Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် စက်တင် ဘာလ ၄ ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် တာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ပထမ ဦးစွာရှင်းလင်းဆွေးနွေးခဲ့ပြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင်များအနေ ဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ် လုပ်ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့် ပတ်သက်၍လည်း ဒေသ အရောက်ဈေးနှုန်းများ အပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် ၂% အမြတ် ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ယင်းမလွတ်ကျေးရွာရှိ ပြည်သူများအားစားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၄.၉.၂၀၂၅)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ ယင်းမလွတ်ကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူ ၂၇၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ် အသားများ အကြောင်း၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ် လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့ သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင် ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ ပါသည်။ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင် ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင် ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း၊ Consumer Call Center 1535 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

(DOCA ဧရာဝတီ)

 

ဟင်္သာတမြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း နှင့်ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများဆွေးနွေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (..၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချသည့် လက္ကား/လက်လီဆိုင်များသို့ ကွင်းဆင်း၍ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချ နေမှုအား ကွင်းဆင်းစိစစ်ခြင်းနှင့် နေ့လယ်(၁၄:၃၀)တွင် ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီစာအုပ်များအားစိစစ်ခြင်းနှင့် ဆက်လက်ရောင်းချမည့်အစီအစဥ်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ခွဲတမ်းရစားသုံးဆီများ ရောင်းချရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင် အတွယ် မှန်ကန်စွာရောင်းချပေးရေး၊ ကုန်ကြီးကျေးရွာ၌ ဆီစာအုပ်ဖြင့် ရောင်းချထားမှုအခြေအနေ များအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။

(DOCA ဧရာဝတီ)

မဲဇလီကုန်းမြို့ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၃.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ “သီရိရတနာ”ဆန်စက်လုပ်ငန်းရှင် ဦးမြင့်ကြိုင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ် ရည် ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို ဦးစားပေးရောင်းချပေးစေလိုကြောင်း၊  စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကိုဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထား မှု ရှိ/မရှိ၊  လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့် အပေါ် ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကျိုက်လတ်မြို့ “သူရိန်လင်း” ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊  စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေ ကျေးရွာရှိ “သူရိန်လင်း”ဆန်စက်ရှိ လုပ်သားပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောခဲ့ပါသည်။

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူ ကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချ ရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြု ဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထား သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

 

 

 

 

 

ကျိုက်လတ်မြို့နယ်ရှိ “သူရိန်လင်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည်၂၀၂၅ခုနှစ်၊  စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေကျေးရွာရှိ “သူရိန်လင်း”ဆန်စက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် သွားရောက်၍ MSMEsလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်ခြင်း၊ အလုပ်သမား မိသားစုများ စားဝတ်နေရေး ပြေလည်နိုင်စေခြင်း၊ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နတ်ချောင်းကျေးရွာ (အ.မ.က) ကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ (၁၆၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ကိုဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ ‌ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ကလေးများအား စာဖတ်နည်း (၃) နည်းအကြောင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးရန် မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ဥပဒေပါဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဈေးကွက်အတွင်း မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသောက် ကြရန်နှင့် စားသုံးသူ၏ အခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ် ကျော်စွာသိန်းဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

     စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂.၉.၂၀၂၅) နံနက် (၁၀:၃၀) နာရီအချိန်တွင်  သစ်တိုချောင်းကျေးရွာရှိ ဦးမြင့်သိန်းပိုင် ကျော်စွာသိန်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိစေရေး ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ များ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထား ရှိမှု အခြေအနေ၊  နည်းစနစ်သစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထား ရှိမှုအခြေအနေ တို့ကို ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်၌ အိုင်အိုဒင်း ချို့တဲ့မှု ရောဂါ ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်

      ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား/သူများ၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသော ရောဂါများ ပပျောက်ရေး လှုပ်ရှားမှုကို (၅.၉.၂၀၂၅) နံနက် (၉:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်း ရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊  ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ရှိ ဆားစက်များ၊ ဈေးများ၊ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော အိမ်သုံးဆားများတွင် အိုင်အိုဒင်းအရည်အသွေးပြည့်မီမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ်လေလွင့်ဆုံးရှုံးမှုမရှိစေရေး လုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေးဟောပြောခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနရုံးတွင် စာဖတ်သူ ပြည်သူ(၁၁) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် ပက်သက်၍ တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 မှတဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ