီဖြန့်ဖြူးရောင်းချပေးနေသည့် ပုံစံများ စည်းကမ်း သတ်မှတ်ချက်များအား သိရှိနိုင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က  ၂၀၁၅ ခုနှစ် စားသုံးသူကာကွယ် ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။ တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အား ပထမဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့်ပတ်သက် ၍ လည်း ဒေသအရောက်ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် ၂% အမြတ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည် ဖြစ် ကြောင်း၊ အသင်းမှ ထုတ်ပြန်ထားသည့် ဆီဖြန့်ဖြူးမှု ပုံစံများ၊ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာ ဆောင်ရွက်ရန် စသည် တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကွင်းကောက်မြို့ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၃.၉.၂၀၂၅)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အုပ်ချုပ်ရေးမှူးအိမ်၌ ပြည်သူ ၄၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စားသုံး သူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန် များ အကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသား များအကြောင်း၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ် လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့ သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့် နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် ရွှေတောင်စုရပ်ကွက်ရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်ရှိ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်(၃)ဆိုင်မှ အိမ်ထောင်စုများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချ နေမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက အိမ်ထောင်စုများအား ဆီဝယ် ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ် ဖြင့် ရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူ အခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချ ပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အင်္ဂပူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချ ခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင် အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်ရှိ ခွဲတမ်းရ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၄.၉.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍   စားအုန်းဆီ လက်လီ၊ လက္ကား အရောင်းဆိုင်များအား  ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ် များ ဖြင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ် စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား ကြံခင်းမြို့နယ်အတွင်းရှိ  လက်လီ ကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက် ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့် အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများ ထားရှိခြင်း၊ သတ် မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ် လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ