အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင် ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများနှင့်အတူ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုအတွင်း ရန်ကုန်-မန္တလေးလမ်းပေါ်တွင် ဖွင့်လှစ်ရောင်းချသည့် OK စက်သုံးဆီအရောင်းဆိုင်၊ သရဖူစက်သုံးဆီအရောင်းဆိုင်နှင့် United Petro စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ အရောင်းဆိုင်များမှ တာဝန်ရှိသူများက ဆီဘောက်ဆာယာဉ်များ ရောက်ရှိမှုအခြေအနေများနှင့် ရောင်းချမှုအခြေအနေများကို ရှင်းလင်းပြသပါသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ၎င်းစက်သုံးဆီဆိုင်များတွင် စက်သုံးဆီဘောက်ဆာယာဉ်များ ရောက်ရှိပြီးဖြစ်ပါသဖြင့် ပုံမှန်အတိုင်း ရောင်းချနေကြောင်း၊ ဈေးနှုန်းမှာလည်း ယခင်နေ့က ထက် ကျပ် ၂၀၀ ခန့်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ ခရိုင်ဦးစီးမှူးက စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)