Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ် ၊ မတ်လအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

                စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက်လမ်း၊ ရွှေခိုင်၊ ရွှေကလေး အမှတ်တံဆိပ်လုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာ ဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

စားအုန်းဆီလက်လီရောင်းချနေမှုအား  သထုံမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေး

          ၂၉..၂၀၂ ရက် တနင်္ဂနွေနေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဒေါ်မင်းမင်းနိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချစေရေးဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးသတ်မှတ်ထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချစေရေး၊ အဆိုပါ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း သယ်ယူပို့ဆောင်စရိတ် (၂%)၊ စားသုံးသူပြည်သူများထံသို့ အမြတ်(၂%)တို့ဖြင့် ရောင်းချပေးခြင်း၊ မှန်(၆)မှန်ဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ဈေးနှုန်း (၇၂၀၁) ကျပ်ဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေဩဇာဆိုင်အား ကွင်းဆင်းစစ်ဆေး

         ၂၆.၃.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာအမျိုးမျိုးအရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် ဈေးနှုန်းတို့အား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့စစ်ဆေးရာတွင် အာမိုအမှတ်တံဆိပ် ၁၅ ပတ်လည် 50Kg တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ သံကွင်းတီစူပါ 50Kg တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ကော့မတ် G-21 (50Kg) တစ်အိတ်လျှင် (၁၅၂၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချနေပြီး ထိုဈေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့်အမြတ်အစွန်း အနည်းငယ်သာယူ၍ ရောင်းချနေသဖြင့် ဈေးနှုန်း သင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ အဆင်ပြေကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည် မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ် ပါက ငရုတ်ခြောက်ရှည်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မကြီးမှ အဝင်နည်းသောကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။မန်ကျည်းမှည့်နှင့် ခရမ်းချဉ်သီး ဈေးနှုန်း မှာ အနည်းငယ်ကျဆင်းခဲ့ပြီး ယင်းသို့ ဈေးနှုန်းကျဆင်းရခြင်းမှာရာသီပေါ်ထွက်ချိန်ဖြစ်ပြီးအသီး လှိုင်လှိုင်ပေါ်သောကြောင့်ဖြစ်ပါသည်။ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

         ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

       (၂၄.၃.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးသိန်းကိုနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့ပူးပေါင်းပါဝင်လျက် စက်မှုဇုန်(၄)၊ ရွှေပြည်သာမြို့နယ် နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၂/၂၃)၊ မြဝတီမင်းကြီးလမ်း၊ စက်မှုဇုန်(၄)၊ ရွှေပြည်သာမြို့နယ်ရှိ နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ရောက်ရှိခဲ့ရာ နဂါးပျံလက်ဖက်ခြောက်၊ နှပ်ကော်ဖီ၊ လက်ဖက်ရည်တို့ကို (၃)မျိုးထုတ်လုပ်ပြီး တာဝန်ခံမှ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ သုံးစွဲသူများ ဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုစိုက်ပါကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပါကြောင်း၊ မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော သက်တမ်းလွန်နေသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

          (၂၃.၃.၂၀၂၆) ရက်နေ့ နေ့လယ် (၁၂:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အမှတ်(၂၂/၂၃)၊ မြဝတီမင်းကြီးလမ်း၊ ဇုန်(၄)ရွှေပြည်သာမြို့နယ်ရှိ နဂါးပျံလက်ဖက်ခြောက်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

        မန်နေဂျာဦးမြင့်ကျော်က နဂါးပျံအမှတ်တံဆိပ်ဖြင့် နဂါးပျံလက်ဖက်ခြောက်၊ နှပ်ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်များ အသီးသီးထုတ်လုပ်လျက်ရှိပြီး နဂါးပျံလက်ဖက်ခြောက်(၁)ရက်လျှင် (၁)တန် ခန့်ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဝန်ထမ်း အင်အားမှာ ကျား(၁၀)ဦး၊ မ(၂၀)ဦးဖြင့် စုစုပေါင်း(၃၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Knorr ကြက်သားမှုန့်စက်ရုံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

       (၂၄.၃.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိပါ (၃)ဦးတို့သည် အမှတ်(၄၀/၄၂)၊ မင်းသိဒ္ဓိကျောစွာလမ်း၊ ဇုန်(၂)၊ ရွှေပြည်သာမြို့နယ်ရှိ Knorr ကြက်သားမှုန့်စက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

        ထိုသို့ဟောပြောဆွေးနွေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းကို၊ အကြီးတန်းစာရေး၊ Knorr ကြက်သားမှုန့်လုပ်ငန်းမှ တာဝန်ခံ ဒေါ်ဇင်နှောင်းအေးပါ ဝန်ထမ်း(၆)ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ(၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချခြင်းမပြု လုပ်ရမည့်အချက်များ၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၃.၃.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၂၂/၂၃)မြဝတီမင်းကြီးလမ်း၊ ဇုန်(၄) နဂါးပျံလက်ဖက်ခြောက်စက်ရုံ၌ ထုတ်လုပ်လျက်ရှိသော လက်ဖက်ခြောက်အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် နဂါးပျံလက်ဖက်ခြောက်စက်ရုံမှ မန်နေဂျာ ဦးမြင့်ကျော်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်ပိုင်စိုး၊ အကြီးတန်းစာရေးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၄)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို(၁၂:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၂/၂၀၂၆)အစည်းအဝေးကျင်းပပြုလုပ်

                      ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (/၂၀၂)အစည်းအဝေးကို ၂၀၂ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

             အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ပြည်နယ်စားသုံးသူရေးရာ ကော်မတီရဲ့ကြီးကြပ်မှုနဲ့အညီ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်မှုများအပြင် မြန်မာစာကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသော အချက်အလက်များစိစစ်စစ်ဆေးမှုဆောင်ရွက်ခြင်း ၊ထုတ်ကုန်လုံခြုံ စိတ် ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကြိုတင်စစ်ဆေးခြင်း၊ စားသုံးသူအငြင်းပွားမှု ဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်သော တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ကြားသတ်မှတ်ပေးပြီးဖြစ်ရာ လိုက်နာ ဆောင်ရွက်သွားကြရန်၊  ခရိုင်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း သတ်မှတ်ချက်များအတိုင်း ကျင်းပဆောင်ရွက်သွားပြီး မိမိခရိုင်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

                    ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက(၂/၂၀၂၆)၏ အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်း ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ Imperson ဖြင့် (၁၇)ဦး၊ Virtual ဖြင့် (၁၆) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၄း၀၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ရှမ်း)

 

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှု ဆောင်ရွက်ချက်များ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂) ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် ကျောက်တံတားမြို့နယ်အတွင်းရှိ ဒေါ်လှသန်း (ဆီဆိုင်) နှင့် ဦးရွှေလင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအားကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၃.၃.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသောဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ