Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “ရွှေကြိုးကြာ” စားသောက်ကုန် လုပ်ငန်းသို ကွင်းဆင်း၍   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စောင့်ကြည့်စစ်ဆေးရာတွင် “ရွှေကြိုးကြာ” စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် “999”အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့သည်။ “999” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲ(၃၀၀)ဂရမ် အထုပ်များပေါ်တွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အသားတင် အလေးချိန်၊ သုံးစွဲမှုအညွှန်း၊ ထားသိုပုံအညွှန်း၊ ဓာတ်မတည့်မှုသတိပေးချက်များးအား မြန်မာဘာသာ ဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။     ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အောင်ဆန်းဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဒေါ်စန်းစန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် အိမ်မဲမြို့နယ် အောင်ဆန်းဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဒေါ်စန်းစန်းဌေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်အောင်ဆန်းဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဒေါ်စန်းစန်းဌေးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောစူပါဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောစူပါဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောစူပါဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)        

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ဆီရောင်းချမှုများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၄.၉၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)အချိန်တွင် လပွတ္တာမြို့နယ်  အမှတ်(၇)ရပ်ကွက်၊ နန္ဒဝန်ဈေးရှိ ဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ဆီရောင်းချမှုများနှင့်ပက်သတ်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင်မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းဖြင့် ဗွီနိုင်းဆိုင်းဘုတ်များကို အများပြည်သူများသိရှိအောင်ချိတ်ဆွဲထားရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချမှုများမပြုလုပ်စေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန်မပြည့်ဝမှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် လပတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင်ခရိုင်၊မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှအမှတ်(၇)ရပ်ကွက်တွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

        ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၄၀၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြေင်းမြခရိုင်၊ဝါးခယ်မမြို့နယ် အနောက်ဒရင်းကျေးရွာရှိ ပြည်သူများအား ဓမ္မာရုံကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် အနောက်ဒရင်းကျေးရွာရှိ ပြည်သူများအား ဓမ္မာရုံကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ထုတ်ပြန်ထားသော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလတ်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူး ရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင် လည်းဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး‌ ဟောပြောခဲ့ပြီး ထိုဟောပြောပွဲသို့ ပြည်သူစုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် ( ၄.၉.၂၂၀၂၅)ရက်နေ့၊ နံနက်(၉:၂၀)အချိန်တွင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယဉ်အမှတ်9l-4723 )မော်ယဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၈)ပေပါ ဝါးခယ်မမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

      ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့်လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/ လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်း ရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် ကျေးရွာများတွင် စားအုန်းဆီရောင်းချမှု အခြေအနေများကို ကြပ်မတ်ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာများ စားအုန်းဆီ ထုတ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချခြင်းလုပ်ငန်းများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပါတ်အတွင်းက ကျေးရွာများမှ ဆီရောင်းချနေမှုများကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ညောင်တုန်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်ကြရာ ရွာသစ်ကျေရွာတွင် စားအုန်းဆီရောင်းချရာတွင် ရောင်းချဆီပိဿာ၊ ရောင်းချသူအမည်၊ ရည်ညွန်းဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်းဖြင့် ရောင်းချမှု ရှိမရှိ၊ ဆီစာအုပ်ဖြင့်ဝယ်ယူသူ စာရင်းများ ကို ပြုစုရေးသွင်းထားရန်၊ ဆီများကို ပြည်သူများအတွက်မရောင်းချပဲ ဈေးကစားရန် သိုလှောင်ထားပြီး စီးပွားဖြစ်ဈေးတင်ရောင်းချခြင်းမပြုရန်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများကို ကြပ်မတ်ဆောင်ရွက်ရန်ကို အသိပညာပေးခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း’ မရှိကြောင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စိစစ်ရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ