Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူခရိုင်၏ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှု

                    စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                           ၂၀၂၆ခုနှစ်၊ မတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပူးပါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showအား လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌  ဖွင့်လှစ်သော နွေရာသီ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းတွင် ကျောင်းသား/ကျောင်းသူများအားလည်း ကောင်းအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ရာ စားသုံးသူများအနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်များကိုရွေး ချယ် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို သေချာစိစစ်ကြရန် လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page DOCA Myanmar Mobile Application ဌာန၏ Website တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့် (CICC)များကို လူကိုယ် တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍တိုင်ကြားနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ Onlineမှတဆင့် ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာ ပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၏ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ သီရိရတနာဆန်စက် လုပ်ငန်းရှင် နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည် တို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ခေတ်ကြိုက်သောက်ရေသန့်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ် ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထား မှုဆိုင်ရာတို့ကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

၂၀၂၆ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  

                     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

                ၂၀၂၆ခုနှစ် မတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့်ကန့်ဘလူမြို့၊မြို့မဈေးရှိဒေါ်ပါကြည်ကုန်စုံဆိုင်နှင့်ကန့်ဘလူမြို့၊အမှတ်()ရပ်ကွက်ရှိ ကိုနွေဦး+မဖြူကုန်စုံဆိုင်များအားလည်းကောင်း၊ ကျွန်းလှမြို့ နယ်အနေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ခေတ်ကြိုက် သောက်ရေသန့်စက်ရုံအားလည်း ကောင်းစုစုပေါင်းဈေးကွက်စောင့်ကြည့် ()ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန် စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၃/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

              ရွှေဘိုခရိုင်အနေဖြင့်(၃/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ တို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ မွတ္တားဆေးနှင့်ဆေးစ္စည်းအရောင်းဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကောင်းသစ်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ကမ္ဘာကျော်သောက်ရေသန့်လုပ်ငန်း၊ ကောင်းပြည့်လျှံ ကုန်မျိးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဖီညွန့် ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၃)ရပ်ကွက်ရှိ Bright Baby Store ဆိုင်အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်ကမ္ဘာ ကိတ်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီးဌာန၏ ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကိုအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Consumer Call Center ၁၅၃၅ သို့ဆက်သွယ်မေးမြန်း လျက်ရှိ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၁၀.၃.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဈေးကလေးရပ်ရှိ အောင်ကမ္ဘာအမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်မှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃)မန္တလေးမြို့သို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီရောင်းချမှု ကွင်းဆင်းစစ်ဆေးခြင်း

             ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုတိယ ဦးစီးမှူး ဦးထန်ဘူးလေနှင့် ဝန်ထမ်းများသည် (၃၀.၃.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီ အချိန်တွင်  အောင်ပန်းမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေး ဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဦးထန်ဘူးလေ မှ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စက်သုံးဆီ၊ ချောဆီများသယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ် ယူသည့် ကုမ္ပဏီစာရင်းများကောက်ယူနေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများကို သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ် ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရှမ်း)

 

“လားရှိုးမြို့ရှိ ကိတ်မုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး”

                ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိတ်မုန့်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသောမုန့်များ ထုတ်လုပ်နိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို (၃၀.၃.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:00) နာရီတွင် လားရှိုးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

              အဆိုပါဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးမှ ကုန်ညွှန်းအမှတ်အသားများဖြစ်သော ကိတ်မုန့်နှင့် မုန့်ထုပ်များပေါ်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် ထားသိုသိမ်းဆည်းပုံလမ်းညွှန်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရန်နှင့် မုန့်ဖုတ်ရာ တွင် ခွင့်မပြုထားသည့် ဆိုးဆေးများနှင့် ကျန်းမာရေး ထိခိုက်စေနိုင်သော တာရှည်ခံပစ္စည်းများ အသုံးပြုခြင်းမှရှောင်ကြဉ်ရန် ပြောကြားခဲ့ပြီးနောက်၊ လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူ ကို နစ်နာဆုံးရှုံးမှု ဖြစ်စေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင်သည့် အချက် များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ်များ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

             အဆိုပါ ဆွေးနွေးပွဲသို့ လားရှိုးမြို့ပေါ်ရှိ ကိတ်မုန့်တိုက်ပိုင်ရှင်များနှင့် မုန့်ဖုတ်လုပ်ငန်းရှင် (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။ စားသုံးသူများအနေဖြင့်လည်း မုန့်များဝယ်ယူရာတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ၊ မရှိကို သတိပြုဝယ်ယူကြရန် တိုက်တွန်းနှိုးဆော်ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရှိပါသည်။

DOCA(ရှမ်း)

 

 

ဒေသထွက် စားသောက်ကုန်များရောင်းချသည့် လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေး ရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊မတ်လ ၂၆ ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ကလောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ရွှေလာဘ်ပွင့် စားသောက်ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းကို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းရာတွင် ဒုတိယဦးစီးမှူး ဦးထန်ဘူးလေက Online စနစ်ဖြင့်ရောင်းချ နေသော ရွှေလာဘ်ပွင့် စားသောက်ကုန်ပစ္စည်းများအရောင်းဆိုင်သို့ မှတ်ပုံတင် လက်မှတ်လျှောက် ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှု ရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မမေဇင်ဝင်းနှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့်အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ညောင်ဦးမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီဆိုင်များအားကွင်းဆင်း

                ညောင်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အများပြည်သူနှင့် စက်သုံးဆီရောင်းချနေသောအရောင်းဆိုင်လုပ်ငန်းရှင်များ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာမှုရှိစေရေးအတွက် ကွင်းဆင်းကြီးကြပ်မှုအား ၂၇.၃.၂၀၂၆ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ အချိန်တွင် မြို့နယ်စက်သုံးဆီကြီးကြပ်ရေးကော်မတီအဖွဲ့မှဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

               လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူ ပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီးအဟန့်အတားပိတ်ဆို့မှုများဖြစ်ပေါ် လျက်ရှိသဖြင့်  စက်သုံးဆီများခြိုးခြံချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မော်တော်ယာဉ် များ၊ ဆိုင်ကယ်များအား လစဉ် စုံရက်၊ မရက်များခွဲ၍ ယာဉ်၏  စုံနံပါတ်၊ မ နံပါတ်အလိုက် အသုံးပြု စေရန် ထုတ်ပြန်ညွှန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာမှုရှိစေရေး၊ စက်သုံးဆီအရောင်း ဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်၊ဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ညွှန်ကြားချက်များအား သိရှိလိုက်နာစေရေး ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ ခရိုင်ရုံးတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

               မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၄.၃.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)နှင့်မြို့နယ်အတွင်းရှိ ကုန်စည်ထုတ်လုပ် သော စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်တာဝန်ခံမှ Online Sale ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက် သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဥပဒေများနှင့်အညီ ထုတ်လုပ်ကြရန်၊ မိမိတို့ထုတ်လုပ်ရောင်းဝယ်သော ကုန်စည်များတွင်သာ လုပ်ငန်းရှင်ဖြစ်ပြီး မိမိတို့သည်ပင် အခြားကုန်စည်များကို ဝယ်ယူသုံးစွဲစားသောက်နေရသည့်အတွက် စားသုံးသူများလည်းဖြစ်၍ ကုန်စည်များကိုရွေးချယ်ဝယ်ယူသုံးစွဲ နိုင်စေရေးအကြောင်းအရာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ ဟောပြောဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဖြည့်စွက်မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် လုပ်ငန်းရှင်စုစုပေါင်း(၅၉)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ